သာမန်အမျိုးသမီးမဟုတ်ဘူးဆိုတဲ့ Joe Biden ရဲ့ဇနီးသည် ဒေါက်တာ Jill Biden

instagram/drbiden

ဒေါက်တာ Jill Biden ဟာ အမေရိကန်သမ္မတသစ် Joe Biden ရဲ့ဇနီးသည်ဖြစ်ပါတယ်။ ၁၉၈၇ခုနှစ်မှာ Joe ဟာ ပထမဆုံးအကြိမ်အဖြစ် သမ္မတဝင်အရွေးမခံခင်ကတည်းက Jill ဟာ ဇနီးကောင်းအဖြစ်အတူရှိခဲ့တာပါ။ အခုဆို သူတို့ရဲ့အိမ်ထောင်သက်ဟာ နှစ်၄၀ကျော်ပါပြီ။ သူတို့မှာ သားတွေမြေးတွေမြစ်တွေအများကြီးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ အမေရိကန်ပြည်သူတွေရဲ့အာရုံဟာ Joe Biden အပေါ်ကိုကျရောက်လျက်ရှိနေပြီဖြစ်ပေမယ့် Jill Biden ကိုလည်း မေ့ထားလို့မရသေးပါဘူး။ သမ္မတကတော်အကြောင်း အချက်အလက်တစ်ချို့ကိုတော့ harpersbazaar ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

သူမဟာ ကျောင်းဆရာမဖြစ်ပါတယ်။ စာသင်လာတာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပါပြီ။ Jill ဟာ Northern Virginia Community College မှာ အင်္ဂလိပ်စာသင်ကြားတဲ့ ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပါတယ်။ ဒီမတိုင်ခင် Delaware မှာရှိတဲ့အစိုးရကျောင်းတော်တော်များများမှာ စာသင်ကြားခဲ့ပါတယ်။ သူမဟာ University of Delaware ကနေပဲ ပညာရေးနဲ့ပတ်သက်ပြီး ဒေါက်တာဘွဲ့ရရှိခဲ့ပါတယ်။

သူမကို နယူးဂျာစီပြည်နယ်မှာမွေးဖွားပါတယ်။ ၁၉၇၇ခုနှစ်မှာတော့ Joe နဲ့လက်ထပ်ခဲ့ပါတယ်။ Joe နဲ့လက်မထပ်ခင် သူဟာ Bill Stevenson ဆိုသူ အမျိုးသားတစ်ဦးနဲ့ ၁၉၇၀ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၉၇၅ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ အရင်အမျိုးသားနဲ့ သားသမီးမထွန်းကားခဲ့ပါဘူး။

 

View this post on Instagram

 

How it started vs. How it’s going

A post shared by Dr. Jill Biden (@drbiden) on

သူမဟာ သမ္မတကတော်ဖြစ်လာရင်တောင် စာတွေဆက်ပြီးသင်ကြားဦးမယ်ဆိုပါတယ်။ “ကျွန်မ စာသင်ရတာ ဝါသနာပါတယ်။ တကယ်လို့ အိမ်ဖြူတော်ကိုပြောင်းရွှေ့ဖြစ်ရင်တောင် ကျွန်မ စာဆက်သင်ဖြစ်ဦးမှာပါ။ ဒါအရေးကြီးပါတယ်။ ကျွန်မက လူတွေအနေနဲ့ ဆရာဆရာမတွေရဲ့တန်ဖိုးကို သိစေချင်တယ်။”

Jill ဟာ စစ်တပ်ကမိသားစုဝင်တွေကိုလည်း ပံ့ပိုးပေးတတ်သူတစ်ယောက်ပါ။ သူမဟာ သမ္မတကတော်ဟောင်း Michelle Obama နဲ့အတူလက်တွဲပြီး စစ်သားတွေ၊ စစ်ပြန်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေအကျိုးအတွက် လုပ်ဆောင်ခဲ့ဖူးပါတယ်။ သူမဟာ community college တွေရဲ့အရေးပါပုံကိုလည်း သဘောပေါက်သူဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်တုန်းကလည်း ပထမဆုံး Community Colleges တွေအကြောင်း အစည်းအဝေးတစ်ခုကို သမ္မတဟောင်းအိုဘားမားနဲ့အတူ အိမ်ဖြူတော်မှာပထမဆုံးကျင်းပခဲ့ပါသေးတယ်။

 

View this post on Instagram

 

Vote. We did.

A post shared by Dr. Jill Biden (@drbiden) on

Jill ဟာ ၁၉၉၃ ခုနှစ်မှာလည်း Biden Breast Health Initiative ကိုတည်ထောင်ပြီး ရင်သားကင်ဆာသုတေသနလုပ်ငန်းကို ထူထောင်ခဲ့ပါတယ်။ သူမသာ သမ္မတကတော်ဖြစ်လာရင် community college တွေရဲ့ကျူရှင်ခကို အခမဲ့သတ်မှတ်ပေးဖို့၊ ကင်ဆာရောဂါသုတေသနအတွက် ရန်ပုံငွေရှာဖို့၊ စစ်တပ်ပြည်သူတွေကို ထောက်ပံ့သွားပေးဖို့ အစီအစဉ်ရှိကြောင်းလည်း သိရပါတယ်။

READ
ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အာင် ဖြစ်နေပြီဆိုရင် ဒါလေးတွအရင်လုပ်ကြည့်လိုက်ပါ

ShweMom

SHARE