အချစ်အတွက် ထီးနန်းကို စွန့်ခဲ့ဖူးတဲ့ ဘုရင် Edward

“အချစ်” ကို ပေါ့ပေါ့တန်တန်သဘောထားကြသူတွေရှိသလို တကယ့်ကို လေးေ လး နက်နက် တန်ဖိုးထားကြသူတွေအများကြီးပါ။မကြာသေးခင်က ဂျပန်မင်း သမီးလေး အချစ်အတွက် တော်ဝင်မိသားစုကို ကျောခိုင်းတယ်ဆိုတဲ့ သတင်း အတော်လေးနာမည်ကြီးခဲ့ပါတယ်။ဒါပေမယ့် ဒီလို လုပ်တာသူမတစ်ယောက် တည်း မဟုတ်ပါဘူး။အချစ်နဲ့ထီးနန်းအာဏာ တိုက်ပွဲမှာ အချစ်က ဒိုင်ပွဲရပ် အနိုင် ရခဲ့ဖူးတဲ့ ဖြစ်ရပ် သမိုင်းမှာရှိခဲ့ဖူးပါတယ်။အချစ်အတွက် ထီးနန်းကိုတောင် စွန့်လွှ တ် ခဲ့သူရှိပါတယ်။နာမည်ကတော့ Edward VIII ပါ။ ထီးနန်းနဲ့ယှဉ်တာေ တာ င်မှ သူရွေးလိုက်တဲ့ အမျိုးသမီးက သိပ်လှတယ်လို့ ထင်ရင်တော့ မှားပါလိမ့် မယ်။သူမနာမည်ကတော့  Wal lis Warfield Spencer Simpson ပါ။အေ မရိကန်သူဖြစ်ပြီး နှစ်ထပ် ကွမ်း ကွာရှင်းထားတဲ့ အမျိုးသမီးပါ။ရုပ်ရည်ကလည်း အရမ်းကြီး လှတဲ့ အထဲမှာ မပါပဲ သာမန်ရွက်ကြမ်းရည်ကျိုလောက်ပဲ ရှိပါတယ်။

အရင်ဆုံး  Edward VIII အကြောင်းကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်။ Edward ကို(၁၈၉၄)ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဘုရင် George V ရဲ့ အကြီးဆုံးသားပါ။ဗြိတိန်ရဲ့ ထီးနန်းကိုတော့ (၁၉၁၀)ခုနှစ်မှာ ဆက်ခံတာပါ။အ သက်(၄၀)အရွယ်ရောက်တဲ့ အထိ တစ်ကိုယ်တည်း လူပျိုကြီးဘ၀နဲ့ လက်မ ထပ်ပဲနေလာခဲ့တဲ့ ဘုရင်ကြီးပါ။နှစ်(၄၀)လောက်အရွယ် ရောက်တဲ့ အထိ မလှုပ် ရှားခဲ့တဲ့ သူ့ရဲ့ နှလုံးသားကို ကိုင်လှုပ်ခဲ့သူတစ်နေ့မှာ ပေါ်လာခဲ့ပါတယ်။Wallis Warfield Simpson ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးပါ။ခင်ပွန်းနှစ်ေ ယာက်နဲ့ ကွာရှင်းခဲ့ဖူးတဲ့ တစ်ခုလပ်ပါ။Mrs. Simpson နဲ့ဘုရင်ကြီး Edward တို့ လက်ထပ်တာကို အဓိကအတားအဆီးဖြစ်စေခဲ့တာကလည်း နှစ်ကြိမ် တိုင်အောင် အိမ်ထောင်ကွဲခဲ့ဖူးတယ်ဆိုတဲ့ သူမရဲ့ အတိတ်ကြောင့်ပါ။

READ
အကြားအမြင်ဆရာကြီး နော့စထရာဒါးမတ်စ်ရဲ့ ကမ္ဘာ့အထင်ရှားဆုံး ဟောကိန်းကြီးများ

ဒီအမျိုးသမီးကိုမှ လက်ထပ်ချင်ပါတယ်ဆိုတဲ့ ဘုရင်ကြီးကို ဗြိတိန်အစိုးရ၊ ဗြိတိ န်ဓနသဟာယ၊ဘာသာရေး၊နိုင်ငံရေး၊တော်ဝင်မင်းမျိုးနွယ် အားလုံးက ၀ိုင်းပြီး ကန့်ကွက်ဖိအားပေး ကန့်ကွက် ခဲ့ကြပါတယ်။ဗြိတိန်ရဲ့ ဘုရင်တပါးဖြစ်သလို Church of England ရဲ့ အကြီးအကဲလည်းဖြစ်နေတာကြောင့် ကွာရှင်း ထားတဲ့ မိန်းမတစ်ယောက်နဲ့ လက်ထပ်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး၊မဖြစ် သင့် ဘူးလို့  အာလုံးက၀ိုင်းပြီး ခါးခါးသီးသီးကန့်ကွက်ခဲ့ပါတယ်။အဲ့ဒီအချိန်ကလည်း Church ကနေ ကွာရှင်းထားတဲ့ အမျိုးသမီး(အရင်ယောက်ျားတွေ သက်ရှိ ထင်ရှားရှိနေသူ တစ်ခုလပ်)ကို နောက်တစ်ကြိမ်ပြန်လက်ထပ်တာကို ခွင့်မပြုတဲ့ အချိန်ပါ။Simpson  ကလည်း ဘယ်သူတွေကပဲ ကန့်ကွက် ကန့်ကွက်လက် ထပ်မယ်ဖြစ်နေတဲ့ အချိန်၊ဘုရင်ကြီးကလည်း သူမမှ သူမ ဖြစ်နေတဲ့ အချိန်၊ ဘာသာရေး၊နိုင်ငံရေး အားလုံး ဘက်ပေါင်းစုံကနေ ၀ိုင်းကန့်ကွက်နေတဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ဘုရင်ကြီးကို ထီးနန်းစွန့်မလား၊ဒီအမျိုးသမီးကို ရွေးမလား ဆိုပြီး ဖိအားပေးတဲ့ အခြေအနေမျိုးအထိ ရောက်ခဲ့ပါတယ်။ဘုရင်ကြီးရဲ့ ရွေးချယ် မှုကတော့ ထီးနန်းမဟုတ်ပဲ အချစ် ဖြစ်ခဲ့ပါတယ်။(၁၉၃၆)ခုနှစ် ဒီဇင်ဘာ (၁၁) မှာတော့ ထီးနန်းကိုစွန့်ခဲ့ပါတယ်။သူ့ရဲ့ ထီးနန်းကိုတော့ ညီဖြစ်သူ Albert ကို လွှဲပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ သူသိပ်ကို ချစ်ရတဲ့ အမျိုးသမီး Simp son  နဲ့လက်ထပ်ခဲ့ပါတယ်။ရာဇ၀င်မှာ ပြောစမှတ်တွင်ခဲ့တဲ့ သူတို့ချစ်သူ နှစ်ဦးဟာ နှစ်ပေါင်း(၃၅)နှစ်ကြာအတူပေါင်းဖက်ခဲ့ကြပါတယ်။Edward  ကေ တာ့ (၁၉၇၂)ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး Wallis ကတော့ (၁၉၈၆)ခုနှစ်မှာ ကွယ် လွန်ခဲ့ပါတယ်။သူမရဲ့ အလောင်းကိုတော့ Edward   ရဲ့ဘေးမှာပဲ အတူမြှု ပ်နှံပေးခဲ့တာပါ။

READ
အိုင်စတိုင်းပေးခဲ့တဲ့ အဖိုးတန်ဘ၀အတွေးအခေါ်များ

ထီးနန်းစွန့်ခဲ့တဲ့ အချိန်(ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေပိုင်း)က လူထုကို ပြောခဲ့တဲ့ ဘုရင် Edward ရဲ့ ရေဒီယို မိန့်ခွန်းဟာ ဒီနေ့ဒီအချိန်ထိ နာမည်ကြီးနေစဲပါ။သူ ထီးနန်းကို ဘာကြောင့် စွန့်ရသလဲဆိုတာကို လူထုကို ရှင်းပြခဲ့တာပါ။ “ဘုရင် တစ်ယောက်အနေနဲ့ ထမ်းဆောင်ရမယ့် နိုင်ငံအရေးတာဝန်ဝတ္တရားတွေ အများ ကြီးရှိပါတယ်။ဒါပေမယ့် ကျွန်တော်ချစ်တဲ့ မိန်းကလေးရဲ့ အားပေးမှု၊သူမ အနား မှာရှိမနေပဲ အဲ့ဒီတာဝန်ဝတ္တာရားတွေကို ထမ်းဆောင်ဖို့ ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” လို့ပြောခဲ့ပါတယ်။

Ref;Wiki

Nilar(Shwemom)

SHARE