ပဲရစ်ရဲ့ အလှဆုံးနေရာများ

(၁) Hautvillers

ကျေးလက်ဒေသတွေရဲ့ လူနေမှုဘ၀၊ စိုက်ပျိုးစားသောက်မှုပုံစံ၊ လက်ဆက်တဲ့ လေပြည်၊ လွမ်းမောဖွယ် မြေနံ့သင်းသင်း
လေးကို ရှုရှိုက်လိုကြတဲ့ သဘာဝအလှကို ချစ်မြတ်နိုးသူတွေ တခုတ်တရသွားလေ့ရှိတဲ့ နေရာကတော့ Hautvillers ဖြစ်ပါ
တယ်။ 19 ရာစုနှစ်မှာ သြဇာတိက္ကမကြီးမားခဲ့တဲ့  ဘုန်းတော်ကြီး Dom Pérignon ရဲ့ မွေးရပ်ဖြစ်ပြီး အစဉ်အလာကောင်း
တဲ့ သမိုင်းကြောင်းရဲ့ အငွေ့အသက်တွေကိုလည်း ပေးစွမ်းနိုင်ပါလိမ့်မယ်။ Hautvillers ဒေသဟာ ကမ္ဘာ့ဈေးအကြီးဆုံး
ဝိုင်တံဆိပ်တွေ ထွက်ရှိရာ ဒေသလည်း ဖြစ်ပါတယ်။

(၂) Napoleon’s Tomb သင်္ချိုင်းဂူ

ဖက်ဆစ်ဝါဒနဲ့ ကမ္ဘာတစ်ခွင်မှာ ဖိန့်ဖိန့်တုန်အောင် တန်ခိုးထွားခဲ့တဲ့ စစ်ဘုရင်ကြီး နပိုလီယံဘိုနာပတ်ရဲ့ ဂူဗိမ္မာန်ထားရှိရာ Napoleon’s Tomb ကိုလည်း သွားရောက်လည်ပတ်ဖို့ မမေ့သင့်ပါဘူး။ စစ်ဘုရင်ကြီးရဲ့ အကြောင်းတွေကို စေ့စေ့ငင သိနိုင်သလို၊ သင်္ခါရတရားရဲ့ နိုင်ငံတော်မှာ ဘယ်သူမှစိုးမိုးခွင့်မရှိဘူးဆိုတာကို သံဝေဂယူနိုင်ပါတယ်။

READ
သဘာဝအတိုင်း ပန်းရောင်ထနေတဲ့ Hillier ရေကန်

(၃) Petit Palais

Petit Palais ဟာ ပဲရစ်မှာတည်ရှိတဲ့ ပြင်သစ်ရဲ့အလှပဆုံး ပြတိုက်တစ်ခုဖြစ်ပါတယ် 1900 ခုနှစ်ကတည်းက တည်
ဆောက်ခဲ့တဲ့ အဆောက်ဦကြီးဖြစ်ပြီး ယခင်ကတော့ စကြာဝဠာပြခန်းသဘောမျိုး ဖွင့်လှစ်ခဲ့ပေမယ့် အခုမှာတော့ ပဲရစ်မြို့
တော်ပြတိုက်အဖြစ် နိုင်ငံခြားခရီးသွားတွေကို အဓိက စွဲဆောင်ရာနေရာ ဖြစ်ပါတယ်။

(၄) La Rive Gauche

La Rive Gauche ကို Left Bank လို့ ခေါ်ကြပါတယ်။ ပဲရစ်မြို့ရဲ့ အထင်ကရ သိန်းမြစ်ရဲ့ ဘယ်ဘက်အခြမ်းမှာ တည်ရှိတဲ့
ဘဏ်မို့လို့ ဒီလိုနာမည်မျိုး ခေါ်ခဲ့ပုံရပါတယ်။ သိန်းမြစ်ဟာ မြို့တော်အလယ်တည့်တည့်ကနေ ချောင်းနှစ်ခွခွဲထွက်ပြီး
ဘေးတစ်ဘက်တစ်ချက်ဆီကို လှပစွာပြန့်ကားစီးဆင်းသွားပါတယ်။ La Rive Gauche ဟာလည်း အေးမြကြည်လင်တဲ့
မြစ်ရေပြင်မှာ သာယာလှပလို့ ခရီးသွားတွေကို အေးချမ်းမှုတွေ ပေးနေပါတယ်။

READ
လာအိုနိုင်ငံမှာ လည်ပတ်စရာနေရာတွေ

(၅) Eiffel tower

Eiffel tower ကိုတော့ ခရီးသွားတွေ လွဲချော်ကြမှာ မဟုတ်ပါဘူး။ ပြင်သစ်နိုင်ငံရဲ့ ခရီးသွား Logo လို့တောင် မှတ်ယူရတဲ့
Eiffel tower ဟာ အမြင့်ပေ 1063 ပေ မြင့်ပြီး ပဲရစ်တစ်မြို့လုံးရဲ့အလှကို နေ့ည ပြောင်းလဲက ရှုစားနိုင်ပါတယ်။ 1887
ဇန်န၀ါရီလမှာ စတင်တည်ဆောက်ခဲ့ပြီး 1889 မတ်လ 31 ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ နှစ်(130)နီးပါးရှိနေပြီဖြစ်တဲ့  မျှော်စင်
ကြီး ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom post photo

source : top10for.com

SHARE