ပေ(၃,၀၀၀) အမြင့်ရှိတဲ့ ကျောက်သားနံရံကို ကြိုးမပါပဲ လက်ဗလာနဲ့တက်ခဲ့တဲ့ အမျိုးသား

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က အဲလက်စ်ဟွန်နိုးလ်ဆိုသူ အမျိုးသားတစ်ဦးဟာ ထူးခြားတဲ့ တောင်တက်သမားတစ်ဦးဖြစ်ပါတယ်။ ငယ်ရွယ်ပြီး ထူးချွန်တဲ့ အဲလက်စ်ဟာ ကမ္ဘာတစ်ဝှမ်းက အချို့အထင်ကရဖြစ်တဲ့ တောင်တွေကို အောင်မြင်စွာ တက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တောင်တက်သွားတဲ့အကြောင်းကို အပိုင်းဆက်ဇာတ်လမ်းတွေအနေနဲ့တောင် documentary ရိုက်ကူးရယူခဲ့ပြီးပါပြီ။

FilmMagic

အဲလက်စ်ရဲ့ တောင်တက်ခရီးစဉ်တွေထဲမှာ ထင်ရှားတဲ့ ခရီးစဉ်တစ်ခုကတော့ El Capitan တောင်ပေါ်ကို ကြိုး၊ လုံခြုံရေးအကာအကွယ် တစ်စုံတစ်ရာမပါပဲ တက်ခဲ့တာ ဖြစ်ပါတယ်။ El Capitan ဟာ ကယ်လီဖိုးနီယားရဲ့ Yosemite Valley ချိုင့်ဝှမ်းမှာတော့ ထင်ရှားတဲ့ကျောက်ဆောင်ကြီးတစ်ခုဖြစ်ပါတယ်။ El Cap ကို အောင်အောင်မြင်မြင်နဲ့ တက်နိုင်ဖို့က တောင်တက်သမားအများစုရဲ့ အိပ်မက်လည်း ဖြစ်ပါတယ်။

National Geographic
National Geographic

El Cap ဟာ ကြီးမားလှပပြီး ခမ်းနားပါတယ်။ ကျောက်သားနံရံကြီးက ပေ(၃,၀၀၀) လောက်ရှိပြီး ချောမွေ့တဲ့ ကျောက်သားပြင်နဲ့ ကြောက်စရာကောင်းလောက်အောင် မတ်စောက်တဲ့ နံရံကြီးတွေက တောင်တက်သမားတွေအားလုံးကို စိန်ခေါ်နေပါတယ်။ ဒါကြောင့်လည်း တောင်တက်ပညာမှာ တဖက်ကမ်းခတ် ထူးချွန်သူတွေက El Cap ပေါ်တက်ပြီး သူတို့ရဲ့ တောင်တက်အရည်အသွေးကို သွေးလေ့ရှိပါတယ်။

READ
ကောလိပ်(၁၀၀)ကျော်မှာဝင်ခွင့်ရပြီး ပညာသင်ဆုဒေါ်လာသန်းချီရခဲ့တဲ့ ဆယ်ကျော်သက်လေး
National Geographic

ဒီလိုလူတွေထဲမှာ အဲလက်စ်လည်း ပါဝင်ပါတယ်။ ကမ္ဘာ့တောင်တက်သမားတွေထဲမှာ အကောင်းဆုံးတောင်တက်သမားတစ်ယောက်ဖြစ်တဲ့ အဲလက်စ်က အရင်တုန်းက El Cap ပေါ်ကို တက်ဖူးပါတယ်။ ဒါပေမယ့် ခုတစ်ကြိမ်မှာတော့ သူက တစ်ကိုယ်တော် တောင်တက်ချင်ခဲ့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက အဲလက်စ်က တောင်ပေါ်ကိုရောက်ဖို့ လူအကူအညီ၊ ပစ္စည်းကိရိယာအကူအညီတစ်ခုမှ မယူပဲ လက်ချည်းသက်သက်နဲ့ တောင်တက်ခဲ့တာပါ။

National Geographic
National Geographic

ပေထောင်နဲ့ချီမြင့်တဲ့ ကျောက်နံရံကြီးပေါ် တွယ်တက်တဲ့အခါ မတော်တဆ အန္တရာယ်ကြုံလာရင် အကူအညီဖြစ်ဖို့ အဲလက်စ်က အကာအကွယ်ကြိုးတောင် မချိတ်ထားခဲ့ပါဘူး။ လက်ချည်းသက်သက် ဘာမှမရှိပဲ ရင်တုန်ဖွယ် ဒီအတိုင်းတက်ခဲ့တာ ဖြစ်ပါတယ်။ နည်းနည်းလေး စိတ်လွတ်သွားတာ၊ ခြေလှမ်းတစ်ချက်မှားသွားတာနဲ့ အသက်ပေးလိုက်ရမှာပါ။ ဒါပေမယ့် အဲလက်စ်ဟာ ကြောက်စရာကောင်းတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး El Cap ပေါ်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါတယ်။

National Geographic
National Geographic

အဲလက်စ်ကတော့ သူဟာ ခက်ခက်ခဲခဲလေ့ကျင့်မှုတွေပြုလုပ်ထားပြီးဖြစ်တာကြောင့် အန္တရာယ်များလှတဲ့ El Cap ကိုတက်တဲ့အခါ သူ့မှာ ကြောက်ရွံ့မှုဆိုတာ မရှိခဲ့ကြောင်း ဆိုပါတယ်။ သတ္တိကောင်းလှတဲ့ အဲလက်စ်ဟာ El Cap ပေါ်ကို တစ်ကိုယ်တော်တက်ရောက်အောင်မြင်ခဲ့တာကတော့ (၂၀၁၇) ခုနှစ်ကပဲ ဖြစ်ပါတယ်။ အခုနှစ်ထဲမှာတော့ အဲလက်စ်ရဲ့ သက်စွန့်ဆံဖျားတောင်တက်ခရီးစဉ်အကြောင်းကို မာ့ခ်စင်းနော့တ် မှတ်တမ်းတင်ရေးသားထားတဲ့ The Impossible Climb ဆိုတဲ့ စာအုပ်ထွက်ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

READ
တအံ့တသြ ငေးမောရတဲ့အထိ အသက်ဝင်လွန်းတဲ့ ဥရောပက 3D လမ်းပန်းချီကားကြီးများ

လင်းလင်း (ShweMom)

Ref: dailymail

SHARE