လူနာအမျိုးသမီးတွေကို ကာယကံရှင်တွေမသိအောင် သန္ဓေတည်စေခဲ့တဲ့ ဆရာဝန်

အငြိမ်းစား မျိုးဗီဇသန္ဓေဆရာဝန်တစ်ယောက်ဟာ အမျိုးသမီးဒါဇင်ပေါင်းများစွာကို ကာယကံရှင်တွေကိုယ်တိုင်တောင် မသိလိုက်ပဲ ၄င်းရဲ့ သုတ်ပိုးနဲ့ သန္ဓေတည်စေခဲ့ကြောင်း သိရပါတယ်။ ဒေါ်နယ်ကလိုင်းအမည်ရတဲ့ ၄င်းဆရာဝန်ဟာ အနည်းဆုံး ကလေး(၄၈) ယောက်တို့ရဲ့ ဖခင်ဖြစ်မယ်လို့ လတ်တလော အတည်ပြုထားပါတယ်။ ဒေါ်နယ်ကလိုင်းဟာ အသက်(၈၀) ရှိနေပြီဖြစ်ပြီး သူထောင်ထဲရောက်ပြီး (၁၆)လ ကြာမှ သူ့သုတ်ပိုးနဲ့ မွေးထားတဲ့ ကလေးတွေဟာ သူတို့ရဲ့ ဘ၀အမှန်ကို သိလာကြတာပါ။

thesun

အင်ဒီယားနားပိုးလစ်စ်နေ ဟီသာဝုက်ဆိုသူ အမျိုးသမီးက အတ္တလန္တိတ်သတင်းဌာကို အခုလို ပြောပြပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ် သြဂုတ်လမှာ လူစိမ်းတစ်ဦးဟာ သူမအိမ်ကို သူမနဲ့ မောင်နှမတော်စပ်ပါတယ်ဆိုပြီး ရောက်လာကြောင်း ပြောပါတယ်။ ဒါနဲ့ ဟီသာဟာ မိခင်ဖြစ်သူကို မေးတဲ့အခါ မိခင်ဖြစ်သူကလည်း မစိုးရိမ်ဖို့ ပြောပြတဲ့အတွက် မေ့မေ့ပျောက်ပျောက်ပဲ နေခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူမဆီကို သူမနဲ့ မောင်နှမတော်စပ်ပါတယ်ဆိုပြီး ရောက်ရောက်လာသူတွေ များလာတာကြောင့် DNA စစ်ဆေးမှုတွေ အဆင့်ဆင့် ပြုလုပ်ရာက အခုလို အမှုမှန်ပေါ်လာရတာပါ။

READ
ချစ်တင်းနှောဖို့သွေးဆောင်ပြီး ချစ်သူဟောင်းရဲ့ ဦးခေါင်းကို Chainsaw နဲ့ဖြတ်ခဲ့တဲ့ အမျိုးသမီး
facebook

ဒေါ်နယ်ကလိုင်းဟာ ဆေးခန်းဆီလာကြတဲ့ စုံတွဲတွေကို ဆရာဝန်တွေနဲ့ ဆေးကျောင်းသားတွေဆီက သုတ်ပိုးယူပေးမယ်ဆိုပြီး လိမ်ညာခဲ့တာဖြစ်ပါတယ်။ သူ့ဆေးခန်းဆီ လာပြတဲ့ လူနာတွေထဲမှာ အလှူရှင်ဆီက သုတ်ပိုးကို (၃) ကြိမ်သာ အသုံးပြုထားပြီး ကျန်တာတွေကိုတော့ သူ့သုတ်ပိုးကိုပဲ အသုံးပြုပြီး အမျိုးသမီးတွေကို သန္ဓေတည်စေခဲ့တာ ဖြစ်ပါတယ်။

ဒေါ်နယ်ကလိုင်းဟာ (၂၀၀၉) ခုနှစ်မှာ ဆရာဝန်ဘ၀က အငြိမ်းစားယူခဲ့ပါတယ်။ ကနဦးပိုင်း ရဲတွေစစ်ဆေးတဲ့အခါ သူက သူ့ကို စွပ်စွဲတဲ့အမှုတွေဟာ အမျိုးသမီးတွေက သူ့ကို အသရေဖျက်ချင်တာပါဆိုပြီး ငြင်းဆိုခဲ့ပါသေးတယ်။ သူဟာ (၁၉၇၀) နဲ့ (၁၉၈၀) ခုနှစ်များဆီက ပြုလုပ်ခဲ့တဲ့ သုတ်ပိုးလိမ်ညာမှုနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ဖြေရှင်းချက်လည်း မပြုလုပ်ခဲ့ပါဘူး။ အခုအခါမှာတော့ ဖော်ပြပါခုနှစ်တွေဆီမှာ အနည်းဆုံး အမျိုးသမီးဦးရေ (၅၀) ကို သူ့သုတ်ပိုးနဲ့ ကိုယ်ဝန်တည်စေခဲ့ကြောင်း ၀န်ခံလိုက်ပြီဖြစ်ပါတယ်။

READ
၉ထပ်တိုက်ကားပါကင်ပေါ်က အရှိန်လွန်ထိုးကျပေမယ့် ကံကောင်းခဲ့သူ
thesun

DNA စစ်ဆေးချက်တွေအရ ဒေါ်နယ်ကလိုင်းဟာ အနည်းဆုံးကလေး(၄၈) ဦးတို့ရဲ့ ဖခင်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပြီး လက်တွေ့မှာ ဒီထက် များနိုင်တယ်လို့လည်း သုံးသပ်ထားကြပါတယ်။ ဒေါက်တာ ဒေါ်နယ်ကလိုင်းကိုတော့ လိမ်ညာမှုနဲ့ အမှုတွဲတစ်ခုစီအတွက် ထောင်(၃) နှစ်အထက် အထိ ချမှတ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: thesun, theatlantic

SHARE