ကမ္ဘာ့အန္တရယ်အများဆုံးနဲ့ ကြောက်စရာအကောင်းဆုံး တောင်တက်ခရီးစဉ်

[email protected] [email protected]

တောင်တက်တယ်ဆိုတာ ကောင်းတဲ့ ကိစ္စတစ်ခုပါ။ ကျန်းမာရေးရှု့ထောင့်ဘက်က ကြည့်ရင်ပဲဖြစ်ဖြစ်၊ လူအပေါင်းအသင်းဝင်ဆံ့ချင်ရင်ပဲဖြစ်ဖြစ် ဘာမှမစဉ်းစားပါနဲ့။ တောင်တက်လိုက်ပါ။ လူတော်တော်များများကတော့ တောင်တက်တော့မယ်တိုရင် တစ်ယောက်တည်းတည်းတက်တာထက် အဖွဲ့လိုက် တောင်တက်ရတာကို ပိုပြီး ကြိုက်နှစ်သက်ကြပါတယ်။ အခုပြောပြချင်တဲ့ တောင်တက်ခရီးစဉ်တစ်ခုကတော့ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးနဲ့ ကြောက်စရာအကောင်းဆုံး တောင်တက်ခရီးစဉ်တစ်ခုဖြစ်ကြောင်းThe Culture Trip သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

You probably never heared of these mountains, but if you visit, I can almost guarantee you, that they will be one of the prettiest you have ever seen. The mountain tops are easily accesible by lift, so you don,t have to worry about not being able to get up. If you are near Xian this area is definitely a must visit. It is only a 40 minute ride from the city center. Always remember that there are amazing hidden places everywhere #china #huashan #travel #xian #mountain #华山 #shaanxi #hiking #mountains #travelgram #huashanmountain #nature #wanderlust #instatravel #travelphotography #traveltheworld #asia #hike #中国 #landscape #mounthua #travelblogger #adventure #photooftheday #photography #西安 #mounthuashan #vacation #beautiful #chinatrip

A post shared by @ kublok on

အဲဒီတောင်ရဲ့ နာမည်ကတော့ Huashan တောင်ပဲ ဖြစ်ပါတယ်။ Huashan တောင်ဟာ တရုတ်နိုင်ငံ၊ Xi’an မြို့ရဲ့ အရှေ့ဘက် ကီလိုမီတာ ၁၂၀ ကျော်မှာ တည်ရှိပြီး Huayin မြို့အနားမှာ တည်ရှိတဲ့ တောင်ကြီးတစ်တောင်ဖြစ်ပါတယ်။ Huashan တောင်ရဲ့ မူလပုံစံကိုက ပန်းပွင့်ပုံစံတည်ရှိပြီး တောင်ထိပ်က (၅) ခုရှိပါတယ်။ အဆိုပါတောင်ထိပ်တွေကိုတော့ အရှေ့ဘက်တောင်ထိပ်၊ အနောက်ဖက်တောင်ထိပ်၊ တောင်ဖက်တောင်ထိပ်၊ မြောက်ဖက်တောင်ထိပ်နဲ့ အလယ်ဖက်တောင်ထိပ်ဆိုပြီး တောင်ထိပ် (၅) ခု ခွဲခြားထားပါတယ်။

READ
လည်ပတ်ချင်စရာကောင်းလောက်အောင် အထူးအဆန်းတွေနဲ့ ပြည့်နှက်နေတဲ့ကနေဒါ

https://www.instagram.com/p/B-HVMVEq_jC/

တောင်တက်တော့မယ်ဆိုရင်လည်း ပထမဦးဆုံး ကိုယ်ကြိုက်နှစ်သက်ရာ တောင်ထိပ်ကို အရင်ဆုံးတက်ရမှာ ဖြစ်ပါတယ်။ တောင်တက်လမ်းကတော့ တော်တော်မက်စောက်ပေမယ့် အဲဒီလောက် အန္တရာယ် မရှိသေးပါဘူး။ အန္တရာယ်ရှိတဲ့ နေရာကတော့ တောင်ထိပ် ၅ ခုကို ချိတ်ဆက်ထားတဲ့ လမ်းတွေပါပဲ။ အဲဒီလို ချိန်ဆက်ထားတဲ့ လမ်းတွေကြောင့်ပဲ Huasan တောင်ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး တောင်အဖြစ် သတ်မှတ်ခံထားရခြင်းပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/CCEVYOUFO2s/

အဲဒီ သစ်သားလျှောက်လမ်းတွေရဲ့ အကျယ်ဟာ ၃၀ စင်တီမီတာလောက်သာရှိပြီး ခြေနှစ်ဖက်လောက်တော့ ကောင်းကောင်းလွတ်တဲ့ လမ်းတွေဖြစ်ပါတယ်။ ဒါပေမယ့်တစ်ခုရှိတာကတော့ လျှောက်လမ်းတောက်လျှောက် တောင်နံရံတွေမှာ အသက်ကယ်ကြိုးတွေ ချိတ်ဆွဲထားလို့ရအောင် ပြုလုပ်ပေးထားပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အန္တရာယ်ကတော့ တော်တော်များများပါတယ်။ စည်းစနစ်တကျနဲ့ လျှောက်မယ်ဆိုရင်တော့ အန္တရယ်သိပ်မရှိပါဘူး။ ဒါပေမယ့် လူတစ်ချို့က အဆိုပါ လျှောက်လမ်းမှာ ဓာတ်ပုံရိုက်တဲ့အခါ အသက်ကယ်ကြိုးတွေကို ဖြုတ်ပြီး ဓာတ်ပုံရိုက်လေ့ရှိပါတယ်။ အဲဒါကြောင့်ပဲ လူ၁၀၀ ကျော်လောက်ဟာ ဒီတောင်ပေါ်က ပြုတ်ကျပြီး သေခဲ့ရတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အန္တရာယ်ကို စိန်ခေါ်ချင်တဲ့လူတွေနဲ့ စွန့်စားခန်းဖွင့်ချင်တဲ့လူတွေအတွက်တော့ ဒီ Huasan တောင်တက်ခရီးစဉ်ဟာ တော်တော်မိုက်တဲ့ ခရီးဏသ်တစ်ခုဖြစ်နေမှာတော့ အမှန်ပါပဲ။

READ
လတ်ဆတ်တဲ့ခံစားမှုတွေပေးနိုင်မယ့် ကမ္ဘာတစ်ဝန်းက ရောင်စုံမြို့လေးများ

https://www.instagram.com/p/CB0NAUXhCUh/

Pyi Hein Kyaw

SHARE