ကမ္ဘာ့ရေကြည်လင်မှုအရှိဆုံး နေရာများ

(၁) The Blue Lake, South Island, New Zealand

နယူးဇီလန်နိုင်ငံရဲ့ South Island ထဲမှာတည်ရှိတဲ့ The Blue Lake အမည်ရ ရေချိုကန်ရဲ့ ရေကြည်လင်မှုကလည်း အ
လွန်အံ့သြစရာကောင်းလှပြီး ပေ (30)လောက် ရေအနက်ထိ ရေအောက်အရာဝတ္ထုတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်
တယ်လို့ သိရပါတယ်။ The Blue Lake မှာ ရေကူးခြင်း၊ ငါးမျှားခြင်း၊ ရေငုပ်ခြင်း-စတဲ့ ရေပေါ်ကစားနည်းတွေကို ကစား
နိုင်ပါတယ်။

(၂) The Blue River, Greenland

Greenland မှာရှိတဲ့ မြစ်ပြာကြီးရဲ့ ရေကြည်လင်လှပမှုကလည်း မြင်ရသူကို မင်သက်မိစေမယ့် အလှဖြစ်ပါတယ်။ ရေခဲ
လွင်ပြင်ကြီးကို ဖြတ်သန်းစီးဆင်းရလို့ မြစ်ပြာကြီးရဲ့ အလှက ပိုပြီး မြင်သာထင်သာ ရှိစေပါတယ်။ ဆောင်းရာသီဆို အလှ
ဆုံးပါဘဲ။

READ
တစ်ခေါက်လောက်တော့ ရောက်ဖူးသင့်တဲ့ ကမ္ဘာ့အလှဆုံးနေရာလေးတွေ

(၃) Peyto Lake, the Rocky Mountains, Canada

ကနေဒါနိုင်ငံ တောင်တန်းပေါ်မှာတည်ရှိတဲ့ Peyto ရေကန်ကတော့ ကမ္ဘာကျော်ရုပ်ရှုင်ကြီးတွေရဲ့ တစ်စိတ်တစ်ဒေသမှာ
ပါဝင်လေ့ရှိတဲ့ ရေကန်ကြီးဖြစ်ပါတယ်။ အဲဒီမှာ ရေကူး/ငါးမျှား အကုန်လုပ်လို့ရပါတယ်။ Banff National Park ရဲ့ နယ်
နိမိတ်ထဲမှာ တည်ရှိတာဖြစ်လို့ အခြားသဘာဝတောတောင်တွေရဲ့ အလှအပကိုလည်း ခံစားခွင့် ရှိမယ့်နေရာဖြစ်ပါတယ်။

(၄) Jiuzhaigou Valley, Sichuan, China

တရုတ်နိုင်ငံ စီချန်စီရင်စုမှာ တည်ရှိတဲ့ အရောင်ငါးမျိုးရေးကန်လို့ ခေါ်တဲ့ Jiuzhaigou Valley ရေကန်ကလည်း ထူးခြားပါ
တယ်။ ဆောင်းနဲ့ ဆောင်းဦးရာသီတွေမှာ ပိုလှတတ်ပြီး ကြည်လင်လှတဲ့ ရေအရောင်ဟာ ကန်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့
သဘာဝပေါက်ပင်တွေအတိုင်း လိုက်ပြီး အရောင်ပြောင်းလဲလေ့ရှိလို့ အရောင်ငါးမျိုးရေကန်လို့ ခေါ်ခြင်းဖြစ်ပါတယ်။

READ
အထူးအဆန်းကြိုက် ခရီးသွားများ သွားရောက်ကြတဲ့ ကမ္ဘာတစ်ဝှမ်းမှ အနိဋ္ဌာရုံနေရာများ

(၅) Lençóis Maranhenses National Park, Maranhão, Brazil

ဘရားဇီးနိုင်ငံ သံသောင်ပြင်ကြီးထဲမှာတည်ရှိတဲ့ ရေကန်ငယ်လေးတွေရဲ့ ရေဟာလည်း အလွန်ကြည်လင်ပါတယ်။ သဲ
သောင်ပြင်ဟာ ကျယ်ပြန့်လွန်းလို့ စွတ်ဆိုကန္တာရလို့တောင် အမည်တပ်မလောက်ထိ ဖြစ်ပါတယ်။ ဒါပေမယ့် ကန္တရမ
ဟုတ်ပါ။ ရေစပ်စပ် သဘာဝပတ်ဝန်းကျင်ကို ပိုင်ဆိုင်ပြီး Lençóis Maranhenses National Park ဆိုပြီး သဘာဝဥယျာဉ်
ကို ဖွင့်လှစ်ထားပါတယ်။ နွေအခါမှာ ရေကန်ငယ်ပေါင်း 800 ခန့် ရှိတတ်တယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

shwemom

source : placestoseeinyourlifetime.com

SHARE