အရွယ်ရောက်ပြီးသူ လူအများစု ညဘက်အိပ်မပျော်ရတာ ပိုက်ဆံကြောင့်ပါလို့ဆို

Shutterstock/ Tero Vesalainen

စာဖတ်သူတို့အနေနဲ့ တစ်ခါတလေ ညဘက်အိပ်ရာထဲမှာ လှဲနေပေမယ့် ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်မပျော်တာတွေ၊ တောင်တွေးမြောက်တွေး တွေးတောပြီး နာရီနဲ့ချီပြီးကြာတဲ့အထိ တော်ရုံနဲ့ မအိပ်ပျော်တာမျိုး ကြုံဖူးမှာပါ။ မကြာသေးခင်တုန်းက Bankrate ကထုတ်ပြန်တဲ့ စစ်တမ်းအရတော့ အရွယ်ရောက်ပြီးသူ အမေရိကန်လူမျိုး (၇၈) ရာခိုင်နှုန်းဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ ငွေရေးကြေးရေးပြဿနာ၊ အလုပ်၊ လူမှုရေးပြဿနာတွေကြောင့် ညဘက်တွေမှာဆို အိပ်ပျော်ဖို့ မလွယ်ဘူးလို့ သိရပါတယ်။

Shutterstock/ Doucefleur

အသက် (၃၉) နှစ်ကနေ (၅၄) နှစ်အတွင်း အုပ်စုဝင်တဲ့ GenX က (၆၄) ရာခိုင်နှုန်းသော လူတွေကတော့ သူတို့အိပ်မပျော်ရတဲ့ အဓိကအကြောင်းရင်းဟာ ငွေရေးကြေးရေးကြောင့်ပါလို့ ဆိုပါတယ်။ တစ်လ တစ်လကို သူတို့ပေါင်နှံထားတဲ့ ပစ္စည်းတွေအတွက် အတိုးပေးဖို့၊ အိမ်ဌားခပေးဖို့နဲ့ အခြားကုန်ကျစရိတ်အထွေထွေတို့ကို စဉ်းစားရင်းနဲ့ တွေးရင်း အိပ်မရတော့ဘူးလို့ ဆိုကြပါတယ်။

READ
ဒီအချက်တွေကိုမရှောင်နိုင်ရင် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက သင့်ကိုလေးစားမှာမဟုတ်ဘူး
Shutterstock/Photographee.eu

အသက် (၂၃) နှစ်ကနေ (၃၈) နှစ်အတွင်း အုပ်စုဝင်နေတဲ့ Millennials တွေကတော့ GenX ပြီးရင် ငွေရေးကြေးရေးပြဿနာကြောင့် အိပ်မရဖြစ်နေတဲ့မျိုးဆက်အုပ်စုထဲ ဒုတိယနေရာကနေ လိုက်နေပါတယ်။ Millennials မျိုးဆက်ထဲမှာပါတဲ့ (၅၈) ရာခိုင်နှုန်းသော လူတွေကတော့ အိမ်ရဲ့အထွေထွေကုန်ကျစရိတ်တွေရယ်၊ ခရစ်ကဒ်နဲ့အကြွေးဝယ်ထားလို့ ပိုက်ဆံတွေအဖြတ်ခံရမှာရယ်၊ အသက်ကြီးတဲ့အခါ သုံးစွဲဖို့ ငွေမစုမိသေးတာရယ်ကြောင့် ညဘက်အိပ်ရာဝင်လို့ ဒါတွေကိုစဉ်းစားမိတိုင်း သောကများနေရတယ်လို့ သိရပါတယ်။

အသက် (၅၅) နှစ်ကနေ (၇၃) နှစ်အတွင်းရှိတဲ့ Baby boomers မျိုးဆက် (၅၄) ရာခိုင်နှုန်းဟာလည်း ငွေရေးကြေးရေးပြဿနာက သူတို့ကိုညဘက်အိပ်မရအောင် နှောင့်ယှက်နေတယ်လို့ အဖြေပေးခဲ့ကြပါတယ်။ အများစုကတော့ နေ့စဉ်သုံးအသုံးစရိတ်တွေ၊ အာမခံငွေကြေးတွေနဲ့ ကျန်းမာရေးဝန်ဆောင်ခတွေအတွက် စိုးရိမ်နေကြတာပါ။

shutterstock/ Monkey Business Images

အသက် (၁၈) နှစ် ကနေ အသက်(၂၂) နှစ်အတွင်း ရှိကြတဲ့ Gen Z မျိုးဆက်ကတော့ ငွေရေးကြေးရေးပြဿနာကြောင့် ညဘက်ကောင်းကောင်းမအိပ်ပျော်ဘူးဆိုတာ ရာခိုင်နှုန်းနည်းပါတယ်။ ဒါပေမယ့် သူတို့တွေဟာလည်း ကုန်ကျစရိတ်ပြဿနာတွေအတွက် အနည်းနဲ့ အများတော့ စိုးရိမ်ကြောင့်ကြရလေ့ရှိပါတယ်။ ဥပမာ.. Gen Z (၃၃) ရာခို်င်နှုန်းဟာဆိုရင် နေ့စဉ်အသုံးစရိတ်တွေအပြင်  ကျူရှင်ဖိုးတွေ ဈေးတက်လာမှာကို စိုးရိမ်ပူပန်ကြကြောင်း သိရပါတယ်။

READ
ကိုယ့်ကိုလိမ်နေမှန်း ဘယ်လိုသိနိုင်မှာလဲ
bankrate

ဒါကြောင့် ဘယ်မျိုးဆက်ကိုပဲ ကြည့်လိုက် ကြည့်လိုက်၊ ၀င်ငွေနည်းသူပဲ ဖြစ်ဖြစ် များသူပဲဖြစ်ဖြစ် အများစုဟာ ငွေရေးကြေးရေးပြဿနာတွေကြောင့် ညဘက်အိပ်မပျော်တဲ့ရောဂါဖြစ်နေကြကြောင်း worldofbuzz သတင်းဌာနအရ သိရှိရတာပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE