သင်လုံးဝ မထင်မှတ်ထားတဲ့ ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံး အစားအစာများ

YouTube/TVDiva

အစားတစ်လုပ်အတွက်ဒုက္ခရောက်သွားကြတဲ့သူတွေအများကြီးရှိပါတယ်။တစ်ချို့အစားအစာတွေက ကြည့်လိုက်တာနဲ့ စားချင်စရာကြီး၊ ဒါပေမယ့် ကိုယ်နဲ့မတည့်တဲ့ဟာတွေလဲ ရှိတတ်ပါတယ်။ တစ်ချို့ကျတော့လဲ အစားအစားဟင်းသီးဟင်းရွက်တွေကို အစိမ်းတိုင်းစားရင် ပိုကြိုက်ကြတယ်။ ဒါပေမယ့် အဲဒီအစိမ်းသားခြင်းရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်နိုင်သလဲဆိုတာ မစဉ်းစားကြဘူး။ ဒါကြောင့် တစ်နေ့က insider.comမှာ ဖတ်လိုက်ရတဲ့ ကမ္ဘာ့အန္တရာယ် အရှိဆုံးအစားအစာတွေအကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

Unsplash/Manu Camargo

(1)ချယ်ရီသီးအစေ့ 

ချယ်ရီသီးရဲ့ အစေ့ထဲမှာပါရှိတဲ့ Hydrogen cyanide ဆိုတဲ့ဒြပ်ပေါင်းတစ်မျိုးဟာ လူတွေအတွက်အဆိပ်အတောက်ဖြစ်စေပါတယ်။ဒါပေမယ့် အစေ့အနည်းငယ်ကိုစားမိရင်တော့ဘာမှမဖြစ်ပါဘူး။အများကြီးစားမိမှသာ အသက်အန္တရာယ်စိုးရမ်ရတာပါ။

Shutterstock/Gengis90

(2)လောက်ဒိန်ခဲ

နာမည်ကြားကတည်းကိုကပျို့တက်ချင်စရာပါ။ဒါပေမယ် လောက်ဒိန်ခဲဟာ အီတလီနိုင်ငံSardinianလူမျိုးတွေရဲ့ရိုးရာအစားအစာပါ။ကျန်မာရေးနဲ့ မညီညွတ်တာကြောင့် အမေရိကန်အစိုးရကိုယ်တိုင် တင်သွင်းခွင့်ပိတ်ထားတာပါ။

Shutterstock/pauljill

(3)Sannakji

Sannakjiဆိုတာကတော့ ရေဘဝဲရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ လက်တံကစုပ်ခွက်တွေကိုပြောချင်တာပါ။အကယ်၍သင်ဟာဆူရှိကြိုက်တဲ့သူဆိုရင်တော့ရေဘဝဲကိုအစိမ်းမစားသင့်ပါဘူး။ရေဘဝဲလက်တံမှာရှိတဲ့စုပ်ခွက်တွေက သင့်အသက်ရှုလမ်းကြောင်းမှာ အချိန်တော်တော်ကြာတွယ်ကပ်နေနိုင်လို့ပါ။

Unsplah/Sydney

(4)ခရု(သို့)ဂုံးကောင်

တော်တော်များများကတော့ ပင်လယ်စာစားရင်ဒီအကောင်တွေကို အစိမ်းစားကြတာများပါတယ်။အကောင်းဆုံးကတော့ ချက်ပြုတ်စားတာပါပဲ။ဘာလို့လဲ၁ိုတော့ အဲဒီဂုံးတွေ၊ခရုတွေမှာ ပင်လယ်ပြင်အနှံ့က ဘတ်တီးရီးယားတွေပါနိုင်ပြီး သင့်ဝမ်းဗိုက်နဲ့အစာအိမ်ကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်လို့ပဲဖြစ်ပါတယ်။

Shutterstock/Ildi Papp

(5)ပဲကတ္တီပါစိမ်း

READ
ကြက်အူချောင်း သုံးထပ်သား ခေါက်ဆွဲကြော်ပြုလုပ်နည်း

ကျွန်တော်တို့ မြန်မာလူမျိုးတော်တော်များများကတော့ ပဲကတ္တီပါကို ပြုတ်ပြီးမှ ဆီ၊ဆား၊ကြက်သွန်လေးနဲ့ သုပ်စားတာပါ။အဲဒါအကောင်းဆုံးပါပဲ။ပဲကတ္တီပါကိုအစမ်းစားဖို့မသင့်တော်ပါဘူး။ဘာလို့လဲဆိုတော့ပဲကတ္တီပါစိမ်းမှာ လူကို အဆိပ်အတောက်ဖြစ်စေတဲ့ phytohaemagglutninဆိုတဲ့ ဓာတ်တစ်ခုပါနေလို့ပါပဲ။

Shutterstock/Cyril Lutz

(6)အာလူး

အာလူးဟာ မြေအောက်မှာပေါက်တဲ့ အပင်တစ်မျိုးဖြစ်တာကြောင့် သူ့မှာ solanineဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်နေလို့ပါ။အစိမ်းသက်သက်ကို အများအပြားစားမယ်ဆိုရင်တော့ အကြီးအကျယ်နေမကောင်းတာမျိုးတွေဖြစ်နိုင်ပါတယ်။

Shutterstock/Picturepartners

(7)ဒိန်ခဲ

ဒိန်ခဲဆိုတာလည်း နို့ထွက်ပစ္စည်းဖြစ်တာကြောင့် သူ့မှာ မမြင်နိုင်တဲ့ ဘတ်တီးရီးယားပိုးမြောက်မြားစွာ ပါဝင်ပါတယ်။ဒိန်ခဲအစိမ်းကို ဒီအတ်ုင်းစားမယ်ဆိုစင်တော့ ဝမိးပျက်ဝမ်းလျှောတွေဖြစ်နိုင်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ စနစ်တကျသန့်စင်ထုတ်လုပ်ထားတဲ့ ဒိန်ခဲကို သားသုံးခြင်းကတော့ အန္တရာယ်အကင်းဆုံးပါပဲ။

 

Pyi Hein Kyaw

SHARE