အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်စဉ်ကထက်တောင် ပိုကြီးပွားနေတဲ့ အိုဘားမားမောင်နှံ

instagram/barackobama

အမေရိကန်နိုင်ငံရဲ့ သမ္မတဟောင်းဖြစ်တဲ့ ဘားရတ်အိုဘားမားနဲ့ ၄င်းရဲ့ဇနီးသည် မစ်ရှဲလ်အိုဘားမားတို့ဟာ (၂၀၀၈) ခုနှစ် အိမ်ဖြူတော်မှာ အလုပ်လုပ်စဉ်ကထက် ယခုအခါ အဆ(၃၀) လောက် ပိုမိုကြီးပွားနေပြီဖြစ်ကြောင်း shared အွန်လိုင်းစာမျက်နှာအရ သိရပါတယ်။ Go Banking Rates အရ ဘားရတ်အိုဘားမားမှာ ခန့်မှန်းခြေ အသားတင်အမြတ် သန်း(၄၀) ရှိတယ်လို့ တွက်ချက်ထားပါတယ်။ (၂၀၁၅) ခုနှစ်မှာ အိုဘားမားမောင်နှံတို့ရဲ့ စုစုပေါင်းဝင်ငွေဟာ ဒေါ်လာ (၄၃၆,၀၆၅) ရှိကာ သူတို့က အခွန်အတွက် (၈၁,၄၇၂) ပေးဆောင်ခဲ့ပါတယ်။

အိုဘားမားမောင်နှံတို့ရဲ့ ယခုရရှိတဲ့ဝင်ငွေတွေဟာ သမ္မတသက်တမ်း(၈) နှစ်အတွင်း ၄င်းတို့စုဆောင်းထားလို့ရတဲ့ ငွေတွေချည်းပဲတော့ မဟုတ်ပါဘူး။ သူတို့က Penguin Random House နဲ့ စာချုပ်ချုပ်ပြီး နှစ်ယောက်စလုံးဟာ စာအုပ်တစ်အုပ်စီ ရေးရပါတယ်။ အဲ့ဒီကလည်း ငွေတွေဝင်ပါတယ်။ ဒီထဲမှာ မစ်ရှဲလ်ရဲ့Becoming ဟာ အရောင်းရဆုံးစံချိန်ချိုးတဲ့ နိုင်ငံရေးစာအုပ်ဖြစ်လာပါသေးတယ်။ Becoming ထဲမှာတော့ မစ်ရှဲလ်ရဲ့ အတွင်းကျတဲ့ ပုဂ္ဂိုလ်ရေးရာအတွေ့အကြုံတွေ ၀မ်းနည်းမှု ၀မ်းသာမှုစတဲ့ စိတ်ခံစားမှုအမျိုးမျိုးကို ဖော်ညွှန်းထားပါတယ်။ စာအုပ်ဟာ ကြိုတင်အော်ဒါပေါင်းများစွာ ရရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ စာအုပ်လည်း ဖြစ်ပါတယ်။

READ
အပြာမင်းသမီးဖြစ်ခဲ့ဖူးကြောင်း ဝန်ခံခဲ့တဲ့ ရဲဝန်ထမ်းအမျိုးသမီး
instagram/barackobama

ဘားရတ်ခ်အိုဘားမားရဲ့ စာအုပ်သစ်ကတော့ (၂၀၂၀) ခုနှစ်မှာ ထွက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီစာအုပ်ထဲမှာတော့ အမေရိကန်ရဲ့ (၄၄) ယောက်မြောက်သမ္မတအဖြစ် သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ဖော်ပြပေးသွားမယ်လို့ ဘားရတ်ခ်အိုဘားမားက ဆိုပါတယ်။ ယနေ့အချိန်ထိ အိုဘားမားမောင်နှံဟာ ကုသိုလ်ဖြစ်အဖွဲ့အစည်းပေါင်း (၃၀) ကျော်ကို ဒေါ်လာ (၆၄,၀၆၆) လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဘားရတ်အိုဘားမားဟာ ၄င်းရဲ့ သမ္မတသက်တမ်းကုန်ဆုံးပြီးတာတောင် ပင်စင်ကြေးအဖြစ် နှစ်စဉ် ဒေါ်လာ(၂) သိန်းရရှိနေပါတယ်။

instagram/barackobama

အခုဆိုရင်တော့ အိုဘားမားမောင်နှံဟာ Netflix နဲ့ အလုပ်လုပ်နေပြီး အခန်းဆက်ဇာတ်လမ်းတွဲတွေနဲ့ documentary အခန်းဆက်ရုပ်ရှင်တွေရိုက်ကူးဖို့ စီစဉ်ထားပါတယ်။ Higher Ground Productions အမည်ရတဲ့ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကိုလည်း သူတို့က တည်ထောင်ထားပြီးပါပြီ။ အိုဘားမားတို့က သူတို့ရိုက်ကူးထုတ်လုပ်မယ့် အစီအစဉ်တွေထဲမှာ လူ့အဖွဲ့အစည်းအတွက် ကောင်းသောပြောင်းလဲခြင်းတွေကို စွမ်းဆောင်ပေးတဲ့ လူတွေကို တွေ့ဆုံစကားပြောပေးမယ့် အထူးအစီအစဉ်တွေလည်း ပါဝင်ပါတယ်။

READ
ပုရွက်ဆိတ်အုံပေါ်မှာ မိခင်အရင်းက ရက်ရက်စက်စက် စွန့်ပစ်တာကို ခံခဲ့ရတဲ့ သမီးလေး
instagram/barackobama

Forbes သတင်းအရတော့ အိုဘားမားမောင်နှံမောင်နှံဟာ ယခုနှစ်နွေရာသီတုန်းကလည်း Martha’s Vineyard မှာရှိတဲ့ အိပ်ခန်း(၇) ခန်းပါ တန်ဖိုးကြီးအိမ်ကြီးကို ငှားရမ်းပြီး တည်းခိုခဲ့ပါသေးတယ်။ ဒါ့အပြင် (၂၉) ဧက ကျယ်ဝန်းပြီး သီးသန့်ကမ်းခြေတွေပါပါဝင်တဲ့ အိမ်ကြီးကိုလည်း (၁၄.၈၅) သန်းနဲ့ အိုဘားမားတို့က ၀ယ်ယူခဲ့ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE