၂၀၁၉ ခုနှစ်ထဲမှာ အင်တာနက်အသုံးပြုတဲ့ လူတွေကြား ဘယ်အချက်တွေက ရေပန်းစားခဲ့သလဲ၊ ဘယ်လူတွေက ပိုလူသိထင်ရှားလာသလဲ၊ ဘယ်လိုအဖြစ်အပျက်တွေက နာမည်ကျော်ကြားခဲ့သလဲ့ဆိုတာကို Shwemom စာဖတ် ပရိသတ်တွေအတွက် ဖော်ပြခဲ့ပေးပြီးပါပြီ။ အခုလည်း အခြားရေပန်းစားခဲ့တဲ့ အကြောင်းအရာတွေကို ထပ်မံဖော်ပြေ ပးလိုက်ပါတယ်။
၁၀ – Bagel Boss Guy
ဇူလိုင်လတုန်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုပါ။ အဲဒီဗီဒီယိုဖိုင်ထဲမှာ ဂျေဒိုးနတ်ရောင်းတဲ့ဆိုင်တစ်ဆိုင်ထဲမှာ လူတစ်ယောက် အော်နေတာပါ။ သူ အော်နေတာကတော့ တခြား မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ဖူးစာရှာပေးနေတဲ့ dating apps ရဲ့ အကြောင်းတွေ၊ အမျိုးသမီးတွေရဲ့ အကြောင်းတွေနဲ့ သူ့အရပ်အကြောင်းတွေပါပဲ။ အဲ့ဒီပုဂ္ဂိုလ်ဟာ အရပ်ပုလို့ အကြီးအကျယ် အနှိမ်ခံရတာကို ဒေါသထွက်ပြီး အော်ဟစ်နေတဲ့ ဗီဒီယိုဖိုင်ကို ကြည့်မိတဲ့သူတိုင်း သဘောကျခဲ့ပါတယ်။
အကြီးအကျယ်ကို ပေါက်ကွဲနေတဲ့ ဗီဒီယိုဖိုင်ဟာ နာမည်ကြီးလာခဲ့ပြီးနောက်မှာ အင်တာနက်ပေါ်က လူတွေက သူ့ကို Bagel Boss Guy လို့ နာမည်ပြောင်ပေးလိုက်ပါတယ်။ အင်တာနက်ပေါ်မှာ ရက်ပေါင်းများစွာ နာမည်ကြီးခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုပါ။
၁၁ – ဟယ်ရီပေါ်တာထဲက ဇာတ်ကောင်လို CCTV ကနေ ဖမ်းယူရရှိ
So I woke up Sunday morning and saw this on my camera and am trying to figure out…what the heck?? First I saw the shadow walking from my front door then I saw this thing….has anyone else seen this on their cameras?? The other two cameras didn’t pick it up for some reason.
Posted by Vivian Gomez on Thursday, June 6, 2019
Vivian Gomez တစ်ယောက် သူ့ရဲ့ ကော်လိုရာဒိုက နေအိမ်က CCTV ကို စစ်ကြည့်တဲ့အခါ ရှော့ခ်ဖြစ်သွားပါတယ်။ သူ CCTV ထဲမှာ မြင်တွေ့ခဲ့ရတာတော့ အမျိုးအမည်မသိတဲ့ အရာတစ်ခုဖြစ်ပြီး ဟယ်ရီပေါ်တာရုပ်ရှင်ကားတွေထဲက ဇာတ်ကောင်တစ်ယောက်နဲ့ တော်တော်လေး တူတာပါ။ အဲဒီဗီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပြီး လူပေါင်းများစွာက စိတ်ဝင်တစားနဲ့ ကြည့်ခဲ့ကြပါတယ်။ Vivian Gomez ကတော့ သူ မြင်တဲ့ အရာဟာ တကယ့်အစစ်တစ်ခုဖြစ်တယ်လို့ သံသယမရှိ ယုံကြည်နေခဲ့တာပါ။ ဒါပေမယ့် လူတွေကတော့ အဲဒီ ဂြိုလ်သားလိုလို ဘာလိုလို အကောင်တစ်ကောင်ကိုကလေးငယ်တစ်ယောက်လို့ ပြောဆိုခဲ့ကြပါတယ်။
၁၂ – Face App

ကိုယ်အသက်ကြီးသွားရင် ဘယ်လိုပုံစံဖြစ်မလဲဆိုတဲ့ Application တစ်ခုကလည်း ခေတ်စားလိုက်ပါသေးတယ်။ တစ်ကမ္ဘာလုံးက လူတွေဟာ Face App ကို အသုံးပြုပြီး သူတို့ အသက်ကြီးလာတဲ့အခါ မျက်နှာသွင်ပြင်တွေဟာ ဘယ်လိုဖြစ်လာသလဲဆိုတဲ့ အရာကို ပျော်ပျော်ကြီး ပြုလုပ်ခဲ့ကြတဲ့ အဖြစ်အပျက်ဟာ ၂၀၁၉ ခုနှစ်ရဲ့အင်တာနက်မှာ ဟိုးလေးတကျော်ဖြစ်ရပ်တွေထဲမှာ တစ်ခုအပါအဝင်ပါ။
၁၃ – ဒုတိယသမ္မတဟောင်းကို မမှတ်မိခဲ့တဲ့ Keke Palmer
Hustlers ရုပ်ရှင်ကားထဲက မင်းသမီးတစ်ယောက်ဖြစ်တဲ့ Keke Palmer ဟာ Vanity Fair မဂ္ဂဇင်းက လုပ်တဲ့ တီဗွီပရိုဂရမ်တစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ အမေရိကန်အစိုးရရဲ့ ဒုတိယသမ္မတဟောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ Dick Cheney ကို Keke Palmer က လုံးဝကို မမှတ်မိခဲ့တဲ့ အဖြစ်အပျက်ဟာ အင်တာနက်ပေါ်မှာ ရေပန်းစားခဲ့ပါသေးတယ်။
သူ(မ)ကတော့ “ကျွန်မ ဒါကို ပြောရမှာတော့ မုန်းတယ်။ ကျွန်မ တကယ်ကို အဲဒီလူဘယ်သူမှန်း မသိဘူး။ ကျွန်မဆိုလိုတာက သူက လမ်းမှာ အမှတ်တမဲ့တွေ့လိုက်တဲ့ လူတစ်ယောက်လိုပဲလေ။ စိတ်မကောင်းပါဘူးရှင်”လို့ ပြောဆိုခဲ့ပါတယ်။
များမကြာမီမှာ အဲဒီဗီဒီယိုဖိုင်နဲ့ ပတ်သက်တဲ့ meme တွေလည်း ထွက်လာပြီး sorry to this man ဆိုတဲ့ စကားစုကလည်း ပြောစရာတစ်ခုဖြစ်ခဲ့တာပါ။
၁၄ – Kylie Jenner ရဲ့ rise and shine meme
if “kylie jenner has no talent” then explain this pic.twitter.com/2qHCBAA9zk
— (@pradagws) October 16, 2019

အောက်တိုဘာလမှာ Kylie Jennerဟာ Kylie Cosmetics ရုံးရဲ့ ခရီးသွားဗီဒီယိုဖိုင်တစ်ခုကို တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်ထဲမှာKylie Jenner ဟာ rise and shine သီချင်းကို ဆိုခဲ့တာပါ။ သိပ်မကြာခင်မှာပဲ အဲဒီ သူ ဆိုထားတဲ့ rise and shine သီချင်းဟာ meme တွေလည်း ထွက်လာပြီး remix လုပ်ပြီး ဟာသလုပ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါသေးတယ်။ Kylie Jenner ကိုယ်တိုင်ကလည်း Rise And Shine ဆိုတဲ့ စကားစုကို အမေရိကန်နိုင်ငံ မူပိုင်ခွင့်ရုံးမှာ မူပိုင်ခွင့်အတွက် မှတ်ပုံတင်ခဲ့ပါတယ်။
၁၅ – ခြံစည်းရိုးကနေ ခုန်ချ-မချ
RT if you saw this coming ♂️ #TheBachelor pic.twitter.com/fnThoFSycm
— The Bachelor (@BachelorABC) March 5, 2019
အချစ်စိတ်အချစ်မှန်နဲ့ ဘဝလက်တွဲဖော်ကို လိုက်လံရှာဖွေတဲ့ အကြောင်းကို သိုင်းဝိုင်းရိုက်ကူးထားတဲ့ The Bachelor ရုပ်ရှင်စီးရီးတစ်ခုဟာ လူကြည့်များတဲ့ စီးရီးတစ်ခုပါ။ The Bachelor စီးရီးရဲ့ ပရိသတ်တွေကတော့ စီးရီးရဲ့ တစ်ခန်းမှာ မင်းသား ကော့တွန်တစ်ယောက် ခြံစည်းရိုးကနေ ခုန်ချ၊ မချကို အငြင်းပွားခဲ့ကြပါတယ်။ ရှာရှာကြံကြံလူတွေပါပဲ။
သိပ်မကြာခင်မှာပဲ ကော့တွန်တစ်ယောက် တကယ်ပဲ ခြံစည်းရိုးကနေ ခုန်ချခဲ့ပါတယ်။
၁၆ – Cats ရုပ်ရှင်ကားရဲ့ ရိုက်ခတ်မှု
Cats ဆိုတဲ့ ရုပ်ရှင်ကားတစ်ကားရဲ့ trailer ဂျုလိုင်လမှာ ထွက်ရှိလာခဲ့တာပါ။ အဲဒီ trailer ထဲမှာ လူတွေဟာ ကြောင်တွေလိုမျိုး ပြင်ဆင် သရုပ်ဆောင်ထားတာပါ။ ဒါပေမယ့် ကြောင်အဖြစ် လုပ်ထားတဲ့ CGI တွေ၊ Effect တွေက တော်တော်လေးကို ကမောက်ကမနိုင်ခဲ့တဲ့ ပြင်ဆင်မှုတွေနဲ့ပါ။ ကြောင်တွေကို ကြည့်ရတာ ကြောင်တောင်တောင်ဖြစ်နေတာပါ။ အဲဒီ trailer နဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာ လူပြောများတဲ့ အရာတစ်ခုဖြစ်ခဲ့ပါတယ်။ တွစ်တာပေါ်က တစ်ယောက်ကတော့ အဲဒီ ဇာတ်ကောင်တွေက ကျနော့် အိပ်မက်ထဲကအတိုင်းပဲ။ လူမျက်နှာကြောင်ကိုယ်လုံးနဲ့လေ လို့ ရေးထားခဲ့ပါတယ်။
၁၇ – Alex Morgan ရဲ့ အောင်ပွဲခံ အမူအရာ
ဂျုလိုင်လအတွင်းမှာပဲ အမေရိကန်အမျိုးသမီးဘောလုံးအသင်းဟာ ဆီမီးဖိုင်နယ်မှာ ပြိုင်ဘက်အင်္ဂလန်နိုင်ငံအသင်းကိုအနိုင်ရခဲ့ပါတယ်။ တိုက်စစ်မှူးအဲလက်စ်မော်ဂန်ကတော့ အနိုင်ဂိုးသွင်းပြီး အမေရိကန် ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ဟာ သူ့ရဲ့ မွေးနေ့လည်း ဖြစ်နေပါတယ်။ လဘက်ရည်မော့သောက်တဲ့ ပုံစံနဲ့ သူမ အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ တော်တော်လေးကို နာမည်ကြီးခဲ့ပါတယ်။ အကြောင်းကတော့ သူမအောင်ပွဲခံတဲ့ အမူအရာဟာ အင်္ဂလန်နိုင်ငံသူ နိုင်ငံသားတွေကို စော်ကားတယ်ဆိုပြီး အကြီးအကျယ် စွပ်စွဲခံခဲ့ရတာပါ။
၁၈ – 10-year challenge
can u believe #10YearChallenge pic.twitter.com/zADhjesFXf
— Sheila (@sheilamushrif) January 16, 2019
၂၀၂၀ ကို ကူးပြောင်းတော့မယ် ကာလဟာ နှစ်သစ်တစ်နှစ်ကို ကူးပြောင်းတဲ့ သာမာန်နှစ်ကူးတစ်ခုတော့ မဟုတ်ပါဘူး။ ဆယ်စုနှစ်တစ်စုပြောင်းလဲသွားတဲ့ အရာတစ်ခုလည်းပါဝင်နေပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်းမှာ ဘာတွေဖြစ်ခဲ့သလဲ၊ ဘာတွေက ဘယ်လိုပြောင်းလဲသွားခဲ့သလဲဆိုတာကို နှိုင်းယှဉ်တဲ့ 10-year challengeလည်း နာမည်ကြီးတဲ့ အရာတစ်ခုထဲမှာ ပါဝင်ခဲ့ပါတယ်။
Ye Yint Kyaw