မင်္ဂလာပွဲတုန်းက မီဂန်ကို လက်ကိုင်ပန်းလှမ်းပေးခဲ့တဲ့ အမျိုးသမီးရဲ့ သရုပ်မှန်

စိန့်ဂျော့ဂ်ျဘုရားကျောင်းမှာ မီဂန်နဲ့ ဟယ်ရီရဲ့ မင်္ဂလာအခမ်းအနားအတွင်း မီဂန်ကို လက်ကိုင်ပန်းစည်းလှမ်းပေးခဲ့တဲ့ အမျိုးသမီးရဲ့ သရုပ်မှန်ကို အခုတော့ သိခဲ့ရပြီဖြစ်ပါတယ်။ တွေ့ရတဲ့ ဓာတ်ပုံကတော့ ဆော့စ်မြို့စားနဲ့ မြို့စားကတော်တို့က သူတို့ရဲ့ တစ်နှစ်ပြည့် မင်္ဂလာအထိမ်းအမှတ်အတွက် အင်စတာဂရမ်ပေါ်တင်ခဲ့တဲ့ ပုံတွေထဲက တစ်ပုံဖြစ်ပါတယ်။ ထိုအချိန်ကနေစပြီး မီဂန်ကို လက်ကိုင်ပန်းစည်းပေးခဲ့တဲ့ အမျိုးသမီးဟာ ဘယ်သူဖြစ်မလဲဆိုပြီး ပရိသတ်တွေက သိချင်စိတ်ပြင်းပြနေခဲ့တာ ဖြစ်ပါတယ်။

dailymail

ထိုအမျိုးသမီးဟာ တကယ်တော့ မင်းသားဟယ်ရီရဲ့ လက်ထောက် ကလယ်ရာမက်ဒန်ဆိုသူပဲ ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတော့ သူမဟာ ပြုံးရွှင်တဲ့မျက်နှာထားနဲ့ သတို့သမီးမီဂန်ဆီ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားတဲ့ ပန်းစည်းတစ်ခုကို ကမ်းပေးခဲ့တာ ဖြစ်ပါတယ်။ အသက်(၃၂) နှစ်ရှိပြီဖြစ်တဲ့ ကလယ်ရာဟာ နယူးဇီလန်နိုင်ငံမှ ဖြစ်ပြီး ဆော့စ်ဆက်မြို့စားမောင်နှံတို့ရဲ့ လုပ်ငန်းဆောင်တာအ၀၀နဲ့ ပတ်သက်ပြီး စီမံခန့်ခွဲရသူတစ်ဦးဖြစ်ပါတယ်။ မီဂန်နဲ့ ဟယ်ရီတို့ရဲ့ တော်ဝင်မင်္ဂလာပွဲ ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားအောင် နောက်ကွယ်က ကွပ်ကဲကြီးကြပ်ရသူလည်း ဖြစ်ပါတယ်။

READ
မလျော့သောဇွဲ့နဲ့ (၂၄)ကြိမ်တိုင် ကြိုးစားပြီးမှ လေယာဉ်မယ်ဖြစ်လာခဲ့တဲ့ အမျိုးသမီး

သူမဟာ (၂၀၁၆) ခုနှစ်တုန်းကတော့ ကိတ်နဲ့ ၀ီလျံတို့ရဲ့ မီဒီယာအကြံပေး အရာရှိဖြစ်တဲ့ နစ်ခ်လွန်းဂ်ရန် နဲ့ ချစ်ကြိုက်ခဲ့တာကြောင့် မီဒီယာလောကမှာ အတန်ငယ်လှုပ်ခတ်သွားခဲ့ပါသေးတယ်။ ကလယ်ရာဟာ အရင်တုန်းကတော့ ၀ီလျံနဲ့ ကိတ်ဆီမှာ အလုပ်လုပ်ခဲ့သူတစ်ဦးပါ။ ကိတ်ရဲ့ ညာလက်ရုံးလည်း ဖြစ်သလို ကိန်းဘရစ်မြို့စားမောင်နှံရဲ့ အဖွဲ့မှာ အဓိကအရေးပါတဲ့လူတစ်ဦးလည်း ဖြစ်ပါတယ်။ ၀ီလျံကိုယ်တိုင်ကလည်း ကလယ်ရဲ့ လုပ်ရည်ကိုင်ရည်ကို သဘောကျတယ်လို့ သိရပါတယ်။

dailymail

ဒီနောက်မှာတော့ ကလယ်ရာဟာ မင်းသားဟယ်ရီဆီမှာ ရွှေ့ပြောင်းအလုပ်လုပ်ခဲ့ပြီး မီဂန်ရဲ့ ဟယ်ရီရဲ့ မင်္ဂလာပွဲတစ်ခုလုံးကို တာဝန်ခံကြီးကြပ်ပေးခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး မီဂန်ကို ပန်းစည်းကမ်းပေးတဲ့သူက တော်ဝင်မိသားစုထဲက အနွယ်ဝင်တစ်ယောက်ဖြစ်လိမ့်မယ်ဆိုပြီး အများကယူဆခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တော်ဝင်မင်းသားရဲ့ မင်္ဂလာပွဲမှာ တော်ဝင်မျိုးနွယ်တစ်ယောက် မဟုတ်ပါပဲနဲ့ ကလယ်ရာကတော့ သူမရဲ့ ထူးချွန်တဲ့ လုပ်ရည်ကိုင်ရည်ကို အထူးအသိအမှတ်ပြုခံရတဲ့အနေနဲ့ သတို့သမီးမီဂန်ကို လက်ကိုင်ပန်းကမ်းခွင့်ရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

READ
အင်တာနက်မှာ နောက်ဆုံးပေါ်ဖြစ်နေတဲ့ နွားပေါက်လေးတွေအတွက် ဖက်ရှင်
dailymail
dailymail

လင်းလင်း (ShweMom)

Ref: dailymail

SHARE