(၂၀၂၀)ခုနှစ်မှာ ထွက်ရှိလာတော့မယ် ကြောက်စရာအကောင်းဆုံး ဇာတ်ကား(၅)ကား

YouTube/TheInvisibleMan

အခုဆိုရင်တော့ ၂၀၁၉နှစ်ဟောင်းကုန်လွန်ပြီး နှစ်သစ်ဖြစ်တဲ့ ၂၀၂၀ခုနှစ်ထဲကိုရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် သရဲကားတွေမှာတော့တကယ့်ဒါရိုက်တာဆရာကြီးတွေ ရိုက်ပြသွားတဲ့ ရိုက်ချက်တွေနဲ့ အရမ်းကောင်းတဲ့ ဇာတ်ညွှန်းရေးဆရာကြီးတွေရဲ့ ဇာတ်လမ်းတွေနဲ့အတူတူ ကြည့်ရှု့ခံစားပြီးပြီလို့ ထင်ပါတယ်။ဒါ့ကြောင့် အခု၂၀၂၀ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် သရဲကားတွေထဲကမှ ကြောက်စရာအကောင်းဆုံးရသကို ပေးစွမ်းနိုင်မယ်ထင်တဲ့ ကြောက်စရာအကောင်းဆုံး ဇာတ်ကား၅ကားကို တင်ဆက်ပေးလိုက်ပါတယ်။

(1)The Turning

ဒီဇာတ်ကားကိုတော့ Henry Jamesရေးသားထားတဲ့ ၁၉ရာစုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Turning of the Screw”ဆိုတဲ့ ဝတ္ထုစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။”The Runways”ဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာ Floria Sigismondiက ဒီဇာတ်ကားကို ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေကတော့ Mackenzie Davis, Finn Wolfhard နဲ့ Brooklynn Princeတို့ပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ အကြောင်းအရာကတော့ အတွေအကြုံမရှိတဲ့ ကလေးထိန်းနာနီတစ်ယောက်ဟာ ကျောချမ်းစရာကောင်းတဲ့ ကလေးနှစ်ယောက်ကို သရဲခြောက်တဲ့အိမ်ကြီးမှာနေပြီး စောင့်ရှာက်ရတာပဲ ဖြစ်ပါတယ်။ဇာတ်ညွှန်းကိုတော့ “The Conjuring”ဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးဆရာတွေဖြစ်တဲ့ Chadနဲ့ Carey Hayesက ရေးသားထားတာပဲ ဖြစ်ပါတယ်။

READ
မသေချာပဲ ဘယ်သူ့ ဘယ်သူ့မှ မနစ်နာစေချင်လို့ပါ လို့ ဆိုလာတဲ့ မျိုးကိုကိုစန်း

(2)The Lodge

ဒီဇာတ်ကားကတော့ ဖော်ဖော်ဝါရီလ(၇)ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး “Goodnight Mommy”ဇာတ်ကားကို ရိုက်ကူးသူတွေဖြစ်တဲ့ ဒါရိုက်တာ Severin Fialaနဲ့ Veronika Franzတို့ပဲ ဖြစ်ပါတယ်။ဇာတ်ကားရဲ့ အကြောင်းအရာကတော့ မိသားစုတစ်စုဟာ နှင်းတောထဲမှာရှိတဲ့ အိမ်လေးတစ်အိမ်ကို ပြောင်းလာပါတယ်။အဲဒီအိမ်လေးရဲ့ သဘောကိုက နှင်းတွေကျလာပြီဆိုရင် ခြောက်ခြားလာပြီး ဘာကိုကြောက်မှန်းမသိပဲ ကြောက်နေရတာပဲ ဖြစ်ပါတယ်။ မိသားစုမှာ မိခင်ဖြစ်သူဟာ ဖုံးကွယ်ထားတဲ့ သူ့အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ဒီအိမ်လေးနဲ့ ဆက်စပ်နေမလားဆိုတာကတော့…..။အရမ်းကိုကြောက်ဖို့ကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဖြစ်တာမို့လို့ သွားကြည့်သင့်ကြောင်း တိုက်တွန်း ပြောကြားပါတယ်။

(3)The Invisible Man

ဒီဇာတ်ကားကတော့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး ဒါရိုက်တာကတော့ Leigh Whannellပဲ ဖြစ်ပါတယ်။Whannellကိုတော့ “Saw”နဲ့ “Insidious”တို့ကို ဖန်တီးသူတစ်ယောက်အဖြစ်နဲ့ လူသိများပါတယ်။ဇာတ်ကားရဲ့ သရုပ်ဆောင်တွေကတော့ Elisabeth Mossနဲ့ Oliver Jackson-Cohenပဲ ဖြစ်ပါတယ်။ဇာတ်ကားရဲ့အကြောင်းအရာကတော့ မိန်းမတစ်ယောက်ဟာ သူမရဲ့ အရမ်းကြမ်းတမ်ရိုင်းဆိုင်းတဲ့ ရည်းစားဟောင်းက သူမအနောက်ကို တကောက်ကောက်လျှောက်လိုက်ပြီး သူမကို လိုက်လံဒုက္ခပေးနေတာပဲ ဖြစ်ပါတယ်။ ထူးဆန်းတာတစ်ခုက အဲဒီရည်းစားဟောင်းကို သူမကလွဲပြီး တခြားဘယ်သူမှ မမြင်ရတာပါပဲ။

READ
ပရဟိတဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ချီးမြှင့်ခြင်းခံလိုက်ရတဲ့ ဝေဠုကျော် နဲ့ ခိုင်နှင်းဝေ
(4)A Quiet Place 2

A Quiet Place-1 ကတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်ပါတယ်။ရုပ်ရှင်ရုံထဲမှာလည်း တိတ်ဆိတ်နေပြီး ဇာတ်ကားကလည်း တစ်ကားလုံး စကားပြောခန်းမရှိလောက်အောင်ကို တိတ်ဆိတ်နေတော့ အရမ်းကို သည်းထိတ်ရင်ဖို ဖြစ်စေမှာ အမှန်ပါပဲ။A Quit Place 1မှာတော့ အသံတစ်သံကြားတာနဲ့ ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိတဲ့ အကောင်ကြီးတွေက လာရောက်သတ်ဖြတ်တာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအရသာပျက်သွားမှာစိုးလို့ ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။သွားသာကြည့်လိုက်ပါ။နောင်တမရစေရဘူဆိုတာ ရဲရဲကြီးအာမခံပါတယ်။

(5)Candyman
Twitter/Yahya Abdul-Mateen

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Nia DaCosta ကရိုက်ကူးထားပြီး ဇွန်လ၁၂ရက်နေ့မှာ ထွက်ရှိမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ အကြောငွးအရာကတော့ လူသတ်တဲ့ တစ္ဆေတစ်ကောင်အကြောင်းပဲဖြစ်ပါတယ်။အကယ်၍ အဲဒီလူသတ်တစ္ဆေကောင်ရဲ့ နာမည်ကို ၅ခါတိတိ မှန်ရှေ့မှာ ခေါ်လိုက်တာနဲ့ မထင်မှတ်ထားတဲ့ နေရာကနေပေါ်ထွက်လာပြီး လက်ထဲမှာ ကိုင်ထားတဲ့ ချိတ်အကြီးကြီးနဲ့ လူတွေကို လိုက်သတ်တာပဲ ဖြစ်ပါတယ်။ Yahya Abdul-Mateen ကတော့ ဒီဇာတ်ကားမှာ သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။

Pyi Hein Kyaw

 

SHARE