(၁၂)ရာသီခွင်တွေထဲမှာ အထူးခြားဆုံးဖြစ်နေတဲ့ မိန်ရာသီဖွားတွေအကြောင်း

Shutterstock/ Dzhulbee

မိန်ရာသီကို (၁၂) လရာသီခွင်ထဲမှာ အကောင်းဆုံးရာသီခွင်တစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။ မိန်ရာသီဖွားတွေဟာ တည်ငြိမ်အေးဆေးပြီး ကိုယ်ချင်းစာစိတ်ကြီးမားသူတွေ ဖြစ်ကြပါတယ်။ မိန်ရာသီဖွားဖြစ်ရခြင်းရဲ့ ကောင်းကျိုးအဖြာဖြာကို မိန်ရာသီဖွားအမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ ပိုပြီး ထင်ထင်ရှားရှားတွေ့ရတတ်ပါတယ်။ မိန်ရာသီဖွားအမျိုးသမီးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ရင်၊ ချစ်သူရည်းစားဖြစ်ရရင် သူမရဲ့ ထိုးထွင်းသိမြင်တတ်တဲ့ဥာဏ်နဲ့ သင့်ကိုပေးလာတဲ့ ချစ်ခြင်းမေတ္တာကြောင့် စာဖတ်သူဟာ ဘယ်တော့မှငြီးငွေ့ရမှာ မဟုတ်တဲ့အကြောင်း amomama ကနေ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

မိန်ရာသီဖွားအမျိုးသမီးတွေဟာ နှစ်လိုဖွယ်ရာကောင်းသူတွေပါ။ သူငယ်ချင်းများများစားစား မထားတတ်ပဲ ကိုယ်အမှန်တကယ်ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့သာ ၀န်းရံလိုသူတွေ ဖြစ်ကြပါတယ်။ မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေအပေါ်မှာ နွေးထွေးမှုပေးတတ်သလို နှုတ်လုံသူတွေလည်း ဖြစ်ပါတယ်။

Shutterstock/ Jackie Niam

မိန်ရာသီဖွားတွေဟာ သူတစ်ပါးရဲ့ခံစားချက်ကို ကိုယ်ပိုင်ခံစားချက်အဖြစ် ပြောင်းယူပြီး စာနာနားလည်နိုင်သူတွေပါ။ လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာလုံခြုံမှု နဲ့ ပံ့ပိုးမှု ပေးစွမ်းနိုင်သူတွေလည်း ဖြစ်ပါတယ်။ တေးဂီတကို ချစ်မြတ်နိုးသူတွေဖြစ်ကြသလို ဂီတတဲ့ပတ်သက်ပြီး ထက်မြက်တဲ့ဥာဉ်ကလည်း မွေးရာပါ ပါရှိပါတယ်။

READ
မိန်းကလေးတွေရဲ့ စိတ်ကို အပိုင်သိမ်းနည်း(ရာသီခွင်အလိုက်)

လူသားအားလုံးဟာ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်လိုစိတ်တွေ များကြပါတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ မိန်ရာသီဖွားအမျိုးသမီးတွေဟာ သူများထက်စာရင် ကိုယ့်အကြောင်းကိုသာ ဂရုစိုက်တတ်သူတွေပါ။ သူတို့ဘ၀မှာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတယ်၊ အစဉ်အမြဲဖန်တီးမှုအသစ်တွေနဲ့ ကြုံနေရတယ်ဆိုရင်ပဲ ဘ၀ကို နေပျော်ကြသူတွေပါ။ သူတစ်ပါးနဲ့ ပြိုင်ဆိုင်ဖို့ကိစ္စကို မိန်ရာသီဖွားတွေဟာ စိတ်မ၀င်စားကြပါဘူး။

ရာသီခွင်တွေထဲမှာ အနူးညံ့ဆုံး အသိမ်မွေ့ဆုံးခံစားတတ်တာဟာ မိန်ရာသီဖွားတွေပါ။ စိတ်လှုပ်ရှားလွယ်သလို၊ ငိုလွယ်ရီလွယ်သူတွေလည်း ဖြစ်ပါတယ်။ တစ်ဖက်သားရဲ့ ခံစားချက်တွေကို ထွင်းဖောက်နားလည်နိုင်တဲ့ စွမ်းအားရှိတာကြောင့် မိန်ရာသီဖွားတွေဟာ သူများရဲ့အမြင်ကို ဘယ်တော့မှ ကြမ်းကြမ်းတမ်းတမ်းဝေဖန်ရှုံ့ချတာမျိုး လုပ်လေ့မရှိပါဘူး။

Shutterstock/ WarmTail

မိန်ရာသီဖွားအမျိုးသမီးတွေဟာ တီထွင်ဖန်တီးနိုင်စွမ်းအား ကောင်းသူတွေ ဖြစ်ပါတယ်။ အနုပညာနဲ့ ဒီဇိုင်းအလှအပဆိုင်ရာတွေမှာ သူတို့ဟာ ထူးချွန်တတ်ပါတယ်။ မိန်ရာသီဖွားအမျိုးသမီးတွေဟာ စိတ်ခံစားလွယ်တာကြောင့် သူတို့ကို ဥာဏ်ရည်မထက်မြက်ဘူးလို့ဆိုရင်တော့ မှားပါလိ့်မ်မယ်။ မိန်ရာသီဖွားအမျိုးသမီးတွေဟာ ဥာဏ်ရည်ထက်မြက်သူတွေပါ။ တစ်ဖက်လူကို တွေ့လိုက်တာနဲ့ ၄င်းရဲ့ စိတ်နေသဘောထား ဘယ်လိုဘယ်ပုံရှိတယ်ဆိုတာကို ထွင်းဖောက်မြင်နိုင်ပါတယ်။

READ
ကုံရာသီဖွား (Aquarius) များအတွက် 2017 ဇွန်လ အထွေထွေ ဟောစာတမ်း

နောက်တစ်ခုကတော့ မိန်ရာသီဖွားအမျိုးသမီးတွေဟာ (၁၂) ရာသီခွင်ထဲမှာ အချစ်တတ်ဆုံးသူတွေပါ။ ကိုယ်တိုင်လည်း ချစ်တတ်သလို တယုတယနဲ့အချစ်ခံရတာကိုလည်း နှစ်သက်ကြပါတယ်။ မိန်ရာသီဖွားအမျိုးသမီးဟာ သူမရဲ့ လက်တွဲဖော်ကို ယုံကြည်မှုပေးထားသလို သူမဘက်ကလည်း သစ္စာရှိစွာချစ်နေသူတွေ ဖြစ်ပါတယ်။ အရာရာမှာ ခွင့်လွှတ်တတ်သူတွေ ဖြစ်ပြီး သင့်အနေနဲ့ သူတို့ကို နာကျင်အောင်လုပ်ရင်တောင်မှ သင့်ဘက်က ရိုးရိုးသားသားနဲ့ သူတို့ပြန်ယုံကြည်လာအောင် တောင်းပန်ခဲ့ရင် သူတို့က ခွင့်လွှတ်ပေးဦးမှာပါ။ ဒါပေမယ့် ကိုယ်တောင်းပန်တဲ့စကားနဲ့ အပြုအမူဟာ ရင်ဘတ်ထဲက လာတာတော့ ဖြစ်ဖို့လိုပါတယ်။ နို့မို့ဆိုရင်တော့ မိန်ရာသီဖွားအမျိုးသမီးတွေက သင်ဟာ တကယ်ပဲ သင့်အမှားအတွက် တောင်းပန်နေတာလား၊ ဟန်ဆောင်နေတာလားဆိုတာ ချက်ခြင်းသိနိုင်ကြပါတယ်။

လင်းလင်း (ShweMom)

SHARE