သမုဒ္ဒရာဆားငံရေကို သောက်သုံးရေချိုအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီဖြစ်တဲ့ ကင်ညာ

GivePower

ကမ္ဘာပေါ်မှာ လူဦးရေ (၂.၂) ဘီလီယံဝန်းကျင်ဟာ သောက်သုံးရေအတွက် ဒုက္ခကြုံနေရပါတယ်။ မကြာသေးခင်ကတော့ NGO Give Power ဟာ သမုဒ္ဒရာဆားငံရေကနေ သန့်ရှင်းလတ်ဆတ်တဲ့ ရေချိုတွေကို ထုတ်လုပ်ပေးမယ့် ဆိုလာစွမ်းအင်သုံး စက်ရုံတစ်ရုံကို တည်ဆောက်ခဲ့ကြောင်း boredpanda သတင်းအရ သိရပါတယ်။ ဒီသောက်သုံးနိုင်တဲ့ ရေချိုတွေဟာ တစ်နေ့ လူအယောက် (၂၅,၀၀၀) ကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

Give Power ဟာ ပထမဆုံး ဆိုလာစွမ်းအင်သုံး ရေချိုအသွင်ပြောင်းစက်ကို ယခုနှစ် သြဂုတ်လကမှ စတင် စမ်းသပ်ခဲ့တာပါ။ စက်ရုံကတော့ ကင်ညာနိုင်ငံ ကီဝမ်ဂါမြို့လေးမှာ တည်ဆောက်ထားပါတယ်။ သြဂုတ်လမှာတော့ ပင်လယ်ဆားငံရေကနေ ရေချိုတွေ ထုတ်လုပ်မှု အောင်မြင်အပြီး မြို့နေပြည်သူတွေရဲ့ လူမှုဘ၀ကိုပါ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။

READ
(၂၀၁၈) ခုနှစ် ရေအောက်သမုဒ္ဒရာဓာတ်ပုံပြိုင်ပွဲမှ ဆုရရှိသူများ
GivePower

Give Power ကတော့ သူတို့ရဲ့ရေချိုထုတ်နည်းပညာကို ကင်ညာနိုင်ငံတစ်နိုင်ငံထဲမှာတင် ရပ်တန့်မနေပဲ ကမ္ဘာရဲ့ အခြားသော အရပ်ဒေသတွေမှာပါ အသုံးချနိုင်ဖို့ စီစဉ်နေကြပါတယ်။ လူအများစုက ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ သန့်ရှင်းတဲ့သောက်သုံးရေကို မရရှိကြဘူးလို့ ယူဆကြပေမယ့် အထူးသဖြင့် အာဖရိက ဆာဟာရတစ်ပိုင်းဖြစ်နေတဲ့ နေရာမျိုးတွေမှာ ရေပြဿနာဟာ ပိုတောင် ဆိုးရွားပါသေးတယ်။ ဒါကြောင့်ပဲ ကင်ညာရဲ့ ကီဝမ်ဂါမြို့လေးဟာ ရေရှားပါးမှုပြဿနာကို အမြန်ဆုံးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့ကြတာပါ။

GivePower

ကီဝမ်ဂါမြို့လေးမှာ အောင်မြင်မှုရရှိပြီးတဲ့နောက်ပိုင်း ဒီပရောဂျက်ကို ကိုလံဘီယာနဲ့ ဟေတီလိုနိုင်ငံမျိုးတွေမှာ ဆက်လက် အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။ တကယ်တမ်းတော့ ပရောဂျက်ဟာ လူပေါင်း (၃၅,၀၀၀) ကို တစ်နေ့(၂၄) နာရီ လုံးလုံး ရေအပြည့်ပေးနိုင်တဲ့အထိ အသုံးပြုလို့ရပါတယ်။ ပရောဂျက်ထဲမှာတော့ ဆားငံရေကို သောက်သုံးရေချိုအဖြစ် ရအောင် လုပ်ဆောင်ရတဲ့ ကြားခံလုပ်ငန်းစဉ်တွေဟာ စွမ်းအင်အများအပြား လိုအပ်တဲ့အပြင် စရိတ်စကလည်း ကြီးပါတယ်။

READ
ရင်သပ်ရှုမောဖွယ်ကောင်းလွန်းနေတဲ့ နိုင်အာဂါရာရေတံခွန်ကြီးရဲ့ ဆောင်းရေခဲအလှ
GivePower

ဒါကြောင့် ရေရှည်အတွက် ဆိုလာစွမ်းအင်ကိုသာ အသုံးပြုဖို့ ပညာရှင်တွေက ဆုံးဖြတ်ခဲ့ကြတာပါ။ Give Power ဟာ ကီဝမ်ဂါမှာ solar water farm တစ်ခုကိုလည်း တည်ဆောက်ထားပြီး ၄င်းဟာ ဆိုလာပြားတွေနဲ့ နေရောင်ခြည်စွမ်းအင်ကို ထိန်းသိမ်းထားနိုင်ပါတယ်။ အဆိုပါ solar water farm ဟာ တစ်နေ့ကို စွမ်းအင်ကီလိုဝပ် (၅၀) ထုတ်ပြီး ရေစုပ်စက်(၂) လုံးကို (၂၄) နာရီစွမ်းအင်ပေးနိုင်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE