(၂၀၁၉) ခုနှစ်အတွင်း အင်တာနက်မှာ ရေးပန်းအစားခဲ့ဆုံး အကြောင်းအရာများ – (၁)

Twitter/Deny10

သိပ်မကြာခင် ၂၀၁၉ ခုနှစ်ကုန်ဆုံးလို့ ၂၀၂၀ ခုနှစ်ထဲကိုရောက်ရှိတော့မှာပါ။ ၂၀၁၉ ခုနှစ်ထဲမှာ အင်တာနက်အသုံးပြုတဲ့ လူတွေကြား ဘယ်အချက်တွေက ရေပန်းစားခဲ့သလဲ၊ ဘယ်လူတွေက ပိုလူသိထင်ရှားလာသလဲ၊ ဘယ်လိုအဖြစ်အပျက်တွေက နာမည်ကျော်ကြားခဲ့သလဲ့ဆိုတာကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁ –  Instagram မှာ like အများဆုံးရခဲ့တဲ့ ကြက်ဥ

၂၀၁၉ ခုနှစ်ရဲ့ ပထမဆုံးလမှာပဲ  IG မှာ @world_record_egg ဆိုတဲ့ အကောင့်ကနေ ကြက်ဥတစ်လုံးကို ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံတင်ခဲ့ပါတယ်။ အဲဒီကြက်ဥဟာ ရိုးရိုးသာမာန်ကြက်ဥတစ်လုံးပါပဲ။ ဘာကြက်ဥ ညာကြက်ဥဆိုပြီးတော့ မဟုတ်ပါဘူး။ ဓာတ်ပုံတင်ပြီး (၁၀)ရက်အကြာမှာပဲ အဲဒီကြက်ဥဓာတ်ပုံကို like ထားတဲ့ လူတွေဟာ ၅၃ မီလျံအထိ ရှိလာခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ဟာ အင်တာနက်တစ်ခွင်မှာ နာမည်ကျော်ကြားခဲ့တာပါ။ အဲဒီကြက်ဥဓာတ်ပုံကို ဖန်တီးခဲ့တဲ့ ခရစ္စဂေါ့ဖရေးဆိုတဲ့လူကတော့ စိတ်ကျန်းမာရေးကိစ္စရပ်တွေကို လူတွေ ပိုပြီး သတိထားနိုင်ဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။

၂ – bottle cap challenge

 

View this post on Instagram

 

Challenge accepted! #bottlecapchallenge

A post shared by Mariah Carey (@mariahcarey) on

ပုလင်းအဖုံးကို ဖွင့်တဲ့ Challenge ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီ Challenge ရဲ့ အစကတော့ UFC Featherweight ချန်ပီယံဖြစ်တဲ့ Max Holloway က အဆိုတော်ဂျွန်မေရာကို ပုလင်းအဖုံးဖွင့်ဖို့ Challenge လုပ်ခဲ့ရတာက စတင်ခဲ့တာပါ။ သိပ်မကြာခင်မှာပဲ ကမ္ဘာကျော်အဆိုတော်တွေ သရုပ်ဆောင်တွေပါ bottle cap challenge မှာပါဝင်လာကြပါတယ်။ ခန္ဓာကိုယ်တစ်ပတ်လည်ပြီး ကန်လိုက်တဲ့ ကစ်ချက်တွေနဲ့ bottle cap challenge ဗီဒီယိုများစွာလည်း အင်တာနက်မှာ မမြင်ချင်အဆုံးအထိ ဖြစ်ခဲ့ရပါတယ်။ bottle cap challengeမှာ  Diplo၊ Jason Statham၊ Shawn Mendes နဲ့ Justinတို့ လင်မယားအထိ ပါဝင်လာခဲ့တာပါ။ နာမည်ကျော် အဆိုတော် Mariah Carey က တော့ 

၃ –  kombucha ကို ပထမဆုံးအကြိမ်သောက်တဲ့ ဗီဒီယိုဖိုင်

ကျန်းမာရေးကောင်းစေတယ်လို့ လူတွေ ပြောပြောနေကြတဲ့ ကစော်ဖောက်ထားတဲ့ kombucha လို့ ခေါ်တဲ့ လက်ဖက်ရည်တစ်မျိုးကို အမျိုးသမီးတစ်ယောက်က ပထမဆုံးအကြိမ် သောက်ပြခဲ့တဲ့ ဗီဒီယိုဖိုင်ဟာလည်း နာမည်ကြီးခဲ့တာပါ။ အဲဒီTikTok ဗီဒီယိုဖိုင်ထဲမှာ kombucha လက်ဖက်ရည်ကို သောက်နေတုန်း ဖြစ်ပျက်သွားတဲ့ မျက်နှာအမူအရာတွေက အသက်ဖြစ်ခဲ့ပါတယ်။ လုံးဝကို ခံစားချက်မျိုးစုံဖြစ်ခဲ့တဲ့ အဲဒီအမျိုးသမီးရဲ့ မျက်နှာဟာ ဟာသတစ်ခုလည်းဖြစ်ခဲ့ပြီး memes တွေလည်း ထွက်ခဲ့ပါတယ်။ 

၎ – Game of Thrones ထဲက ကော်ဖီခွက်

READ
စွာလွန်းတဲ့ခွေးလေးကြောင့် ရေထဲပြန်ဆင်းပြေးခဲ့ရတဲ့ မိကျောင်းကြီးရဲ့အဖြစ်
Imdb/GameOfThrones

၂၀၁၉ ခုနှစ်ဟာ Game of Thrones ရဲ့ နှစ်တစ်နှစ်လို့ ပြောရင် မမှားလောက်ပါဘူး။ လူကြိုက်များပြီး စောင့်ကြည့်သူ သန်းနဲ့ ချီရှိခဲ့တဲ့ Games of Thrones စီးရီးရဲ့ နောက်ဆုံး Season မှာ ကော်ဖီခွက်တစ်ခွက် အမှတ်မထင်ပါသွားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ အဆိုပါ စီးရီးထဲမှာ ကော်ဖီခွက်ပါသွားတာက သေးသေးလေး ဆိုပေမယ့်လည်း တွေ့ရှိသွားခဲ့တဲ့ လူတွေကြောင့် နာမည်ကြီးခဲ့ရတာပါ။ ရိုက်ကွင်းစီစဉ်တဲ့သူတွေကတော့ ဒီလိုပါသွားတာဟာ သူတို့ရဲ့ အမှားပါလို့ ဝန်ခံသွားခဲ့ပါတယ်။

၅ – ဒေါ်နယ်ထရန့်ရဲ့ မိန့်ခွန်းကို တုန့်ပြန်ခဲ့တဲ့ တုန့်ပြန်ချက်

 

 

ဖေဖော်ဝါရီလမှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ မိန့်ခွန်းတစ်ရပ်ကို ပြောခဲ့တာပါ။ အဲဒီမိန့်ခွန်းဟာ Nancy Pelosi ဆိုတဲ့ အမျိုးသမီးအတွက်တော့ သဘောကျစရာတစ်ခုတော့ ဖြစ်ခဲ့ဟန်မတူပါဘူး။ လှောင်ပြောင်သလိုလိုနဲ့ လက်ခုပ်တီးခဲ့တဲ့ အဲဒီ ဓာတ်ပုံဟာ တခဏအတွင်းမှာ ပျံ့နှံ့သွားခဲ့ပြီး meme တွေတောင် ဖြစ်ခဲ့ပါတယ်။

၆ – Area 51 ကို ဝင်စီးမယ်ဆိုတဲ့ FB Events 

Facebook

အမေရိကန်အစိုးရက ဂြိုလ်သားတွေကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ဖြစ်လာတဲ့ Event လေးတစ်ခုပါ။ ဂြိုလ်သားတွေ သိမ်းဆည်းထားတယ်လို့ ယူဆရတဲ့ Area 51 ကို ဝင်စီးကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အတူ ဖြစ်လာတဲ့ Eventမှာ လူသန်းပေါင်းများစွာ ပါဝင်လာကြပါတယ်။ တကယ်တော့ အဲဒီ Events ဟာ ဟာသတစ်ခုအနေနဲ့ လုပ်ခဲ့တာပါ။ ဒါပေမယ့် တကယ်ပဲ အဲဒီနေ့မှာပဲ လူတွေ အများအပြားဟာ ဝင်ခွင့်ပိတ်ပင်ထားတဲ့ Area 51 နားလေးကို ရောက်လာခဲ့ပါတယ်။

၇ – တောရိုင်း အကောင် ၃၀-၅၀ ကို သတ်ချင်နေတဲ့ ဖခင်တစ်ယောက်ရဲ့ သောက

 

သြဂုတ်လအတွင်းမှာ အမေရိကန်နိုင်ငံမှာ ရှိတဲ့  Ohio နဲ့ Texas ပြည်နယ်တို့မှာ သေနတ်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ လူတိုင်းသေနတ်ကိုင်ဆောင်ခွင့် ဥပဒေနဲ့ နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ဆူညံ့လာခဲ့ပါတယ်။ သေနတ်တွေကိုပြန်သိမ်းဖို့နဲ့ ပိတ်ပင်ဖို့အတွက် လှုံဆော်မှုတွေဖြစ်လာခဲ့တာပါ။ ဒါပေမယ့်  William McNabb ဆိုတဲ့ လူတစ်ယောက်ကတော့ သူ့ရဲ့ သေနတ်တွေကို ပြန်သိမ်းတာကို မလိုချင်ခဲ့ပါဘူး။ တွစ်တာမှာပဲ သူ့ရဲ ခံစားချက်တွေကိုရေးတင်ခဲ့ပါတယ်။” ကျေးလက်ဒေသမှာ နေနေတဲ့ အမေရိကန်တွေအတွက် မေးစရာတစ်ခုရှိပါတယ်။ ကျနော့် ကလေးကစားနေတဲ့ ကွင်းထဲကို ပြေးဝင်လာတဲ့ တောဝက်အရိုင်း အကောင် ၃၀-၅၀ကို  ဘယ်လို သတ်ဖြစ်အောင် သတ်နိုင်မလဲ”လို့ ရေးခဲ့တာပါ။

သိပ်မကြာခင်မှာပဲ အဲဒီ စကားစုဟာ meme တွေအဖြစ်ပြောင်းသွားခဲ့ပြီး လူကြိုက်များတဲ့ ဟာသတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

၈ – ရွှေကမ္ဘာလုံး ဆုပေးပွဲက မိန်းကလေး

READ
ငွေ၁ပေါင်တည်းနဲ့ဝယ်ခဲ့တဲ့အိမ်အစုတ်အပြတ်ကို(၁)နှစ်ကြာပြီးတွေ့မြင်ရစဉ်

 

၂၀၁၉ ခုနှစ်မှာကျင်းခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Fiji ရေဘူးတွေ ကိုင်ထားတဲ့ဝန်ထမ်းတစ်ယောက်ရဲ့ ပုံရိပ်ဟာ ၂၀၁၉ ခုနှစ်ရဲ့ အင်တာနက်မှာ ရေပန်းစားခဲ့တဲ့ အဖြစ်အပျက်ထဲက တစ်ခုပါ။ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ မော်ဒယ်တွေရဲ့ ဓာတ်ပုံတွေနောက်မှာ ပါနေတဲ့ အဆိုပါ မိန်းကလေးဟာ အင်မတန်ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ ပုံစံနဲ့ ရပ်နေတာကြောင့် လူတွေ စိတ်ဝင်စားခြင်းကို ခံရခဲ့ရတာပါ။ အဲဒီ ကောင်မလေးကို ရုပ်ရှင်ရိုက်ခိုင်းပါဆိုတဲ့ တောင်းဆိုမှုတွေတောင် ရှိခဲ့ပါတယ်။

၉ –  VSCO girl

 

Buzzfeedတို့၊  The New York Times တို့လို အထင်ကရ သတင်းစာတွေက ဒီနှစ်ရဲ့ VSCO girl တွေရဲ့ နာမည်ကြီးလာမှုကို ထောက်ပြခဲ့ကြပါတယ်။ VSCO girlဆိုတဲ့ အခေါ်အဝေါ်ကတော့ ဓာတ်ပုံပြုပြင်တဲ့ Application က လာတာပါ။ သူတို့ရဲ့ အဆိုအရတော့ VSCO Girl တွေဟာ နှစ်မျိုးနှစ်စားရှိပြီး ပထမတစ်မျိုးကတော့ ချမ်းသာတဲ့အသိုင်းအဝန်းကလာပြီး ချောမောလှပတဲ့ မိန်းကလေးငယ်လေးတွေကို ဆိုတာပါ။ ဒုတိယကတော့ ဖက်ရှင်ကျကျ ဝတ်ဆင်ပြီး မိတ်ကပ်မပါ ဘာမပါဘဲနဲ့ over-size အကျီင်္တွေ ဝတ်ပြီး ဒီဇိုင်းကာလာ ကောင်းလွန်းနေတဲ့ မိန်းကလေးငယ်လေးတွေကို ဆိုလိုတာပါ။ ၂၀၁၉ ခုနှစ်မှာ အဲဒီလို ပုံစံတွေနဲ့ အမျိုးသမီးငယ်လေးတွေဟာ များပြားလာခဲ့တယ်လို့ဆိုပါတယ်။

Ye Yint Kyaw

SHARE