အမြန်စာဆိုင်တွေမှာ အာလူးကြော်တွေကို ဗန်းထဲထည့်မစားသင့်တဲ့ အကြောင်းရင်း

unsplash/NeONBRAND

အမြန်စာ အစားအသောက်တွေဟာ အရသာရှိတဲ့အပြင် မြန်လည်း မြန်ဆန်တာကြောင့် လူတော်တော်များများက နှစ်သက်ကြပါတယ်။ စားသောက်ဆိုင်သွားတဲ့အခါ အများစုက အာလူးကြော်မှာပြီဆိုရင် အားလုံးအလွယ်တကူ နှိုက်စားလို့ရအောင် အာလူးကြော်တွေကို ဗန်းထဲဖြန့်ခင်းပြီး စားသောက်လေ့ရှိပါတယ်။ ဒါပေမယ့် စားသောက်ဆိုင်မှာ အလုပ်လုပ်ဖူးတဲ့ ၀န်ထမ်းဟောင်းတစ်ဦးကတော့ အာလူးကြော်တွေကို ဗန်းထဲထည့်ဖြန့်ခင်းပြီး စားတာဟာ ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့ ဆိုခဲ့တာကို worldofbuzz မှာ တွေ့ရပါတယ်။

အဆိုပါလူက အခုလို ပြောခဲ့တာပါ။ “အမြန်စာစားသောက်ဆိုင်မှာ လုပ်ဖူးတဲ့ ၀န်ထမ်းဟောင်းတစ်ယောက်အနေနဲ့ ခင်ဗျားတို့ကို အကြံပေးချင်ပါတယ်။ အာလူးကြော်တွေကို ဗန်းထဲတိုက်ရိုက်ထည့်ပြီး စားတာမျိုးမလုပ်ပါနဲ့။ ကျွန်တော်တို့ ၀န်ထမ်းတွေက ဗန်းတွေကို အ၀တ်တွေနဲ့ သုတ်ရုံသုတ်တာပါ။ ဆေးတာမဟုတ်ပါဘူး…”

unsplash/Avi Naim

ထိုသူမျှဝေထားတဲ့ တွစ်ဟာ ခဏချင်းအတွင်းမှာတင် အွန်လိုင်းအသုံးပြုသူတွေကြား ပြန့်နှံ့သွားခဲ့ပါတယ်။ ထိုသူက အမြန်စာစားသောက်ဆိုင်တွေဟာ မသန့်ရှင်းတာမဟုတ်ပေမယ့် အစားအသောက်ထည့်တဲ့ ဗန်းတွေထဲတော့ တိုက်ရိုက်အစားအသောက်ထည့်စားတာမျိုး မလုပ်သင့်ဘူးလို့ ဆိုထားတာ ဖြစ်ပါတယ်။ ဗန်းတွေကို တစ်နေ့တာ အလုပ်သိမ်းလို့ ပြီးတဲ့အခါမှသာ အကုန်ဆေးကြောတာဖြစ်ပြီး ကြားထဲမှာတော့ မဆေးကြောပဲ သန့်ဆေးရည်နဲ့ပဲဖြစ်ဖြစ် သုတ်ပြီး သန့်စင်တာများကြောင်း ပြောပြပါတယ်။

READ
အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေစဉ် ဖရဲသီးစားပေးသင့်
unsplash/Wine Dharma

အမြန်စာစားသောက်ဆိုင်တွေမှာ စားသောက်စရာထည့်တဲ့အခါ ဗန်းတွေထဲ စက္ကူချပ်လေးတွေပါ ပါလာတတ်ပါသေးတယ်။ ဒီစက္ကူတွေဟာလည်း ဓာတုဆေးမှင်တွေနဲ့ ရိုက်ထားတဲ့ စက္ကူချပ်တွေဖြစ်နိုင်တဲ့အတွက် တကယ်လို့ အာလူးကြော်ပူပူဟာ ၄င်းဆေးမှင်တွေနဲ့ ထိတွေ့မိတဲ့အခါ လူကို အန္တရာယ်ဖြစ်စေနိုင်သေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အစားအသောက်တွေကို ဗန်းပေါ်ဖြန့်မခင်းပဲ အစားအသောက်ထည့်ထားတဲ့ ဘူးထဲ၊ ခွက်ထဲမှာသာ စားသုံးသင့်တယ်လို့ ထိုအမျိုးသားကပဲ ပြောပြခဲ့တာပါ။ စားသောက်ဆိုင်ဝန်ထမ်းတွေဟာ အတတ်နိုင်ဆုံး စားသောက်ဆိုင်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် လုပ်နေပေမယ့်လည်း အမှန်တကယ်သန့်ရှင်းမှုဖြစ်ဖို့အတွက် စားသုံးသူတွေဘက်ကလည်း အခုလို ပူးပေါင်းပါဝင်မှုတွေလိုကြောင်း ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE