‘No Time To Die’ လို့ အမည်ပေးထားတဲ့ (၂၅)ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ်

Daniel Craig/Twitter

ကမ္ဘာကျော် 007 ဇာတ်ကောင် ဂျိမ်းစ်ဘွန်းရဲ့ နောက်ဆုံးထွက်မဲ့ရုပ်ရှင်အမည်ကို ကြေညာလိုက်ပြီဖြစ်ပြီး ‘No Time To Die’ လို့ အမည်ပေး ထားတယ်လို့ သိရပါတယ်။ (၂၅)ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားကို လာမယ့် ၂၀၂၀ ဧပြီလထဲမှာ ဖြန့်ချိမှာဖြစ်တယ်လို့ သတင်းတွေ ထွက်နေခဲ့တာဖြစ်ပြီး အခုတော့ ဇာတ်ကားရဲ့ အမည်ကိုပါ ကြေညာလိုက်တာဖြစ်ပါတယ်။

IMDB

ဒီဇာတ်ကားမှာ ဂျိမ်းစ်ဘွန်းအဖြစ် မင်းသား ဒန်နီယယ်ခရိတ်ခ်ကပဲ ပါဝင်သရုပ်ဆောင်ဦးမှာဖြစ်ပြီး ပူပူနွေးနွေးအော်စကာဆုရှင် ရီမီမာလက်ခ် က ဗီလိန်ဇာတ်ရုပ်မှာ သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအရတော့ ဂျိမ်းစ်ဘွန်းဟာ အေးဂျင့်တာဝန်တွေကနေ အနားယူပြီး ဂျမေကာမှာ အေးအေးဆေးဆေး အနားယူနေချိန် CIA က သူရဲ့ သူငယ်ချင်းတဦးရဲ့ အကူအညီတောင်းမှုကြောင့် ပြန်ပေးဆွဲခံရတဲ့ သိပံ္ပပညာရှင်တဦးကို ကယ်ဆယ်ရင်း ထင်မှတ်မထားလောက်အောင် ကြီးမားတဲ့ အန္တရာယ်နဲ့ရင်ဆိုင်ရပုံကို ရိုက်ကူးထားတယ်လို့ သိရပါတယ်။

 

 

View this post on Instagram

 

Cat’s finally outta the bag! #BOND25

A post shared by Lashana Lynch (@lashanalynch) on

ဒါ့အပြင် ဂျိမ်းစ်ဘွန်းရဲ့ 007 ဇာတ်ကောင်ကို အမျိုးသမီးဇာတ်ရုပ်ဆီ လွှဲပေးတော့မယ်လို့ သတင်းတွေထွက်နေသလိုမျိုး တကယ်ဖြစ်လာ မလား ဆိုတာကိုလည်း ဒီဇာတ်ကားမှာ သိရမယ်လို့ ဆိုပါတယ်။ ဗြိတိန်အမျိုးသမီးသရုပ်ဆောင် Lashana Lynch ကို ဒီကားထဲမှာ 007 ဆိုတဲ့ ကိုယ်ပိုင်အမှတ်ကိုသုံးပြီး လှုပ်ရှားတာတွေ တွေ့ရနိုင်တယ်လို့ ရုပ်ရှင်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက အရိပ်အမြွက်ဆိုထားပါတယ်။

 

 

View this post on Instagram

 

A lickle taste… #B25

A post shared by Lashana Lynch (@lashanalynch) on

‘ဂျိမ်းစ်ဘွန်းက သူ့ရဲ့ တာဝန်တွေကနေ ထွက်ခွာသွားချိန်မှာ MI6 က သူ့ရဲ့စပိုင်နံပါတ် 007 ကို အမျိုးသမီးစပိုင်တယောက်ကို ပေးလိုက်တာ မျိုးဖြစ်နိုင်ပါတယ်။ 007 အဟောင်းနဲ့ အသစ်ရဲ့ ပူးတွဲအက်ရှင်တွေ၊ ပါဝါအားပြိုင်မှုတွေ၊ ချစ်မှုရေးရာတွေလည်း ပါလာနိုင်ပါတယ်’ လို့ ပြောခဲ့ ကြောင်း သိရပါတယ်။ ‘No Time To Die’ ရုပ်ရှင်ကို ဗြိတိန်မှာ ၂၀၂၀ ဧပြီ (၃)ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး အမေရိကန်မှာတော့ ၂၀၂၀ ဧပြီ (၈)ရက်နေ့မှာ ရုံတင်မယ်လို့ သိရပါတယ်။

KYM

SHARE