ဇနီးသည် ပိုက်ဆံပိုရှာနိုင်လေ အမျိုးသားတွေ ပိုစိတ်ဖိစီးရလေဖြစ်ကြောင်း သိရ

pexels/Andrea Piacquadio

သိပ္ပံနည်းကျလေ့လာချက်တစ်ခုအရ အမျိုးသားတွေဟာ အိမ်မှာစီးပွားရှာသူတွေဖြစ်ပေမယ့် တကယ့်လို့ ဇနီးသည်က မိသားစုဝင်ငွေရဲ့ (၄၀) ရာခိုင်နှုန်းကျော်ကို ထောက်ပံ့နိုင်တဲ့အခါကျရင်တော့ အမျိုးသားတွေဟာ စိတ်ဖိစီးမှုဖြစ်ရကြောင်း လေ့လာသိရှိရပါတယ်။ ဒီအတွေးအခေါ်ဟာ ယဉ်ကျေးမှုအစဉ်အလာအရ ဖိုဝါဒကြီးစိုးပုံကို ပြသနေပါတယ်။ Brightside ကတဆင့် ငွေကြေးနဲ့ ချစ်ခြင်းမေတ္တာကြားထဲက ကျပ်တည်းတဲ့ဆက်နွယ်မှုကို အခုလို သိရပါတယ်။

အင်္ဂလန်နိုင်ငံ Bath တက္ကသိုလ်အရ အမျိုးသားတွေဟာ ၄င်းတို့ရဲ့ဇနီးသည် သို့မဟုတ် ချစ်သူကောင်မလေးက အိမ်ဝင်ငွေရဲ့ (၄၀) ရာခိုင်နှုန်းကျော်ကို ရှာနိုင်ခဲ့ရင် စိတ်ဖိစီးမှုပိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒီဆက်နွယ်မှုဟာ တိုက်ရိုက်အချိုးကျပါတယ်။ အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်အပေါ်မှာ ငွေရေးကြေးရေးအရ ပိုပြီးမှီခိုရလေ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျားဖြစ်တဲ့ပမာဏဟာ ပိုပြီး ကြီးမားလေပါပဲ။

© The Notebook / Warner Bros.

ဒီလေ့လာချက်ဟာ အမေရိကန်မှာ (၁၅) နှစ်ကျော်ကြာ လက်ထပ်ပြီး သို့မဟုတ် အတူနေကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးစုံတွဲပေါင်း (၆,၀၀၀) ကျော်ကို လေ့လာအပြီးမှာ တွေ့ရတဲ့ရလဒ်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုပမာဏကိုတော့ ၀မ်းနည်းတဲ့ခံစားချက်၊ စိုးရိမ်ကြောင့်ကြတာ၊ ပူပန်တာ၊ မျှော်လင့်ချက်မဲ့တာ၊ တန်ဖိုးမဲ့တာစတဲ့ ခံစားချက်တွေအပေါ် မူတည်ပြီး တွက်ချက်တာ ဖြစ်ပါတယ်။

READ
ပူပူနွေးနွေးလခလေးကို ခါးပိုက်နှိုက်မခံရစေဖို့ နည်းလမ်း(၄)ခု

သုတေသနရဲ့အကြီးအကဲဖြစ်တဲ့ ဂျိုအန်းနားဆိုင်ဒါကတော့ လူမှုအဖွဲ့အစည်းမှာ အမျိုးသားတွေက ကြီးစိုးတဲ့ယဉ်ကျေးမှုကြောင့်လည်း ဒီစိတ်ဖိစီးမှုဖြစ်ပေါ်ပုံဟာ ဆက်စပ်နေတယ်ဆိုပါတယ်။ “မျိုးဆက် အဆက်ဆက်မှာ ယဉ်ကျေးမှုတော်တော်များများမှာ အမျိုးသားတွေကပဲ မိသားစုကို ဦးဆောင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိပါတယ်။ ဒီမျှော်လင့်ချက်ကို ပြည့်စုံစေမှ ယောက်ျားပီသတယ်ဆိုပြီး မှတ်ယူလေ့ရှိပါတယ်။ ဒီရလဒ်မှာ သူတို့ရဲ့ဇနီးသည်၊ရည်းစားတွေက ပိုပြီးရှာဖွေနိုင်တဲ့အခါ စိတ်ပိုင်းဆိုင်ရာဖိစီးမှု တော်တော်များများကို ခံစားရပါတယ် ” လို့လည်း ပြောပြပါတယ်။

© Marriage Story / Netflix

သုတေသနရလဒ်အရ အမျိုးသားတွေဟာ လင်မယားနှစ်ယောက်စလုံး အိမ်ရဲ့ဝင်ငွေကိုရှာဖွေနိုင်တဲ့အခါမှာ ပိုမိုပျော်ရွှင်ကြတယ် ဆိုပါတယ်။ ဒါပေမဲ့လည်း လင်မယားနှစ်ယောက် အတူရှာဖွေတဲ့အခါမှာလည်း သူတို့ကိုယ်တိုင်က အိမ်ကို အဓိကပံ့ပိုးသူဖြစ်မှ ပျော်ကြတာဖြစ်ပါ။ သူတို့က ရာခိုင်နှုန်း (၆၀) ကျော်၊ အမျိုးသမီးတွေက အကြမ်းဖျင်း ရာခိုင်နှုန်း (၄၀) လောက်ရှာနိုင်ရင် အဆင်ပြေကြပါတယ်။ တကယ်လို့များ အမျိုးသမီးတွေက ဒီထက်ပိုရှာဖွေလာနိုင်ရင်တော့ အဲဒီကစပြီး အမျိုးသားတွေဟာ စိတ်ဖိစီးမှုတွေ ၀င်လာတော့တာပဲလို့ ပညာရှင်တွေက ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။

READ
Gymကစားပြီးပုံတွေခဏခဏတင်သူတွေဟာ အတ္တကြီးသူများဖြစ်ကြောင်းတွေ့ရှိ

လင်းလင်း (ShweMom)

SHARE