တရုတ်အွန်လိုင်းအသုံးပြုသူတွေကြား ရေပန်းစားလာတဲ့ Challenge အသစ်

တရုတ်အွန်လိုင်းအသုံးပြုသူတွေကြားမှာတော့ မကြာခဏ ဆိုသလို ထူးထူးဆန်းဆန်း Challenge တွေ တစ်မျိုးပြီး တစ်မျိုး ရေပန်းစားထွက်ပေါ်တာကို တွေ့ရပါတယ်။ အဲဒီ Challenge တွေက တရုတ်ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြား ပျံ့နှံ့ပြီး သူ့ထက်ငါအပြိုင် စိန်ခေါ် ဆင်နွှဲတတ်ကြပါတယ်။ တရုတ်အွန်လိုင်းအသုံးပြုသူတွေ ကြားမှာ ရေပန်းစားခဲ့ဖူးတဲ့ Challenge တွေထဲမှာဆိုရင် ရင်သားအလှနဲ့ ပတ်သက်ရင်တော့ …

ရင်သားကို အသည်းပုံဖော်တဲ့ Challenge ရှိခဲ့ဖူးသလို

ရင်သားအောက်မှာ ဖောင်တိန်ညှပ်တဲ့ Challenge လည်းရှိခဲ့ဖူးပါတယ်။ လက်ကောက်ဝတ်အသေးပြိုင်တဲ့ Challenge ၊ iPhone Leg Challenge၊ Lipstick Over Head Challenge .. . အစရှိတဲ့ Leg Challenge တွေလည်း အများကြီး ရှိခဲ့ဖူးပါတယ်။

READ
အိမ်စာမပြီးတဲ့ကျောင်းသား၂ယောက်ကို ကိုယ်လုံးတီးချွတ်ပြီးအခန်းဝမှာရပ်စေတဲ့ဆရာမ

ခါးအသေးပြိုင်တဲ့ Challenge မှာဆိုရင်တော့ A 4 စာရွက်ကိုသုံးပြီး ခါးက သေးပါတယ်ဆိုပြီး စိန်ခေါ်ခဲ့ဖူးပါတယ်။

ခါးကို နောက်ကနေ လက်နဲ့ ပြန်သိုင်းဖက်တဲ့ Challenge  လည်းရှိခဲ့ဖူးပါတယ်။

ဒီတစ်ခါရေပန်းစားနေတာကလည်း ခါးအသေး၊ ခါးအလှပြိုင်တဲ့ Challenge ပါပဲ။ ဒါပေမယ့် ဒီတစ်ခါကတော့ A 4 စာရွက်နဲ့ မဟုတ်တော့ပါဘူး။ ဒီ Challenge မှာတော့ ဘေးက အကူချစ်သူကောင်လေးပါ လိုလာပါပြီ။ “Shot Around the Waist”  လို့ ခေါ်ပါတယ်။ ခါးကို သိုင်းဖက်ပြီး ခွက်ထဲမှာ တစ်ခုခုထည့်ပြီး သောက်ပြတာပါ။

ကောင်မလေးက မတ်တပ်အနေအထားနဲ့ရပ် ကောင်လေးက ကောင်မလေးရဲ့ ခါးကိုသိုင်းဖက်၊ လက်ထဲက ခွက်ထဲမှာ တစ်ခုခုကို သောက်ပြတာပါ။ အဓိက ပြချင်တာကတော့ ခါးသေးတယ်ဆိုတာကို ပြချင်တာပါ။ အွန်လိုင်းပေါ်မှာတော့ ဒီ Challenge ကို ပါဝင်ဆင်နွှဲနေသူတွေ အများကြီး တွေ့ရပါတယ်။

READ
ဆံပင်အရှည်(၁၉)ပေ(၆)လက်မရှိတဲ့ အမျိုးသမီး

from koreaboo

SHARE