ကမ္ဘာပေါ်က အမွှေးပျံ့ဆုံးပန်းများ

(၁) စံပါယ်

စံပါယ်ပန်းကတော့ ပန်းတွေထဲမှာ အမွှေးကြိုင်ဆုံးလို့ ဆိုပါတယ်။ ရေမွှေးနဲ့အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာ အ
များဆုံး သုံးကြပြီး မြန်မာပျိုမေတွေရဲ့ ခေါင်းထက်မှာ အမြတ်တနိုးပန်ဆင်လိုတဲ့ ပန်းလည်း ဖြစ်ပါတယ်။ နွေဦးရာသီနဲ့ နွေ
ရာသီမှာသာ ပွင့်လေ့ရှိတဲ့ ပန်းဖြစ်ပြီး သွေးတိုး၊ အကြောတက်၊ ခေါင်းမူးသူတွေကို ရှူပေးလိုက်ရုံနဲ့ ချက်ချင်းသက်သာစေ
တယ်လို့ သိရပါတယ်။ စံပါယ်ပန်းရဲ့ရနံ့ကို ဓာတုဗေဒနည်းအရ ယူပြီး ရေမွှေးနဲ့အခြားအလှကုန် ပစ္စည်းတွေမှာ သုံးပါ
တယ်။

(၂) နှင်းဆီ

နှင်းဆီအမျိုးပေါင်း များစွာထဲမှာတော့ ပတ္တများနှင်းဆီလို့ခေါ်တဲ့ အနီရင့်ရောင်နှင်းဆီက အမွှေးဆုံးလို့ သိရပါတယ်။ နေရာ
ဒေသမရွေးစိုက်ပျိုးနိုင်ပြီး ဗီတာမင် C ပါဝင်တဲ့ နှင်းဆီဝတ်မှုန်တိုင်လေးတွေကနေ အနံ့သင်းသင်းမွှေးမွှေးလေးကို ထုတ်
လွှတ်ပေးပါတယ်။ နှင်းဆီအနံ့ကို အဆီအဖြစ်ရအောင်ထုတ်လုပ်ပြီး ရေမွှေးနဲ့အခြားအလှကုန် ပစ္စည်းတွေမှာ သုံးပါတယ်။

READ
ခြောက်ခြားဖွယ်ရာအကောင်းဆုံး ရှေးဟောင်းအရုပ်များ

(၃) ဇီဇ၀ါ

ဇီဇ၀ါမျိုးရင်းဟာ တောင်အာရှ ဖြစ်ပါတယ်။ မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံတွေမှာလည်း တွေ့ရနိုင်ပါ
တယ်။ အနံ့ယဉ်တဲ့ ပန်းဖြစ်လို့ ခေါင်းမူးခေါင်းကိုက်သမားတွေအတွက် သင့်တော်တယ်လို့ သိရပါတယ်။ ၎င်းအနံ့ကိုလည်း
ရေမွေးနဲ့ အလှကုန်ပစ္စည်းတွေမှာ သုံးပါတယ်။

(၄) Frangipani (အကြော်ပန်း)

မြန်မာတို့ရဲ့ ဘုရားကျောင်းကန်တွေမှာ တွေ့ရလေ့ရှိတဲ့ အကြော်ပန်းကလည်း အနံ့အမွှေးဆုံးပန်းတွေထဲမှာ ပါဝင်ပါ
တယ်။ အချို့ဒေသတွေမှာတော့ တရုတ်စကားပန်းလို့ ခေါ်ကြပါသေးတယ်။ အဲဒီပန်းအခြောက်ကို တရုတ်က မှာယူ
မှုတွေ ရှိနေပြီး ဈေးလည်းအလွန်ကောင်းတယ်လို့ သိရပါတယ်။ ဘယ်အတွက်သုံးတယ်ရယ်လို့တော့ မသိရပါ။

(၅) ဇွန်ပန်း

ဇွန်ပန်းကတော့ စံပါယ်အသေးစားနဲ့တူပါတယ်။ ဒါပေမယ့် အရွက်ဖွဲ့စည်းပုံ သေးငယ်ပြီးတော့ ကွဲပြားပါတယ်။ အင်္ဂလိပ်
လိုဆိုရင်လည်း Small Jasmine လို့ ခေါ်ပါတယ်။ အနံ့အရမ်းမွှေးပျံပါတယ်။

READ
လူမှုဆက်ဆံရေးကောင်းသူ ဖြစ်ဖို့ ချက်ချင်းပြောင်းလဲသင့်တဲ့ အမူအကျင့်(၄)ချက်

နတ်စည်တော် (Shwemom)

shwemom

source : themysteriousworld.com

SHARE