မိဘတိုင်း နမူနာယူသင့်တဲ့ ကလေးမိခင်တစ်ယောက်ရဲ့ အချက်(၁၇) ချက်ပါ ဖုန်းသုံးစာချုပ်

ယနေ့ခေတ်မှာ ကလေးတစ်ယောက်ကို ဖုန်းပေးသုံးတာဟာ အန္တရာယ်များလွန်းပါတယ်။ ဘလော့ဂါတစ်ယောက်ဖြစ်တဲ့ မယ်လ်ဝက်စ်ကတော့ သူမရဲ့ သားဖြစ်သူ အေဒင်ကို ဖုန်းတစ်လုံးဝယ်ပေးပြီးတဲ့အခါ သားဖြစ်သူ ဆောင်ရန်/ရှောင်ရန် စည်းကမ်းတွေကို စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်အရတော့ တကယ်လို့ အောက်မှာဖော်ပြထားတဲ့ အချက်တွေကို မလိုက်နာဘူးဆိုရင် ဖုန်းသိမ်းမယ်ဆိုပြီးတော့ ပြောထားခဲ့တာ ဖြစ်ပါတယ်။

instagram
instagram

စာချုပ်ထဲက စည်းကမ်းချက်တွေထဲမှာတော့..

၁. အကယ်၍ ဖုန်းပျက်စီး၊ ကျိုးပဲ့ခဲ့လျှင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် အစားထိုးလဲလှယ်ရမည်။ မိဘတွေဘက်မှ ဖုန်းမှန်ကပ်တဲ့အရာနဲ့ ဖုန်းကာဗာတွေ ၀ယ်ပေးပြီးဖြစ်သည်။

၂. မိဘတွေ ဖုန်းခေါ်လျှင် အမြဲတမ်းဖုန်းကိုင်ရမည်။ ဖုန်းမဖြေနိုင်လျှင် စာပြန်ပို့ရမည်။ အဆက်အသွယ်မလုပ်လျှင် လူပျေက်ရှာမည်။

၃. အင်တာနက်ဒေတာကုန်သွားလျှင် အပိုဆောင်းဒေတာရမည် မဟုတ်ပါ။

၎. အခန်းထဲမှာ အခြားဖုန်းတွေ ထပ်မရှိစေရ။

၅. အိပ်ရာမ၀င်ခင် မိဘထံသို့ ဖုန်းအပ်နှံရမည်။

READ
နယ်ပယ်အသီးသီးမှာ သြဇာတိက္ကမနဲ့ပြည့်စုံစေရန်နည်းလမ်းများ

၆. မနက်(၇) နာရီခွဲမတိုင်ခင် မည်သူဆီကိုမှ အနှောင့်အယှက်ဖြစ်စေအောင် စာပို့ခြင်း မပြုလုပ်ရ။

၇. ဖုန်းသုံးတာနဲ့ ပတ်သက်လို့ ကျောင်းက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမည်။

၈. သူစိမ်းတွေကို ဓာတ်ပုံ၊ ဗီဒီယိုမရိုက်ယူရ။

၉. ကိုယ်တိုင် သို့မဟုတ် ညီမ/အစ်မ ဖြစ်သူတွေအတွက် မသင့်တော်တဲ့အရာတွေကို ဆိုရှယ်မီဒီယာပေါ်မှာ မတင်ရ။

၁၀. ဆိုရှယ်မီဒီယာပေါ်မှ လူတွေကို ပြောင်လှောင်တာမျိုး မပြုလုပ်ရ။

၁၁. အကောင့်နာမည်နဲ့ စကားဝှက်ကို မိဘတွေထံ အသိပေးထားရမည်။ စကားဝှက်ပြောင်းတာနဲ့ တစ်ခါတည်း ဖုန်းသိမ်းမည်။

၁၂. ဖုန်းထဲက အရာတွေ၊ ဆိုရှယ်မီဒီယာနဲ့ အီးမေးလ်တွေကို တမင်တကာရည်ရွယ်ပြီး ဖျက်ထားကြောင်း သိလျှင် အကောင့်တွေ အကုန်ဖျက်ရမည်။

၁၃. ကိုယ်ရေးသားသမျှ၊ စကားပြောထားသမျှရဲ့ ဆိုလိုရင်းတွေကို သေချာမှတ်မိပါစေ။

READ
သင့်အသားအရေဟာ ဘယ်အမျိုးအစားထဲမှာ ပါနေသလဲဆိုတာ ခွဲခြားနည်း

၁၄. ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တင်ထားသမျှ ပြန်မဖျက်ပစ်ရ။

၁၅. အနိုင်ကျင့်ခံရလျှင် မိဘတွေကို ပြောပါ။ ဖုံးကွယ်မထားရ။

၁၆. မိဘတွေက ဆင်းမ်ကဒ်နဲ့ ဖုန်းအသုံးပြုခွင့်ပေးခြင်းသည် အခွင့်ထူးကြီးတစ်ခုဖြစ်ကြောင်း နားလည်ပါစေ။

၁၇. မိဘတွေရဲ့ ယုံကြည်မှုကို ပျက်ပြားအောင်လုပ်တဲ့ အကြမ်းဖက်ကိစ္စမှန်သမျှကို ပြုလုပ်တာနှင့်တစ်ပြိုင်နက် ဖုန်းအသိမ်းခံရမည်။

ဒါတွေကတော့ မိဘတွေ စံနမူနာယူထိုက်တဲ့ မယ်လ်ဝက်စ်ရဲ့ စာချုပ်ပါ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က လူတွေကတော့ သူမရဲ့ သားသမီးအပေါ်မှာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထားနိုင်တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ထောက်ခံအားပေးနေကြကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: unilad

SHARE