လေယာဉ်ပေါင်း (၂,၀၀၀)ကျော် ပျက်ကျခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံက နဗားတာတြိဂံဒေသ

တောင်အမေရိကဒေသထဲက နှစ်ပေါင်းများစွာ လေယာဉ်တွေထောင်နဲ့ချီပျက်ကျခဲ့ကြတဲ့ နေရာတစ်နေရာဟာ လူတွေကြားထဲ မဖြေရှင်းနိုင်တဲ့ ထူးဆန်ပစ္ဆာသဖွယ်တည်ရှိနေပါတယ်။

နှစ်ပေါင်း (၆၀) အတွင်း နဗားတာတြိဂံဟာ များစွာသောလေယာဉ်တွေ ပျက်ကျခဲ့ရတာကြောင့် သချိင်္ုင်းသဖွယ်တည်ရှိနေပါတယ်။ လေယာဉ်နဲ့အတူပါသွားခဲ့ကြတဲ့ လူသားတွေကိုဟာလည်း ပျောက်ချင်းမလှပျောက်သွားခဲ့ကြပါတယ်။

ဒီကိစ္စကို လူတွေသတိထားမိလာအောင် စတင်နှိုးဆွခဲ့တာကတော့ ၂၀၁၀ ခုနှစ်တုန်းက ထုတ်လွှင့်ခဲ့တဲ့ Channel 4 ရုပ်သံလိုင်းရဲ့ documentary ပဲဖြစ်ပါတယ်။ အစီအစဉ်အရ အဲဒီအချိန်မှာတော့ လေယာဉ်ပေါင်း (၂,၀၀၀) ကျော်ပျက်ကျပြီးခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

Wiki

ဖရန်စနို၊ ကယ်လီဖိုးနီးယားကနေ ရီနိုအထိ၊ နဗားတာနဲ့ အယ်ရီဇိုးနားအနောက်ပိုင်းတို့ရဲ့ တစ်စိတ်တစ်ဒေသဆီပါဝင်နေတဲ့ တြိဂံပုံနယ်မြေကို နဗားတာတြိဂံလို့ အမည်တွင်စေခဲ့ပါတယ်။ ဒီတြိဂံနယ်မြေအတွင်းမှာ လပ်ဗီးဂပ်စ်မြို့၊ ယိုစန်းမတီ အမျိုးသားဥယျဉ်တို့အပြင် အမေရိကရဲ့ထိပ်တန်းလျှို့ဝှက်ထားရှိတဲ့ သုတေသနနယ်မြေ Area 51 နဲ့ Death Valley တို့ ပါဝင်နေပါတယ်။

နဗားတာတြိဂံအတွင်းလေယာဉ်ပျက်ကျခဲ့တဲ့ အထင်အရှားဆုံးအမှုကိုပြောပါဆိုရင်တော့ ၂၀၀၇ ခုနှစ်တုန်းက ခြောက်သွေ့တဲ့လွင်ပြင်ထဲ ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့ အမှုလို့ဆိုရမှာပါပဲ။ ဘီလီယံနာသူဌေးတစ်ဦးဖြစ်ပြီး စွန့်စားရတာကိုဝါသနာထုံသူ Steve Fossett ဟာ ကိုယ်တိုင်ပဲ ဒီဒေသတွင်းကိုဖြတ်ကာ လေယာဉ်မောင်းခဲ့ပါတယ်။ Steve Fossett ဟာ ကျွမ်းကျင်တဲ့လေယာဉ်မောင်းတစ်ဦးဖြစ်သလို သူ့ဘဝမှာလည်း အကြိမ် (၁၀၀) ထက်မနည်းတဲ့ အတွေ့အကြုံတွေရှိလို့နေပါတယ်။

EPA

ထူးဆန်းစွာနဲ့ပဲ ကယ်လီဖိုးနီးယားနဲ့ နဗားတာနယ်စပ်ကြားမှာ Steve Fossett ကိုယ်တိုင်မောင်းတဲ့လေယာဉ်ဟာ အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ ပျက်ကျခဲ့ပါတယ်။ သူဟာ မိတ်ဆွေဖြစ်သူ Barry Hilton နဲ့တွေ့ဆုံရန်အတွက် ကိုယ်ပိုင်လေယာဉ်ငယ်လေးကို နဗားတာ၊ Smith Valley နားမှ စတင်ထွက်ခွာခဲ့ပါတယ်။ Barry Hilton ဆီ လာနေကြောင်း ကြိုတင်အကြောင်းကြားထားခဲ့ပေမယ့် ရောက်ရှိရမယ့်ပျမ်းမျှအချိန်ထက် (၆) နာရီကြာပြီးတာတောင် Steve Fossett ရောက်ရှိလာခြင်းမရှိတာကြောင့် Barry Hilton က သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။

READ
ချွတ်ဆေးသုံးပြီး ကလေးရေချိုးပေးရတဲ့အကြောင်း မျှဝေခဲ့တဲ့ မိခင်တစ်ဦး

ဒုတိယကမ္ဘာစစ်ပြီးကတည်းကဆိုရင်တော့ Steve Fossett ကို ရှာဖွေတဲ့ အချိန်တုန်းက ကမ္ဘာပေါ်မှာ အကြီးမားဆုံးလူပျောက်ရှာဖွေမှုလို့ ဆိုရမှာပါပဲ။ စတုရန်းမိုင် (၂၀,၀၀၀) လောက်ကျယ်ဝန်းတဲ့ ဒေသအတွင်းမှာ သက်ဆိုင်ရာတွေမှ Steve Fossett ရဲ့ သဲလွန်စကို ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြပါတယ်။ Steve Fossett ပျောက်ဆုံးတာကိုရှာဖွေရင်းမှာတင် လူမသိသူမသိပျက်ကျထားတဲ့ အခြားသော လေယာဉ် (၈) စင်းကိုလည်း ဒေသအတွင်းမှာတွေ့ခဲ့ကြပါတယ်။

EPA

ရှာဖွေမှုကြီးကတော့ အရာမထင်ခဲ့ပါဘူး။ နောက်တစ်နှစ်လောက်အကြာမှာတော့ တောင်တက်သမားတစ်ယောက်က Steve Fossett ရဲ့ ID card (၃) ခုကို တစ်နေရာဆီကောက်မိခဲ့ပါတယ်။ ဒါကြောင့် အဲဒီနေရာတွေကနေ ခြေရာခံလိုက်ကာ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှာတော့ လေယာဉ်စစထွက်တဲ့နေရာနဲ့ (၆၅) မိုင်အကွာလောက်မှာ Steve Fossett ကိုယ်တိုင်မောင်းသွားခဲ့တဲ့ လေယာဉ်အပိုင်းအစတွေကို တွေ့ခဲ့ရပါတယ်။ အပျက်အစီးအတွေနဲ့အတူ အရိုး (၂) ချောင်းကိုလည်း တွေ့ခဲ့ရတဲ့အတွက် စစ်ဆေးမှုတွေ ပြုလုပ်လိုက်တဲ့ အခါမှာတော့ Steve Fossett ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

READ
အခုအချိန်ထိ အဖြေရှာမရသေးတဲ့ သမိုင်းထဲက ပဟေဠိများ အပိုင်း(၁)
Handout

Steve Fossett လို အတွေ့အကြုံရင့်ပြီးသားလေယာဉ်မောင်းတစ်ယောက်ဟာ တိုတောင်းလှတဲ့ ခရီးအကွာအဝေးလေးမှာ အခုလိုလေယာဉ်ပျက်ကျသွားခဲ့တယ်ဆိုတာ သိပ်ကိုထူးဆန်းလွန်းနေတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။ အဲဒီအချိန်ကစပြီး နဗားတာတြိဂံနယ်မြေကို ဘာမြူတာထက်လူတွေပိုစိတ်ဝင်စားလာခဲ့ကြပါတယ်။ ပျက်စီးနေတဲ့ လေယာဉ်အပိုင်းအဆတွေနဲ့ အမေရိကန်ရဲ့လျှို့ဝှက် အခြေစိုက်စခန်းဖြစ်တဲ့ Area 51 ကလည်း နဗားတာတြိရံနယ်မြေထဲရှိနေတာကြောင့်လည်း ထင်ကြေးတွေ အမျိုးမျိုးထွက်လျက် ရှိနေပါတယ်။

Handout

ကမ္ဘာ့အပြင်ဘက်က သက်ရှိတွေနဲ့ အစိုးရရဲ့စနက်တွေလို့ လူတိုင်းက ထင်နေကြသော်လည်း နောက်ဆုံးမှာတော့ရိုးရှင်းတဲ့အဖြေတစ်ခုထွက်လာခဲ့ပါတယ်။

ရာသီဥတုကြောင့်ပါတဲ့။ John Jelly ဆိုသူ လေယာဉ်ပိုင်းလော့တစ်ယောက်ဟာ နဗားတာမှာ လေယာဉ်မောင်းလာတာ ၁၉၇၄ ခုနှစ်ကတည်းကပါ။ တီဗီအစီအစဉ်တွေကနေတစ်ဆင့် နဗားတာတြိဂံအကြောင်းသိခဲ့ရပါတယ်။ ဒါကြောင့်အခုလိုဒေသအတွင်း ကျင်လည်နေတာကြာပြီဖြစ်တဲ့ John Kelly ကို မီဒီယာတစ်ခုမှ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းလိုက်တဲ့အခါမှာတော့ ဒေသအတွင်းလေယာဉ်ငယ်လေးတွေကို ပျက်ကျစေတဲ့ အဓိကအကြောင်းအရင်းဟာ လူတွေသို့လောသို့လောပြောနေကြသလို ထူးဆန်းတဲ့အကြောင်းအရာတွေကြောင့် မဟုတ်ဘဲ ရာသီဥတုကြောင့်လို့ဆိုပါတယ်။ တောင်ထူထပ်ပြီး မတ်စောက်တဲ့ တောင်တွေများလွန်းတာကြောင့် ပစိဖတ်မှတိုက်ခတ်လာတဲ့လေတွေဟာ မတ်စောက်တဲ့တောင်စောင်းတွေကို သွားထိတဲ့အခါမှာတော့ Mountain Waves လို့ခေါ်တဲ့ အင်အားကြီးလေလှိုင်းတစ်ခုကို ဖြစ်ပေါ်စေပါတယ်။ ဒီလှိုင်းတွေဟာ လေယာဉ်ငယ်တွေကို ရိုက်ခတ်သွားတဲ့အချိန်မှာတော့ ထိန်းမရဖြစ်ကာ လေရဲ့သွားရာလမ်းကြောင်းကလည်း အထက်မှအောက်သို့ တစောင်းအနေအထားဖြစ်နေတဲ့အတွက် ဆွဲချသလိုဖြစ်ပြီး ပျက်ကျခဲ့ရတာဖြစ်တယ်လို့ အသေးစိတ်ရှင်းပြခဲ့ပါတယ်။

Source: The Sun

Penny

SHARE