ကမ္ဘာပေါ်က ဆင်းသက်ရ/ထွက်ခွာရအခက်ခဲဆုံး၊ အန္တရာယ်အများဆုံး လေဆိပ်များ

Luka Airport/YouTube

အခုတစ်ပတ်မှာတော့ Shwemom ရဲ့ ပရိသတ်ကြီးအတွက် ကမ္ဘာပေါ်မှာ ဆင်းရ/ထွက်ရ အခက်ခဲဆုံး လေဆိပ်တွေအကြောင်းကို ဖော်ပြချင်ပါတယ်။ ဒီလေဆိပ်တွေဟာ ဝါရင့်လေယာဉ်မှူးကြီးတွေသာ သီးခြားပျံသန်းခွင့်ရတဲ့ လေဆိပ်တွေဖြစ်ပြီး၊ ခရီးသည်အပေါင်းကိုလည်း ဘုရားတရား မြဲစေမယ့် လေဆိပ်တွေလို့ ဆိုရင် မမှားပါဘူး။

(၁) Lukla လေဆိပ် (နီပေါနိုင်ငံ)

ဟိမဝန္တာ တောင်တန်းဒေသမှာတည်ရှိတဲ့ နီပေါနိုင်ငံမှာ လေဆိပ်အများစုကလည်း တောင်ခါးပန်းစောင်းနဲ့၊ တောင်ထိပ်ကွင်းပြင်တွေပေါ်မှာ တည်ဆောက်ထားလေ့ရှိပါတယ်။ Lukla မြို့ Tenzing–Hillary လေဆိပ်ကတော့ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး လေဆိပ်အဖြစ် မှတ်တမ်းတင်ခံရပါတယ်။ လေယာဉ်ပြေးလမ်းအဆုံးမှာ ချောက်ကမ်းပါး၊ လေယာဉ်ရဲ့ ဦးတည်ရာက ကျောက်တောင်ကြီးဖြစ်ပြီး၊ စက္ကန့်ပိုင်းအတွင်း လေယာဉ်ကို ဘယ်ဘက်ကို အချိန်မီ ဝေ့ဝိုက် ပျံသန်းနိုင်ခြင်း မရှိဘူးဆိုရင် မတွေးရဲစရာပါ။

 

(၂) Madeira လေဆိပ် (ပေါ်တူဂီ)

READ
ဗြိတိန်လူမျိုးတွေရဲ့ဘိုးဘေးဘီဘင်တွေဟာ နက်မှောင်တဲ့အသားအရေရှိကြောင်းလေ့လာတွေ့ရှိခဲ့

Madeira လေဆိပ်ဟာ ပေါ်တူဂီ ပင်လယ်ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။ (၂၀၁၆)မှာ ဒိုလေးကို ဂုဏ်ပြုပြီး Madeira International Airport Cristiano Ronaldo လေဆိပ်လို့ အမည်ပြောင်းလဲခဲ့ပါတယ်။ တတိယမြောက် အန္တရာယ်အများဆုံး လေဆိပ်ဖြစ်ပြီး လေယာဉ်ပြေးလမ်း အလွန်ကျဉ်းမြောင်းပါတယ်။

 

(၃) Courchevel လေဆိပ် (ပြင်သစ်)

ပြင်သစ်နိုင်ငံ၊ French Alps ရဲ့တောင်စောင်းစခန်းတစ်ခုမှာ တည်ရှိတဲ့ Courchevel လေဆိပ်ကလည်း နီပေါနိုင်ငံက Lukla လေဆိပ်နဲ့ မခြားပါဘူး။ အလွန်ကိုယ်ထည်ကြီးမားတဲ့ လေယာဉ်တွေအတွက် အဆင်မပြေသလို၊ ဘေးပတ်ပတ်လည်မှာ တောင်တွေဝန်းရံနေပါတယ်။ လေယာဉ်ပြေးလမ်းကလည်း (၅၃၇)မီတာသာ ရှိပါတယ်။

READ
သင်လုံးဝထင်မထားတဲ့ ကမ္ဘာတစ်ဝန်းက ထူးခြားဆန်းပြား ယမကာအရည်များ

 

(၄) Barra လေဆိပ် (စကော့တလန်)

လေယာဉ်ပြေးလမ်း လုံးဝမရှိတဲ့ သဲသောင်ကိုသာ အားထားရတဲ့ လေဆိပ်အမျိုးအစားတစ်ခုပါ။ ဒါပေမယ့် သောင်ပြင် မာကျောမှုက ပေါ့ပေါ့ပါးပါး လေယာဉ်ငယ်တွေအတွက် အဆင်ပြေစေပါတယ်။ အန္တရာယ်အများဆုံး လေဆိပ်စာရင်းဝင်ဖြစ်ပြီး ဒီရေတက်လာပြီဆိုရင် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းရလေ့ရှိတဲ့ လေဆိပ်ဖြစ်ပါတယ်။

(၅) McMurdo Station လေဆိပ် (အန္တာတိက)

အလွန်အေးတဲ့ ရေခဲဒေသ အန္တာတိကမှာ အမေရိကန် သုတေသန အခြေစိုက်စခန်း ဖွင့်လှစ်ထားတာဖြစ်ပြီး၊ အဲဒီအနီအနားက ရေခဲပြင်ကတော့ သူတို့အတွက် လေဆိပ်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အမေရိကန်ပိုင် တပ်မတော်လေယာဉ်တွေ မကြာခဏ သွားရောက်ရာ ဒေသဖြစ်ပြီး၊ ဆောင်းရာသီမျိုးမှာ ဘာမှမမြင်ရဘဲ ရမ်းသမ်း ဆင်းသက်ရာတာမျိုး ရှိပါတယ်။

လင်းဇော်ကို (Shwemom)

SHARE