(၁) Perito Moreno Glacier, San Cruz, Argentina
အာဂျင်တီးနားနိုင်ငံ San Cruz စီရင်စုမှာရှိတဲ့ Perito Moreno ရေခဲမြစ်ကတော့ တောင်အမေရိကမှာ အလှဆုံးရေခဲမြစ်
ဖြစ်ပါတယ်။ 19 မိုင် ရှည်လျှားပြီး 240 ပေ ကျယ်ဝန်းပါတယ်။ 97 စကွဲမိုင်ကို ဖြတ်သန်းစီးဆင်းတဲ့ ရေခဲမြစ်ဖြစ်ပြီး Los Glaciares National Park ရှိတဲ့အပိုင်းက ဧည့်သည်တွေ ၀င်ရောက်လေ့လာကြည့်ရှုမှု အများဆုံး အပိုင်းဖြစ်ပါတယ်။
(၂) Rio De Janeiro, Brazil
ဘရားဇီးနိုင်ငံရဲ့ မြို့တော် Rio De Janeiro ဟာလည်း တောင်အမေရိကရဲ့ အလှဆုံးနေရာတွေထဲမှာ တစ်ခုအပါအ၀င်
ဖြစ်ပါတယ်။ ကမ္ဘာကျော် Christ The Redeemer ရုပ်တုကြီးလည်း ရှိပြီး 2500 ပေအမြင့်ရှိတဲ့ Corcovado တောင်ပေါ်မှာ
တည်ထားပါတယ်။ ကမ္ဘာ့အံဖွယ် 7 ခုမှာ အပါအ၀င်ဖြစ်ပါတယ်။
(၃) Angel Falls, Venezuela
ဗင်နီဇွဲလားမှာရှိတဲ့ နတ်သမီးရေတံခွန်ကလည်း ယူနက်စကိုရဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် အသိအမှတ်ပြုခံ
ထားရပါတယ်။ အမြင့် 976 မီတာ မြင့်လို့ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန်လည်း ဖြစ်ပါတယ်။ ဟယ်လီကော်ပတာစီးနိုင်တဲ့
အစီအစဉ်တွေလည်း ရှိပြီး သဘာဝပတ်ဝန်းကျင်ရဲ့ သာယာလှပမှုကလည်း ပြန်မယ့်သူကို နောက်ဆံတင်းစေပါတယ်။
(၄) Galapagos Islands, Ecuador
အီကွေဒေါနိုင်ငံမှာရှိတဲ့ နာမည်ကျော် Galapagos ကျွန်းဟာလည်း တောင်အမေရိကရဲ့ အလှဆုံးနေရာတွေမှာ တစ်ခု အ
ဝင်အပါ ဖြစ်ပါတယ်။ အရှေ့ပိုင်းပစိဖိတ်ထဲမှာ တည်ရှိတဲ့ ကျွန်းဖြစ်ပြီး မီတောင်သေတွေ၊ ကျွန်းငယ်လေးတွေဝန်းရံနေတဲ့
ကျွန်တစ်ခုလည်း ဖြစ်ပါတယ်။ သဘာဝအတိုင်း တည်ရှိသေးတဲ့ ရေနေသတ္တ၀ါတွေနဲ့ ငှက်မျိုးစိပ်တွေ၊ တိရစ္ဆာန်မျိုးစိတ်
တွေကို လေ့လာနိုင်ရာ ဒေသလည်း ဖြစ်ပါတယ်။
(၅) Iguazu Falls, Brazil/Argentina
ဘရားဇီးနဲ့ အာဂျင်တီးနားကို နယ်နိမိတ်အရ ပိုင်းခြားထားတဲ့ အီဂွာဇူရေတံခွန်ကြီးကတော့ 1.67 မိုင်အထိ ကျယ်ပြန့်ပြီး
ရေတံခွန်ငယ်ပေါင်း 275 ခု အထိ ဖြန့်ကွဲစီဆင်းရာဒေသလည်း ဖြစ်ပါတယ်။ အချို့ရေတံခွန်တွေဟာ အမြင့်ပေ 210 အထိ
ရှိပါတယ်။
နတ်စည်တော် (Shwemom)
source : themysteriousworld.com