ပလပ်စတစ်ဘူးတွေနေရာမှာ အစားထိုးနိုင်မယ့် နည်းပညာသစ်ကို တီထွင်ခဲ့တဲ့ ကုမ္ပဏီ

carlsberg.com

ပလပ်စတစ်ဘူးတွေ၊ သံဘူးတွေဟာ မြေဆီလွှာထဲကို နှစ်ပေါင်းများစွာကြာမြင့်တဲ့အထိ မပျော်ဝင်နိုင်သလို မြေဆီလွှာက်ကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ အရာကလည်း ပလပ်စတစ်ပါပဲ။ ပလပ်စတစ်ပစ္စည်းတွေကို မဆင်မခြင် စွန့်ပစ်မှုတွေကြောင့် မြေဆီလွှာတွေ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ပျက်ဆီးလာသလို ပင်လယ်နေရေသတ္တဝါတော်တော်များများဟာလည်း ဒီပလပ်စတစ်ပစ္စည်းတွေကြောင့်ပဲ ဒုက္ခရောက်ပြီး သေကြေပျက်ဆီးနေရပါတယ်။

Marco Verch

အခုဆိုရင်တော့ ပလပ်စတစ်ဘူးတွေနေရာမှာ အစားထိုးနိုင်မယ့် နည်းပညာသစ်တစ်ခုကို တီထွင်နိုင်ခဲ့ပါပြီ။ ဒီနည်းပညာကို တီထွင်တဲ့ ကုမ္ပဏီကတော့ Avatium လို့ အမည်ရတဲ့ Dutch အခြေစိုက် ကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။ ဒီကုမ္ပဏီက တီထွင်ခဲ့တဲ့ နည်းပညာကတော့ သစ်ပင်ကို အခြေခံပြီးတည်ဆောက်ထားတဲ့ ဘူးခွံတွေပဲ ဖြစ်ပါတယ်။

carlsberg

ဒီဘူးကိုတော့ ကြံပင်ကနေ အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်သလို ဘာဓာတုပစ္စည်း အရောအနှောမှ မပါဝင်ပဲ သဘာဝအတိုင်း ထုတ်ထားတာပဲ ဖြစ်ပါတယ်။ ပုံစံကတော့ ပလပ်စတစ်လို ပုံစံဖြစ်ပြီး ပလပ်စတစ်ဘူးလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် ထူးခြားတာတစ်ခုကတော့ သာမန်ပလပ်စတစ်ဘူးက မြေဆီလွှာထဲမှာ ပျော်ဝင်ဖို့ ခက်ခဲပြီး ဒီပလပ်စတစ်ဘူးကတော့ မြေကြီးထဲမှာ အလွယ်တူ ပျော်ဝင်သွားနိုင်ပါတယ်။ သစ်ပင်ကို အခြေခံပြီး ပြုလုပ်ထားတဲ့ ပလပ်စတစ်ဘူးဖြစ်တာကြောင့် ဘာဘေးထွက်ဆိုးကျိုးမှလဲ မရှိပါဘူး။

အခုဆိုရင်တော့ နာမည်ကြီး အအေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Coca-Cola နဲ့ Calsberg ဘီယာကုမ္ပဏီတို့က လာမယ့်နှစ်အတွင်း သူတို့ဆီက ပလပ်စတစ်ဘူးတွေကို ဒီနည်းပညာနဲပ အစားထိုးအသုံးပြုတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။

READ
အိမ်မွေးတိရစ္ဆာန်လေးတွေကို ရှာဖွေပေးနိုင်မယ့်စက်ရုပ် သိပ္ပံပညာရှင်တွေတီထွင်နေ
piqsels

Pyi Hein Kyaw

SHARE