(၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲ နီးလာတဲ့အချိန်မှာတော့ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ရုရှားနိုင်ငံအကြောင်းကို လူစိတ်ဝင်စားမှုနှုန်း မြင့်တက်လာပါတယ်။ အထူးသဖြင့်တော့ ရုရှားနိုင်ငံနဲ့မတည့်တဲ့ ကမ္ဘာ့နိုင်ငံတွေ အတော်များသလို ဗီဇာပြဿနာ အခက်အခဲတွေကြောင့် ရုရှားနိုင်ငံကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည် များများစားစား မရှိလှပါဘူး။ ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ဗီဇာဖြေလျှော့မယ့် ရုရှားနိုင်ငံမှာ ဘောလုံးပရိသတ်တွေဟာ ဘောလုံးပွဲတွေအပြင် သူတို့အရမ်း လည်ပတ်ချင်တဲ့ နေရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ရုရှားနိုင်ငံရဲ့ မြေအောက်ရထား ဘူတာရုံတွေပါ။

ဒီဘူတာရုံတွေကို ဒုတိယကမ္ဘာစစ်အပြီးတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်ရဲ့ အတော်ဆုံးပညာရှင်တွေကို အသုံးပြုခဲ့တာပါ။ ပြုပြင်ထိန်းသိမ်းမှုကလည်း ကောင်းလွန်သလို ရုရှားအနုပညာသမိုင်းရဲ့ ဂန္တ၀င်ပန်းချီပညာရှင်တွေ၊ ပန်းပုပညာရှင်တွေရဲ့ လက်ရာတွေလည်း ရှိနေတာကြောင့် ရုရှားမှာ မြေအောက်ရထားစီးရတာ အနုပညာပြတိုက်ထဲ လှည့်ပတ်နေရတာနဲ့ တူတယ်ဆိုပြီး ရောက်ဖူးတဲ့ ခရီးသည်တွေက တင်စားလေ့ရှိပါတယ်။ ရုရှားမြေအောက်ဘူတာရုံတစ်ချို့နဲ့ ဘူတာရုံထဲက အနုပညာလက်ရာတွေကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
Belorusskaya ဘူတာရုံ

Avtovo Metro ဘူတာရုံ

Komsomolskaya ဘူတာရုံ

Taganskaya ဘူတာရုံ

Elektrozavodskaya ဘူတာရုံ

Kievskaya ဘူတာရုံ

မြေအောက်ဘူတာရုံတွေထဲက အနုပညာလက်ရာအချို့



