(၁) Bora Bora, French Polynesia
ကမ္ဘာကျော် Bora Bora ကျွန်းကတော့ French Polynesia ကမ်းလွန်ပင်လယ်ပြင်မှာ တည်ရှိပါတယ်။ ကြည်မြတဲ့ ပင်
လယ်ရေနဲ့အတူ တောတောင်ရေမြေသဘာဝတွေရဲ့ အလှအပကို ခံစားရင်း ငါးမျှားခြင်း၊ ရေကူးခြင်း၊ ရေငုပ်ခြင်းစတာ
တွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
(၂) Palawan, Philippines
ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ပါလ၀န်ကျွန်းဟာ ကမ္ဘာ့အလှဆုံးကျွန်းတွေထဲမှာ တစ်ကျွန်းအပါအ၀င် ဖြစ်ပါတယ်။ ဘောနီယိုရဲ့
အနောက်တောင်ဘက်မှာ တည်ရှိပြီး အလွန်သာယာလှပတဲ့ ကျွန်းကြီးဖြစ်ပါတယ်။ သန္တကျောက်တန်း၊ ကျောက်ခက်
ကျောက်ပန်းများနဲ့အတူ အပူပိုင်းငါးမျိုးစိပ်တွေကို လေ့လာနိုင်ရာ နေရာလည်း ဖြစ်ပါတယ်။ လှပတဲ့ ကျောက်ဆောင်၊
ကျောက်တန်းကြီးတွေကလည်း မျက်လုံးအမြင်ကို တမျိုးထူးခြားစေမှာပါ။
(၃) Seychelles
ကင်ညာနိုင်ငံမှာရှိတဲ့ Seychelles ကျွန်းကလည်း ယူနက်စကိုရဲ့ ယဉ်ကျေးမှုအမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ နေရာဖြစ်ပါတယ်။ လူသူအရောက်အပေါက် နည်းသေးတဲ့ သန္တာကျွန်းစုပေါင်း 115 ခုအထိ Seychelles ပတ်ပတ်
လည်မှာ တည်ရှိနေသေးခြင်းကလည်း ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။
(၄) Santorini, Greece
ဂရိမှာရှိတဲ့ အလှဆုံးကျွန်းတွေထဲမှာတော့ Santorini ကျွန်းဟာ ခရီးသွားဧည့်သည်တွေ အများဆုံး လာရောက်ရာကျွန်း
ဖြစ်ပါတယ်။ ကမ္ဘာ့ဓာတ်ပုံ ရိုက်ဖို့အကောင်းဆုံးနေရာလို့တောင် ဆိုကြပါတယ်။ ပင်လယ်ရေပြာပြာ မိုးကောင်းကင် ပြာပြာ
အောက်မှာတည်ရှိတဲ့ Santorini ကျွန်းပတ်ပတ်လည်မှာ မြင်ရသူကို ရင်သပ်ရှုမောနိုင်စေတဲ့ အလှတရားတွေ ရှိနေပါ
တယ်။
(၅) The Cook Islands
Cook Islands ကျွန်းဟာ French Polynesia ကျွန်းနဲ့ Samoa ကြားမှာတည်ရှိပါတယ်။ ဒါပေမယ့် နယူးဇီလန်ရေပိုင်နက်
မှာ တည်ရှိတာ ဖြစ်ပါတယ်။ ဘေးပတ်ပတ်လည်မှာ ကျွန်းငယ်လေး 15 ခုလည်း ရှိနေပြီး ရေကူး၊ ရေငုပ်လုပ်ဖို့နဲ့ သမုဒ္ဒရာ
ပိုင်းဇုံ ငါးမျိုးတွေ လေ့လာဖို့ အကောင်းဆုံး နေရာဖြစ်ပါတယ်။
နတ်စည်တော် (Shwemom)
source : planetware.com