နယ်သာလန်နိုင်ငံရဲ့ စိတ်ဝင်စားဖွယ် သိကောင်းစရာအချက်များ

Image by Ansgar Scheffold from Pixabay

“နယ်သာလန်နဲ့ ဟော်လန်တူတူပဲလား…”

အဲ့ဒီ့ နိုင်ငံရဲ့ နာမည် ကြားလိုက်တာနဲ့ လူတွေဟာ မသိစိတ်ထဲမှာ စွဲနေတဲ့အရာ အမျိုးမျိုးနဲ့ နိုင်ငံကိုတွဲပြီး ပုံဖော်မိတတ်ကြတယ်။ ဥရောပနိုင်ငံတွေထဲမှာ နယ်သာလန်နိုင်ငံက လူ့အခွင့်အရေးဆိုတာကို အပြည့်အ၀ခံစားခွင့်ပေးတဲ့ နိုင်ငံဖြစ်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က မျှတတယ်။ ဒီလို -စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံနဲ့ ပတ်သက်ပြီး သိကောင်းစရာ အချက် တစ်ချို့ကိုလည်း ကျွန်တော်တို့ ဗဟုသုတအနေနဲ့ လေ့လာကြည့်ကြရအောင်…။

နယ်သာလန်ဟာ ဟော်လန်မဟုတ်ဘူး….

culturetrip

ပထမဆုံး ဒီအချက်နဲ့ စလိုက်ရအောင်..။ ဒါ လူတော်တော်များများ နားလည်မှုလွဲနေတဲ့ အချက်ဖြစ်တယ်။ အခု Noord-Holland နဲ့ Zuid-Holland ဆိုပြီး စီရင်စုနယ် နှစ်နယ် မခွဲခင် ယခင် ဟော်လန်ပြည်နယ်မှာ နယ်သာလန်ရဲ့ မြို့ကြီး သုံးမြို့ တည်နေတာကနေ အမှတ်တွေ လွဲမှားခဲ့တာဖြစ်ပါတယ်။ နောက်ထပ် စီရင်စု နယ် ၁၀ ခု နယ်သာလန်နိုင်ငံမှာ ရှိပါသေးတယ်။

နိုင်ငံက တကယ်ကို ညီညာပြန့်ပြူးပြီး နိုင်ငံရဲ့ ကုန်းမြေရဲ့ ပင်လယ်ရေ မျက်နှာပြင်အထက် ၁ မီတာမှာ ရှိပါတယ်။ Schiphol မြို့ဟာဆိုရင် ပင်လယ်ရေမျက်နှာပြင်အောက် ၄.၅ မီတာကို ရောက်နေတာပါ။ နယ်သာလန်နိုင်ငံဟာ ဆူနာမီ မုန်းတိုင်းဖြစ်တတ်တဲ့ အပိုင်းမှာ ကံကောင်းစွာနဲ့ ကျရောက်မနေပါဘူး။

သဘာဝကို တုပပြုလုပ်ထားတဲ့ ကုန်းပိုင်းတွေအပေါ်မှာ နယ်သာလန်နိုင်ငံရဲ့များစွာသော နယ်မြေ အပိုင်းအခြားတွေကို တည်ထားပါတယ်။ ချောင်း မြစ် ပင်လယ်တွေထဲက သဲ၊ ရွံ့ စတာတွေကို သောင်တူးစက်နဲ့ ဖော်ပြီး မြို့တွေ၊ မြို့နယ်တွေကို တည်ထားတယ်။ အမ်စတာဒမ် မြို့ရဲ့ အနီးတစ်ဝိုက်က မြို့နယ်တွေလည်း ထိုနည်း၎င်းပဲ။ နှစ်ဆယ်ရာစု ခေတ်လယ်လောက်က Zuiderzee ပင်လယ်ကွေ့ကနေ တူးဖော်ရရှိတာတွေနဲ့ Felvoland စီရင်စု နယ်တစ်ခုလုံးကို တည်ထားခဲ့တယ်လို့ သိရတယ်။

ဒတ်ခ်ျလူမျိုးတွေက ကမ္ဘာပေါ်မှာ အရပ်အမြင့်ဆုံးပဲ။ ယောက်ျားတစ်ယောက်ရဲ့ ပုံမှန်အရပ်အမြင့်က ၆ နည်းနည်းလေးကျော်ပြီး အမျိုးသမီးတွေကတော့ ၅ ပေ ၆ ရှိပါတယ်။ ဒါဟာ မျိုးရိုးဗီဇာ၊ အာဟာရ၊ လူမှုဖူလုံရေးနဲ့ အတုယူရလောက်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်း သုံးဆောင်မှုတွေကြောင့်လည်း ပါတယ်ဆိုပြီး သိပ္ပံပညာရှင် တစ်ချို့ကလည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ ထောင်စုနှစ် ကာလတွေကတည်းက ကျူးကျော်မှု၊ ထကြွသောင်းကျန်မှု၊ ခွဲထွက်ရေး၊ ပြန်လည်ပေါင်းစည်းရေးတွေကြောင့် နယ်သာလန်ကို နာမည်အမျိုးမျိုးနဲ့ သိနေကြရတာဖြစ်ပါတယ်။ အချက်အလက်တွေအရတော့ နိုင်ငံရဲ့ နာမည်ဟာ ၆ ကြိမ်လောက် ပြန်ပြန်ပေးခဲ့ရတယ်။ Seventeen Provinces ကနေ Dutch Republic အဲ့ဒီ့ကမှ The Batavian Republic နောက် the Batavian Commonwealth၊ ဆက်လက်ပြီး the Kingdom of Holland နဲ့ နောက်ဆုံး the United Kingdom of the Netherlands ဆိုပြီး ဖြစ်လာခဲ့ပါတယ်။

READ
လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ ကျော်က Batman နတ်ဘုရားကို ကိုးကွယ်ခဲ့ကြတဲ့ ရှေးမာယာလူမျိုးများ

ဥရောပတိုက်မှာတော့ နယ်သာလန်နိုင်ငံဟာ လူဦးရေ  အသိပ်သည်းဆုံး နိုင်ငံဖြစ်တယ်။ တစ်ကီလိုမီတာ ပတ်လည်မှာ ၄၈၇ ယောက်နေထိုင်ပါတယ်။ နိုင်ငံမှာ လူဦးရေ ၁ သန်းကျော်ရှိပြီး တခြားနိုင်ငံတွေနဲ့ စာရင်တော့ လူဦးရေ အသိပ်သည်းဆုံး ဥရောပနိုင်ဖြစ်နေပါတယ်။

နယ်သာလန်ဟာ အလွန်ပြန့်ပြူးတဲ့ နိုင်ငံဖြစ်တယ်။ နယ်သာလန်နိုင်ငံရဲ့ တစ်ခုတည်းသော အမြင့်ဆုံးပွိုင့်က The Vaalserberg တောင်ကုန်းဟာ အမြင့်ဆုံးဖြစ်ပြီး နိုင်ငံရဲ့ အရှေ့တောင်ပိုင်းစွန်စွန်းက Limburg စီရင်စုနယ်ထဲမှာ တည်ရှိပါတယ်။

အမ်စတာဒမ် မြို့ရဲ့ မြေဇီလွှာမှာ ထူထပ်တဲ့ စိမ့်မြေနဲ့ ရွှံ့အလွှာတွေ ပါဝင်နေပါတယ်။ ဒါကြောင့် မြို့ရဲ့ အားလုံးသော အဆောက်အဦးတွေကို ပျမ်းမျှ ၁၁ မီတာအနက်ရှိ သဲ အလွှာထဲ သစ်တိုင်တွေ စိုက်ပိုးပြီးတော့ တည်ဆောက်ကြပါတယ်။ Dam Square မှာရှိတဲ့ တော်ဝင်နန်းတော်ကိုဆို သစ်တိုင် ၁၃၆၅၉ တိုင်ထက် မနည်း အသုံးပြုပြီး တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။

နိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းသော ကလေးတွေဟာ အိမ်မှာပဲ မွေးဖွားလာခဲ့ကြတာပါ။ နိုင်ငံတော်တော်များများမှာတော့ ဆေးရုံမှာပဲ မွေးကြတယ်။ နောက်ပြီးတော့ ဒတ်ခ်ျလူမျိုးရဲ့ ၈၆ ရာခိုင်နှုန်းက အင်္ဂလိပ် ဘာသာကို  ဒုတိယ ဘာသာစကားအဖြစ် အသုံးပြုကြပါတယ်။ ကလေးတွေကိုလည်း ကျောင်းမှာ အင်္ဂလိပ်စာ သက်သက် သင်ကြားစေတယ်။

ကမ္ဘာပေါ်မှာ နယ်သာလန်နိုင်ငံဟာ ပထမဆုံး လိင်တူ ထိမ်းမြားလက်ထပ်ခွင့်ပြုခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်မှာ တရားဝင် ခွင့်ပြုခဲ့တာဖြစ်တယ်။ နောက်ထူးခြားချက်အနေနဲ့ကတော့ နိုင်ငံမှာ ၁၂၀၀၀ ကီလိုမီတာရှည်တဲ့ စက်ဘီးပတ်လမ်းရှိတယ်။ စက်ဘီးစီးနင်းတာက ရိုးရာဓလေ့တစ်ခုလိုဖြစ်နေပြီး နယ်သာလန်နိုင်ငံရဲ့ စက်ဘီးကွန်ယက်ဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံးလို့ သိရတယ်။ စုစုပေါင်း ၃၅၀၀၀၀ ကီလိုမီတာရှည်အောင် လှည့်ပတ်ဖောက်လုပ်ထားပါတယ်။

ref; Brightside

Matthew (ShweMOM)

 

SHARE