နှစ်(၁၀၀) အတွင်း ပထမဆုံးအကြိမ်အဖြစ် ဓာတ်ပုံရိုက်ယူနိုင်ခဲ့တဲ့ ရှားပါးကျားသစ်နက်

အခုတွေ့မြင်နေရတဲ့ အမှောင်ထဲမှာ ချောင်းမြောင်းသွားလာနေတဲ့ သတ္တ၀ါကတော့ အလွန်တရာမှ ရှားပါးလှတဲ့ ကျားသစ်နက်တစ်ကောင်ရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ကျားသစ်နက်ကို လျို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ သတ္တ၀ါတစ်ကောင်အဖြစ် လူသိများပါတယ်။ ၄င်းဓာတ်ပုံတွေကိုတော့ ဗြိတိသျှ တောတွင်းဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ အသက်(၃၅) နှစ်အရွယ် ၀ီလ်ဘာရတ်ဒ်-လူးကတ်စ်ဆိုသူက ဓာတ်ပုံရိုက်ကူးခဲ့တာပါ။

thesun

၎င်းကျားသစ်နက်ဟာ အာဖရိက ကင်ညာနိုင်ငံ မြေပြန့်လွင်ပြင်တစ်ခုမှာ လှည့်လည်သွားလာနေတာပါ။ ကျားသစ်နက်ရဲ့ ခေါင်းပေါ်မှာတော့ လကြီးက ၀ိုင်းဝိုင်းပြည့်ပြည့်နဲ့ ထိန်ထိန်သာလျက် ရှိနေပါတယ်။ ယခုအကြိမ်ဟာ အာဖရိကမှာ နှစ်(၁၀၀) အတွင်း ပထမဆုံးအကြိမ်အဖြစ် ကင်မရာနဲ့ ရိုက်ကူးနိုင်ခဲ့တဲ့ ကျားသစ်နက်တစ်ကောင်ပဲ ဖြစ်ပါတယ်။ ကျားသစ်နက်ရဲ့ ကျယ်ပြန့်ဝိုင်းစက်နေတဲ့ မျက်လုံးအစုံဟာ သားကောင်ကို စူးစူးရဲရဲ ရှာဖွေနေပါတယ်။ ကျားသစ်ကွက်လို အစက်အပြောက်တွေကိုတော့ သူ့ရဲ့ နက်ပြီးမှောင်မည်းနေတဲ့ သားမွေးပေါ်မှာ ၀ိုးတိုးဝါးတား မြင်တွေ့ရပါတယ်။

thesun

အခုတွေ့ရတဲ့ ကျားသစ်နက်ဟာ ဗီဇပုံသဏ္ဍာန်လွဲမှားပြီး အသားအရည်ရောင်ခြယ်မရှိမှု albinism နဲ့ ပြောင်းပြန် တစ်ကိုယ်လုံး အနက်ရောင်ရောင်ခြယ်တွေနဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံဆရာ ၀ီလ်ဘာရတ်ဒ်ကတော့ သူဟာ ငယ်ငယ်ကတည်းက ကျားသစ်နက်ကို ဓာတ်ပုံရိုက်ကူးနိုင်ဖို့ စိတ်ကူးတွေးတောခဲ့ကြောင်း ဆိုပါတယ်။ သူဟာ ကင်ညာနိုင်ငံရဲ့ လာကီပီယာနေရာတစ်ခွင်ကို လေ့လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဖရိကတစ်ခွင်လုံးမှာ လာကီပီယာတစ်နေရာထဲ အနက်ရောင်ကျားသစ်တွေကို တွေ့နိုင်တာ ဖြစ်ပါတယ်။

READ
မှတ်ပုံတင်အရာရှိတွေ လက်ထပ်ပေးခဲ့ရတဲ့ ကလေးအရွယ်သာသာ စုံတွဲတစ်တွဲ
thesun

သူ့ရဲ့ ဓာတ်ပုံရိုက်ကူးလေ့လာရေးနဲ့ ပတ်သက်လို့ ၀ီလ်ဘာရတ်ဒ်က “ကျွန်တော် သိသလောက်တော့ အရင်တုန်းက အာဖရိကမှာ ကျားသစ်နက်တွေကို စနစ်တကျ ဓာတ်ပုံရိုက်ကူးတာမျိုး မရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော် အချိန်ယူပြီး ကျွန်တော့်ကင်မရာတွေကို ရက်အနည်းငယ်ကြာအောင် ထားလိုက်တယ်။ နောက်တော့မှ တစ်ခုခုများ ဓာတ်ပုံရိုက်မိမလားဆိုပြီး ပြန်လာကြည့်တာပါ…” လို့ ရှင်းပြပါတယ်။

thesun

ဝီလ်ဘာရတ်ဒ်က “ကျားသစ်နက်တွေက အရမ်းလှတယ်။ သူတို့တွေကို ဖမ်းရခက်တယ်…” လို့လည်း ဆိုပါတယ်။ သူဓာတ်ပုံရိုက်ခဲ့တဲ့ တစ်ကောင်ကတော့ အသက်(၂) နှစ်အရွယ် ကျားသစ်နက်အမတစ်ကောင်ဖြစ်ပြီး သူမဟာ သူမရဲ့ မိဘတွေလို့ ယူဆရတဲ့ ပုံမှန်ကျားသစ်ကွက်အရောင် ကျားသစ်တွေနဲ့ လှည့်လည်သွားလာနေတာ ဖြစ်ပါတယ်။ ကျားသစ်နက်တွေဟာ ထူးခြားတဲ့ အစွမ်းတွေရှိတယ်လို့ လူတွေက ယူဆကြပြီး ၄င်းတို့ကို သစ်နက်လို့ ခေါ်ဝေါ်သုံးနှုန်းကြကြောင်းလည်း သိရပါတယ်။

READ
မွေးနေ့ကိတ်ကို တကယ်မှန်မှန်ကန်ကန်လှီးတတ်ပြီလား
thesun

လင်းလင်း (ShweMom)

Ref: Dailymail, Sun

SHARE