ငယ်စဉ်ကအချစ်ကို အသက်ကြီးတဲ့အချိန်မှာ အကောင်အထည်ဖော်ခဲ့သူ (သို့) Jason Momoa

Jason Momoa/YouTube

DC Hero တစ်ယောက်ဖြစ်တဲ့ Aquaman နေရာမှာ သရုပ်ဆောင်တဲ့ Jason Momoa ရဲ့ အချစ်ဇာတ်လမ်းကို Jason Momoa ရဲ့ ပရိသတ်တွေ အားလုံးစိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်။ တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ညှို့ဓာတ်ပြင်းတဲ့ Jason Momoa ဟာ Game of Thrones စီးရီးဇာတ်လမ်းတွဲတွေကနေ စတင်နာမည်ကျော်ကြားလာခဲ့တယ်လို့ ပြောလို့ရပေမယ့် တကယ်တော့ သူဟာ GOT မတိုင်မီကတည်းက ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

 Jason Momoa နဲ့ အမေရိကန်မင်းသမီးLisa Bonetတို့ဟာ  ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ တကယ်တော့ ရေဘုရင်ကြီးဟာ သူလက်ထပ်ရမယ့် Lisa Bonet ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ငယ်စဉ်ကတည်းက ကြွေခဲ့သူတစ်ယောက်ပါတဲ့။ Lisa Bonet ကို သူ စမြင်ခဲ့တဲ့ အရွယ်ဟာ အသက်ရှစ်နှစ်သားအရွယ်မှာဖြစ်ပါတယ်။

Larry Busacca/Shutterstock

Lisa Bonet ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံစီးရီးထဲကနေ ရေဘုရင်ကြီးဟာ စတင်မြင်တွေ့ခဲ့ခြင်းဖြစ်ပြီး ချက်ချင်းဆိုသလို သူ့အမေဖြစ်သူကို “အမေ၊ ကျနော် ဒီကောင်မလေးကို လိုချင်တယ်”လို့တောင် ပြောခဲ့ပါသေးသတဲ့။ သူ ကိုယ်သူလည်း ငါ တစ်ချိန်ကျရင် ဒီကောင်မလေးကို မရ ရအောင် ယူမယ်လို့ ဆုံးဖြတ်ထားခဲ့ပါသတဲ့။ Jason Momoa ဟာ Lisa Bonet ကို ဘယ်လောက်အထိ ကြွေသလဲဆိုရင် Lisa Bonet ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ dreadlocks ဆံပင်ပုံစံကိုတောင် ထားဖူးခဲ့ပါသေးတယ်။

တစ်ဦးတည်းသောသားဖြစ်တဲ့ ရေဘုရင်ကြီးရဲ့ အမေဖြစ်သူဟာ single mother တစ်ယောက်ဖြစ်ပြီး ပန်းချီဆရာမတစ်ယောက်လည်း ဖြစ်ပါတယ်။ Jason Momoa ကို ဟာဝိုင်အီကျွန်းမှာ မွေးဖွားခဲ့ပြီး အိုင်အိုးဝါးမှာ ကြီးပြင်းလာခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ဖခင်ဖြစ်သူကတော့ ဟာဝိုင်အီကျွန်းသားစစ်စစ်တစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူကတော့ ဂျာမန်၊ အိုင်းရစ်နဲ့ အမေရိကန်သွေးနှောတစ်ယောက်ဖြစ်ပါတယ်။ 

သားတစ်ယောက်နဲ့ ဘဝကို ရုန်းကန်နေရတဲ့ Jason Momoa ရဲ့ မိခင်ဖြစ်သူဟာ ရပ်တည်ရေးအတွက် ပန်းချီဆွဲတဲ့ လုပ်ငန်းအပြင် တခြားအလုပ်များစွာကိုလည်း ပင်ပင်ပန်းပန်းလုပ်ကိုင်ခဲ့ရပါသေးတယ်။ တကယ်တော့ Jason Momoa ရဲ့ ငယ်စဉ်ဘဝဟာ မချောမွေ့လှပါဘူး။  သူ ကိုယ်တိုင်လည်း သူ့မိခင်ဖြစ်သူကို တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ ရေလွှာလျှောစီးပစ္စည်းတွေ ရောင်းတဲ့ ဆိုင်မှာ တစ်နာရီကို ငါးဒေါ်လာနဲ့ အလုပ်လုပ်ခဲ့ရပါတယ်။ တကယ်တော့  Jason Momoa မှာ တစ်နေ့ကျရင် မင်းသားတစ်လက်ဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးထားတာမျိုး မရှိခဲ့ပါဘူး။ ရပ်တည်မှုခက်ခဲနေတဲ့  Jason Momoa တို့ သားအမိနှစ်ယောက်ကြားမှာ သူဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုကို သေချာရွေးချယ်မှဖြစ်တော့မယ်ဆိုပြီး  Jason Momoa တစ်ယောက် စတွေးလာပါတယ်။ ဒီလိုနဲ့ မော်ဒယ်အလုပ်ကို သူ့ဘဝရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုအဖြစ် စတင်ရွေးချယ်ခဲ့ပါတယ်။ တဖြေးဖြေးနဲ့ မော်ဒယ်အလုပ်မှာ အောင်မြင်လာတဲ့  Jason Momoa ဟာ သူ့ငယ်ဘဝရဲ့ အိပ်မက်ကိုလည်း မမေ့ခဲ့ပါဘူး။

 

 

View this post on Instagram

 

#lisabonet #jasonmomoa

A post shared by Lisa Bonet (@lisamichellebonet) on

သူ ငယ်စဉ်ကတည်းက ကြွေခဲ့ရတဲ့  Lisa Bonet နဲ့ တွေ့ချင်တဲ့ စိတ်ပါပဲ။ Lisa Bonet နဲ့ ပထမဆုံး စတွေ့တာကတော့ သူဟာ ဟိုတယ်တစ်ခုမှာ ရောက်နေချိန်ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက တိတ်တခိုးနဲ့ စွဲလမ်းနေခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို Jason Momoa တွေ့ချိန်မှာတော့ ကမူးရှူးထိုး လုပ်တတ်တဲ့ သူ့အကျင့်က ပေါ်လာပါတယ်။ Lisa Bonet ကို တွေ့တွေ့ချင်းပဲ အိမ်ခေါ်သွားချင်ပါတယ်တဲ့။ ဘားမှာ အတူထိုင်ကြရင်း  Lisa Bonet ဟာ Cafe 101 မှာ ထိုင်ကြရင်း ဂန်းနစ်ဘီယာကို မှာလိုက်ချိန်မှာ သူ့ဘဝရဲ့ လက်တွဲဖော်အဖြစ် ယုံကြည်မိသွားပါတယ်။ ဂန်းနစ်ဘီယာဟာ ရေဘုရင်ကြီးရဲ့ အကြိုက်ဆုံး Drink ပါပဲ။

တကယ်တော့ Lisa Bonet ကလည်း ရေဘုရင်ကြီးကို အလွန်ကို ချစ်ပါတယ်။ Jason Momoa အောင်မြင်လာချိန်မှ  သူ့ကို လူတိုင်းက လူချောလေးလို့ သတ်မှတ်ပေမယ့် တကယ့် Jason Momoa ဖြတ်သန်းလာခဲ့တဲ့ ခရီးကြမ်းကို သိသူဟာ အင်မတန်ရှားပါတယ်။ Lisa Bonet တစ်ယောက်ကတော့ ရေဘုရင်ကြီးရဲ့ ဘဝကို နားလည်နိုင်ခဲ့သူတစ်ယောက်ပါ။ တစ်ခါတုန်းက Jason Momoa ဟာ ဘားတစ်ခုမှာ ပုလင်းကွဲတစ်ခုနဲ့ အရိုက်ခံခဲ့ရဖူးပါတယ်။ဒီလို အရိုက်ခံခြင်းရဲ့  အကျိုးဆက်ဟာ Jason Momoa ရဲ့မျက်နှာတစ်ခုလုံး စုတ်ပြတ်သွားတဲ့ အနေအထားတစ်ခုအထိဖြစ်ခဲ့ပြီး အချက်ပေါင်း ၁၄၀ နီးပါး ချုပ်ခဲ့ရပါတယ်။

ဒီလိုဖြစ်လာခဲ့ရခြင်းရဲ့ အကျိုးဆက်ဟာ Jason Momoa ရဲ့ ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တယ်လို့ ပြောရမှာပါ။ ဒီလို အရိုက်ခံခဲ့ပြီးနောက်မှာ Jason Momoa ဟာ သူ့ကိုယ်သူ လူတွေခေါ်နေတဲ့ လူချောလေးဆိုတဲ့ ဂုဏ်ပုဒ်ကို အင်မတန်မုန်းတီးလာခဲ့ပြီး ဒီနေ့ မြင်တွေ့နေရတဲ့ ခန္ဓာကိုယ်အတိုင်းဖြစ်အောင် ကြိုးစားလေ့ကျင့်ပါတော့တယ်။

 

ဒီလိုအချိန်အထိ Lisa Bonet တစ်ယောက်ဟာ ရေဘုရင်ကြီးအနားမှာ အမြဲရှိနေတတ်ပါတယ်။ တကယ်တော့ သူမကိုယ်တိုင်ကလည်း Jason Momoa လို ဖခင်မရှိဘဲ ကြီးပြင်းလာခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ရေဘုရင်ကြီးက သူမကို တခြားသူတွေထက်ပိုမို နားလည်ခဲ့ပြီး ဘယ်တော့မှ အထီးကျန်သူတစ်ယောက်မဖြစ်အောင် ငါ ရှိနေမယ်လို့ ကတိစကားလည်း ပြောခဲ့ပါသေးတယ်။

ဒါပေမယ့် ရေဘုရင်ကြီးကတော့ မော်ဒယ်လုပ်ငန်းတစ်ခုနဲ့တင် ကျေနပ်မနေဘဲ သူ့ဘဝရဲ့ passion ကို ရှာဖွေနေဆဲပါပဲ မော်ဒယ်လုပ်ငန်းအပြင် တခြားဆက်စပ်တဲ့ လုပ်ငန်းတွေမှာ လိုက်ရှာရင်း ရှာရင်းနဲ့ သူ့ဘဝရဲ့ Passion အဖြစ် ရုပ်ရှင်သရုပ်ဆောင်လုပ်ငန်းကို တွေ့ရှိခဲ့ပါတယ်။ တဖြေးဖြေးနဲ့ ရုပ်ရှင်ကား ရိုက်ကူးမှုတွေ များပြားလာပြီး သူ့မိခင်နဲ့ ချစ်သူတို့ အပေါ် တစ်ဖက်တစ်လမ်းက ကူညီနိုင်ခဲ့ပါတယ်။  ဒီနောက်မှာတော့ ဖခင်မေတ္တာကို တစ်ဘဝလုံးငတ်မွတ်ခဲ့တဲ့ Jason Momoa ကြီးဟာ သားသမီးအရမ်းလိုချင်လာပါတယ်။

 

View this post on Instagram

 

My favorites. #lolawolf.

A post shared by Zoë Kravitz (@zoeisabellakravitz) on

မိစုံဖစုံမဟုတ်ဘဲ မိဘတစ်ယောက်တည်းရဲ့ ဆိုဆုံးမမှုအောက်မှာ ကြီးပြင်းလာခဲ့တဲ့ Aquaman ရုပ်ရှင်ဟာ တကယ်တော့ သူ့အတွက် သူ့ငယ်ဘဝကို ပြန်တမ်းတမိစေတဲ့ ရှပ်ရှင်တစ်ကားပါပဲ။ Aquaman ရုပ်ရှင် ရိုက်ကွင်းမှာလည်း သူဟာ သူ့မိခင်အကြောင်းတွေးပြီး ငိုပါသတဲ့။ ခက်ခဲခဲ့တဲ့ အချိန်တွေမှာ သူ့ကို စောင့်ရှောက်ပေးထားတဲ့ သူ့အမေဖြစ်သူကို သတိတရစိတ်နဲ့ပါ။ သူ ဇာတ်ကားတစ်ကားအသစ်ရိုက်ပြီးတိုင်း သူ့အမေကို အရင်ဆုံးပြပါသတဲ့ ။ ဒါ့အပြင် သူ့အမေ သိပ်ကြိုက်တဲ့ မင်းသားတွေ၊ မင်းသမီးတွေနဲ့လည်း မကြာခဏ ဆုံတွေ့ပေးလေ့ရှိပါသတဲ့။

Zoe Kravitz/Instagram

 Jason Momoa ဟာ သူ့ဘဝရဲ့ အရေးကြီးဆုံးအလုပ်ဟာ သူ့ကလေးငယ်တွေကို ပြုစုပျိုးထောင်ခြင်း အလုပ်လို့ ခံယူထားပါတယ်။

“ လင်ယောက်ျားကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်အဖြစ် သူတို့ ကျနော့်ကို အမြဲသတိရနေစေချင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Ye Yint Kyaw

SHARE