၂၀၁၈ ခုနှစ်အတွင်း 3D Printer အသုံးပြုပြီး တီထွင်ခဲ့တဲ့ အလန်းဆုံးအရာများ

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းရှင်များစွာက သူတို့ရဲ့ ထုတ်ကုန်တွေကို 3D printer နဲ့ ထုတ်လုပ်ခဲ့ကြပါတယ်။ ဒီအထဲကမှ 3D printer အသုံးပြုထုတ်လုပ်ထားတဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

3D printer နဲ့ ထုတ်ထားတဲ့ စတီးတံတား

MX3D

ယခုနှစ်အတွင်း Dutch Design Week ပွဲမှာ ပြသခဲ့တဲ့ ပရောဂျက်တစ်ခုပါ။ 3D printer နဲ့ ထုတ်ထားတဲ့ ဒီတံတားကို အမ်စတာဒမ်မြို့မှာ ၂၀၁၉ အတွင်း တပ်ဆင်တော့မှာပါ။ ဒီတံတားကို ထုတ်လုပ်ဖို့ ၄ နှစ် အချိန်ယူခဲ့ရပါတယ်။ ပေ ၄၀ ရှည်တဲ့ တံတားကို အစတုန်းက တံတားတပ်ဆင်မှာ မူလနေရာမှာတင် တည်ဆောက်ဖို့ စီစဉ်ခဲ့ကြပေမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေ သဘောမတူလို့ တံတားကို သပ်သပ် တည်ဆောက်ပြီးမှ ပြန်ရွှေ့ပြီး တပ်ဆင်မှာဖြစ်ပါတယ်။

READ
လက်တွေ့ပျံသန်းနိုင်တဲ့ Iron Man ၀တ်စုံ တီထွင်နိုင်ခဲ့သူ

3D printer နဲ့ ထုတ်ထားတဲ့ အိမ်တွေ

ICON

အိမ်တွေကို 3D printer နဲ့ ထုတ်ဖို့ ၂၀၁၂ ခုနှစ်တည်းက စီစဉ်ခဲ့ကြတာတွေ ရှိခဲ့ပြီး ၂၀၁၈ မှာတော့ တကယ်ရုပ်လုံးပေါ်လာခဲ့ပါပြီ။ နည်းပညာ ကုမ္ပဏီအသစ် Icon က ၁၂ နာရီကနေ ၂၄ နာရီအတွင်း စတုရန်းမီတာ ၆၀ ကျယ်တဲ့ အိမ်ကို 3D printer နဲ့ ထုတ်လုပ်နိုင်တယ်လို့ ကြေညာခဲ့ပါတယ်။ Icon မှ 3D printer အသုံးပြုထုတ်လုပ်ထားတဲ့ ပထမဆုံးအိမ်မျိုးကို တက္ကဆက်မြို့မှာ ကျင်းပတဲ့ SXSW ပွဲမှာ မိတ်ဆက်ခဲ့ပါတယ်။

BMW ရဲ့ ကားအစိတ်အပိုင်း

BMW

3D printing လောကက အခုမှ ခေတ်စားလာတယ် ထင်ရပေမယ့် BMW ကားကုမ္ပဏီကတော့ ၂၀၁၀ ကတည်းက ကားအစိတ်အပိုင်းအချို့ကို 3D printer နဲ့ ထုတ်နေခဲ့တာပါ။ BMW i8 Roadster ရဲ့ ပြတင်းပေါက် မှန်လိုင်းတွေကို 3D printer နဲ့ ထုတ်ထားတာပါ။ အခုဆို ထုတ်လုပ်ထားတဲ့ အစိတ်အပိုင်းပေါင်း ၂ သိန်းကျော်သွားပါပြီ။

READ
အသက် ၁၀ နှစ်အရွယ်မှာ နည်းပညာကိုယ်ပိုင်ကုမ္ပဏီ စထောင်ခဲ့တဲ့ ကောင်မလေး

နာဆာရဲ့ recycle ပစ္စည်းထုတ်စက်

NASA

နာဆာက အာကာသယာဉ်တွေထဲမှာ အသုံးပြုမယ့် recycle ပစ္စည်းထုတ်စက် (Refabricator) မှာလည်း 3D printing နည်းပညာ ထည့်သွင်းဖန်တီးထားပါတယ်။ Refabricator က အသုံးပြုပြီးသား ပလတ်စတစ်ပစ္စည်းအဟောင်းတွေကို အလိုရှိတဲ့ ပစ္စည်းတွေအဖြစ် ပြန်လည်ပုံသွင်းကာ ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။ ဒီစက်ကြီးက အာကာသယာဉ်ပေါ်မှာ ပစ္စည်းလိုအပ်မှုတွေ၊ အလေအလွင့်တွေ လျော့ပါးအောင် ကူညီပေးမှာဖြစ်ပါတယ်။

Ref: Technology Review

SHARE