ကမ္ဘာပေါ်က အန္တရာယ်အများဆုံး ရထားခရီးစဉ်(၆)ခု

MinstryofRailWaysIndia/YouTube

ယနေ့ခေတ်လိုမျိုး လေယာဉ်ပျံတွေ မများပြားသေးတဲ့ အချိန်မှာ ရထားတွေဟာ အကောင်းဆုံးသယ်ယူပို့ဆောင်ရေးယာဉ်တစ်စင်းအဖြစ် တည်ရှိခဲ့ကြပါတယ်။ လူများစွာရဲ့ နေ့စဉ်ဘဝဟာလည်း ရထားတွေအပေါ်မှာ မူတည်နေခဲ့ပါတယ်။ တချို့နိုင်ငံတွေမှာ မြို့ပတ်ရထားနဲ့ သွားလာတာတွေဟာ ကျွန်တော်တို့ ဘတ်စ်ကားစီးသလိုမျိုး အရေးပါတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တစ်စင်းပါပဲ။

တကယ်တော့ ရထားတွေ တွင်တွင်ကျယ်ကျယ် အသုံးပြုဖို့ စတင်မိတ်ဆက်ခဲ့တဲ့နိုင်ငံကတော့ ဗြိတိန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဗြိတန်တွေဟာ တခြားနိုင်ငံတွေဆီ ကိုလိုနီနယ်ချဲ့ရာမှာ လိုအပ်တဲ့ စစ်သားတွေ၊ စားနပ်ရိက္ခာတွေ၊ စစ်လက်နက်ပစ္စည်းတွေကို ရထားနဲ့သာ ပို့ဆောင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ရထားအသုံးပြုမူဟာ တစ်ကမ္ဘာလုံး မြင့်တတ်လာခဲ့ပြီး ကျွန်တော်တို့ လက်ရှိမြင်တွေ့နေရတဲ့ ရထားတွေအဖြစ် ပြောင်းလဲလာပါတော့တယ်။ 

အခုတစ်ခေါက်မှာတော့ ကမ္ဘာပေါ်က အန္တရာယ်အများဆုံး ရထားခရီးစဉ်(၆)ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၆) Qingzang ရထားလမ်း

Wikimedia Commons

Qingzang ရထားလမ်းမှာ ပြေးဆွဲနေတဲ့ ရထားကတော့ အန္တရာယ်အရှိဆုံးရထားလမ်းတွေထဲမှာ နံပတ် ၆ နေရာမှာတည်ရှိနေပါတယ်။ အဆိုပါ ရထားဟာ တရုတ်နိုင်ငံနဲ့ တိဘတ်နိုင်ငံတို့ကို ချိတ်ဆက်ထားတဲ့ ပထမဆုံး ရထားဖြစ်ပါတယ်။ တိဘတ်နိုင်ငံဟာ ဟိမဝန္တာဒေသမှာ တည်ရှိပြီး ရာသီဥတုအခြေအနေကလည်း အလွန်အမင်းကို အေးခဲတဲ့ ရာသီဥတုပါ။ ဒါကြောင့် Qingzang ရထားကို စီးနင်းလိုက်ပါရင် လမ်းမှာ အောက်ဆီဂျင်ပြတ်လတ်မှုတွေ၊ အအေးဓာတ်လွန်ကဲတာတွေ ကြောင့် အသက်အန္တရာယ်ရှိစေနိုင်ပါတယ်။ မိုင်ပေါင်း ၃၄၀ကျော် ရှည်လားတဲ့ ရထားလမ်းကို ပြေးဆွဲနေဆဲ ရထားဟာ အခုထက်တိုင်အောင် ရှိနေဆဲလည်း ဖြစ်ပါတယ်။

(၅) Napier Gisborne ရထားလမ်း

nzrscene/Youtube

ဒီရထားလမ်းကတော့ နယူးဇီလန်နိုင်ငံမှာ တည်ရှိပါတယ်။ တကယ်တော့ အဲဒီရထားလမ်းကို သွားနေတဲ့ ရထားဟာ အန္တရာယ်မရှိပါဘူး။ အန္တရာယ်ရှိတာကတော့ ရထားလမ်းပါပဲ။ Napier Gisborne ရထားလမ်းရဲ့ တည်ဆောက်ပုံက ထူးခြားပါတယ်။ လေယာဉ်ပြေးလမ်းပေါ်ကို ဖြတ်ပြီး ရထားလမ်းဟာ ဆောက်လုပ်ထားတာပါ။ တကယ်လို့ လေယာဉ်တွေဟာ အထွက်၊ ရထားက အလာဆိုရင် သေချာပေါက်ကို တိုက်မိကြမယ့် တည်ဆောက်မှုပုံစံပါ။ ဒါပေမယ့် ဒီလို လေယာဉ်ပြေးလမ်းကြောင်းပေါ်ကို ဖြတ်ပြီး ဆောက်ထားတဲ့ ရထားလမ်းမှာ တစ်ခါမှ လေယာဉ်နဲ့ ရထားနဲ့ တိုက်မိခြင်းမရှိပါဘူးတဲ့။

(၄) Pilatus  ကြိုးဆွဲရထား

MindHunter/Youtube

ဒီရထားကို စီးမယ်ဆိုရင်တစ်ခါတည်း ရိုလာကိုစတာစီးရတဲ့ ခံစားမှုမျိုးပါ တပြိုက်နက်တည်းရစေမှာပါ။ ရထားဟာ ဆွဇ်ဇီလန်နိုင်ငံမှာ တည်ရှိပြီး တောင်အောက်ကနေ တောင်ပေါ်ကို တက်ရတဲ့ ရထားလမ်းဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေငါးထောင်ကျော် အထိ တက်ရတဲ့ ရထားဟာ ကြောက်စရာကောင်းနေမှာတော့ အမှန်ပါပဲ။ တစ်စုံတစ်ခုများ စက်ပိုင်းဆိုင်ရာလွဲချော်သွားခဲ့ရင်ကတော့ မတွေးဝံ့စရာပါပဲ။ ခရီးစဉ်အစအဆုံးဟာ တစ်နာရီကျော်ကြာမြင့်တဲ့ အဲဒီရထားကို စီးရင်တော့ အသည်းတအေးအေးခံစားမှုကို ရရှိမှာပါ။ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ အတွက်သာ ဖွင့်လှစ်ထားပြီး စီးပွားရေးအရ ဖွင့်လှစ်ထားခြင်းမဟုတ်ပါဘူး။ အဆိုပါ ရထားလမ်းကို ၁၉၈၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

(၃)Nilgiri Mountain ရထားလမ်း

MinstryofRailWaysIndia/YouTube

ရထားပေါ်မှာ လူတွေအများကြီးတင်ဆောင်ထားတဲ့ ဓာတ်ပုံတွေကို တွေ့ဖူးကြမှာပါ။ တကယ်တော့ အဲဒီဓာတ်ပုံအများစုက ဖိုတိုရှော့ပ်တွေပါ။ ဒါပေမယ့် ဒီလို လူတွေအများကြီး ရထားရဲ့ အမိုးပေါ်မှာ၊ နံဘေးမှာ တွယ်ကပ်စီးနေတာကို မျက်မြင်ကိုယ်တွေ့ကြည့်ချင်တယ်ဆိုရင်တော့ Nilgiri Mountain ရထားလမ်းမှာ သွားနေတဲ့ ရထားကို ကြည့်ပါတဲ့။ အဆိုပါရထားလမ်းဟာ အိန္ဒိယနိုင်ငံမှာ တည်ရှိပြီး ရထားတစ်စင်းမှာ ဆန့်နိုင်တဲ့လူအရေအတွက်ထက်ပိုပြီး တင်ဆောင်ထားလေ့ရှိပါတယ်တဲ့။ အဆိုပါရထားလမ်းကို ဗြိတိန်နိုင်ငံက ကိုလိုနီနယ်ချဲ့ဖို့အတွက် ၁၉၀၈ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ၂၀၀၅မှာတော့ အဆိုပါရထားလမ်းဟာ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခဲ့ပါတယ်။

(၂)White Pass နဲ့ Yukon Route ရထားလမ်း

NorwagianCruiseLine/YouTube

ကနေဒါနိုင်ငံမှာ ရှိတဲ့ အဆိုပါ ရထားလမ်းက အန္တရာယ်အရှိဆုံးရထားလမ်းတွေထဲမှာ ပါဝင်ပါတယ်။ မတ်စောက်တဲ့ တောင်ကမ်းပါးရံတွေကြားကနေ ကွေ့ဝိုက်ကာ ဆောက်လုပ်ထားတဲ့ အဆိုပါ ရထားလမ်းကြောင်းဟာ မကြာခဏဆိုသလို တောင်ပြိုမှုတွေကြောင့် ထိခိုက်ဒဏ်ရာရလေ့ရှိပြီး ရထားသွားလာမှုလည်း မကြာခဏ ရပ်တန့်ပါတယ်။ တောင်ကမ်းပါးယံကို တွယ်ပြီး သွားရတဲ့ ရထားဖြစ်တာကြောင့် ရထားပုံစံဟာ သာမန်ထက် ပိုသေးငယ်တဲ့ ရထားပုံစံအဖြစ် သီးသန့်တည်ဆောက်ထားပြီး မကြာခဏဆိုသလို လူသေဆုံးမှုတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရထားလမ်းကြောင်း တစ်လျှောက်မှာ လှပတဲ့ မြင်ကွင်းတွေ၊ ရှု့မဆုံးတဲ့ ရှု့ခင်းတွေကြောင့် ကမ္ဘာလှည့်ခရီးသည်များ သွားလာနေတဲ့ ရထားလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

(၁) ဝါးရထား

Insider/YouTube

ဝါးရထားဆိုတာ အတော့်ကို ထူးဆန်းတဲ့ ရထားလို့ ထင်မိသွားကြမှာပါ။ ဟုတ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ တည်ရှိပါတယ်။ နိုင်ငံတွင်း စီးပွားရေးအဆင်မပြေမှု၊ စစ်ပွဲဖြစ်မှုတွေကြောင့် သာမန်ရထားတွေဟာ တချို့အရပ်ဒေသတွေဆီ ရောက်ရှိလာခြင်းမရှိတဲ့ အခြေအနေမှာ ဝါးရထားရယ်လို့ ဖြစ်ပေါ်လာခဲ့ရခြင်းပါ။ ပြောင်းလဲလာတဲ့အခုအချိန်မှာတော့ ဝါးရထားအများစုကို သာမန်ရထားတွေနဲ့ အစားထိုးခဲ့ပြီး ဖြစ်ပေမယ့် ကမ္ဘာလှည့်ခရီးသားများအတွက် ဝါးရထားလုပ်ငန်းဟာ တည်ရှိနေဆဲပဲဖြစ်ပါတယ်။

 

READ
ရုရှားရဲ့ ကမ္ဘာဖျက်ယန္တရားလိုတင်စားကြတဲ့ နျူကလီးယားဒရုန်းရေငုပ်သင်္ဘော

Ye Yint Kyaw

 

SHARE