ခြိမ်းခြောက်စွာတွေကြောင့် ဒေါ်လာ(၄)သိန်းကျော် အရှုံးခံရောင်းခဲ့ရတဲ့ အိမ်သစ်ကြီး

YouTube/ABCNews

Maria နဲ့ Derek Broaddus ဇနီးမောင်နှံဟာ ၂၀၁၄ ခုနှစ်က အမေရိကန်နိုင်ငံ၊ နယူးဂျာစီမှာရှိတဲ့ အိမ်ကြီးတလုံးကို ဒေါ်လာ (၁.၄)သန်းနီးပါးနဲ့ ဝယ်ယူခဲ့ကြပါတယ်။ အိပ်ခန်း(၆)ခန်းပါဝင်တဲ့ အဲဒီအိမ်ကြီးကို သူတို့ဇနီးမောင်နှံနဲ့ သားသမီး (၃)ဦးတို့ အတူနေဖို့ရည်ရွယ်ခဲ့ပေမဲ့ အခုတော့ လုံးဝမနေရခဲ့ရဘဲ ရောင်းချလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဘာကြောင့်ရောင်းချရသလဲဆိုတဲ့ အကြောင်းရင်းကတော့ အတော်ထူးဆန်းပါတယ်။ Broaddus တို့ မိသားစု အိမ်ကိုဝယ်ယူပြီး မကြာခင်မှာပဲ စာပို့သေတ္တာထဲကို ထူးဆန်တဲ့စာတွေရောက်လာခဲ့တာပါ။ The Watcher လို့ လက်မှတ်ရေးထိုးထားတဲ့ အဲဒီစာတွေ ပထမဆုံးရောက်လာချိန်မှာ သူတို့ကို အိမ်ကိုရောက်လာတဲ့အတွက် ကြိုဆိုကြောင်းနဲ့ သူဟာ ဒီအိမ်ကြီးကို သားစဉ်မြေးဆက်  စောင့်ကြည်နေတဲ့သူဖြစ်ကြောင်း မိတ်ဆက်ထားပါတယ်။

YouTube/FoxNews

The Watcher ဆိုသူက သူ့အဘိုးဟာ ဒီအိမ်ကြီးကို ၁၉၂၀ ပြည့်နှစ်တွေက စောင့်ကြည့်ခဲ့ကြောင်း၊ သူ့အဖေက ၁၉၆၀ ပြည့်နှစ်တွေမှာ စောင့်ကြည့်ခဲ့ကြောင်းနဲ့ အခုသူ့အလှည့်ရောက်လာပြီဖြစ်ကြောင်း၊ အိမ်ကြီးကလည်း သက်တမ်း (၁၁၀) နီးပါး ရှိလာပြီဖြစ်ကြောင်း ပြောထားပြီး Broaddus မိသားစုကို ဘယ်သူတွေလဲ၊ ဘာကြောင့်ဒီအိမ်ကိုဝယ်တာလဲဆိုတာ စုံစမ်းသွားမယ်လို့ ပြောထားပါတယ်။

READ
မြို့တစ်မြို့လုံးသုံးတဲ့ရေ ပန်းရောင်တွေ ဖြစ်နေလို့ မြို့ခံလူများ ထိတ်လန့်နေ

နောက်ပိုင်းမှာရောက်ရှိလာတဲ့စာတွေမှာတော့ Broaddus မိသားစုရဲ့ ကလေးတွေကို ခြိမ်းခြောက်တဲ့အရေးအသားတွေ ပါဝင်လာခဲ့ပြီး အိမ်ကို ကလေးငယ်၊ လူငယ်တွေရဲ့ သွေးနဲ့ဆေးကြောပစ်မယ့်အကြောင်း စတဲ့ ခြိမ်းခြောက်မှုတွေ ပါဝင်လာခဲ့တာပါ။ ဒါကြောင့် Broaddus မိသားစုဟာ အိမ်ကိုပြန်လည်ပြင်ဆင်နေတုန်းမှာပဲ ရောင်းချဖို့ စီစဉ်ခဲ့ကြပေမဲ့ သတင်းတွေပျံ့နှံ့နေခဲ့လို့ ဝယ်သူမရှိခဲ့ပါဘူး။

ဒါ့အပြင် Broaddus မိသားစုဟာ အိမ်ကြီးရဲ့ ယခင်ပိုင်ရှင်တွေဖြစ်တဲ့ Woods မိသားစုကိုလည်း ဒီလိုခြိမ်းခြောက်စာတွေရနေတာကို ထိန်ချန်မှုနဲ့ တရားစွဲခဲ့ပါသေးတယ်။ ဒါပေမဲ့ တရားရုံးမှာ Woods မိသားစုက အရင်က ဒီလိုမျိုး စာတွေ တခါပဲ ရခဲ့ဖူးကြောင်း၊ ဒါဟာလည်း Broaddus မိသားစုကိုရောင်းချဖို့ သဘောတူပြီးချိန်မှရောက်လာတာဖြစ်ကြောင်း ထွက်ဆိုခဲ့တာကြောင့် တရားရုံးက အနိုင်ပေးခဲ့ပါတယ်။ ခြိမ်းခြောက်စာတွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ယနေ့အချိန်အထိ တရားခံဘယ်သူလဲဆိုတာ မသိရသေးပါဘူး။

READ
အစာစားတိုင်း ကြက်လေးကောင်၊ ကြွက်တစ်ကောင် ကျွေးနေရတဲ့ စပါးအုံးမြွေကြီး

Broaddus မိသားစုဟာ နောက်ဆုံးမှာတော့ အိမ်ကိုရောင်းချနိုင်ခဲ့ပြီး ဝယ်ယူခဲ့စဉ်ကဈေးနှုန်းထက် ဒေါ်လာ (၄)သိန်းကျော် အရှုံးခံပြီးရောင်းခဲ့ရတယ်လို့ သိရပါတယ်။ Broaddus မိသားစုနဲ့ အိမ်ကြီးရဲ့ အကြောင်းကိုတော့ နာမည်ကျော် Netflix အွန်လိုင်းရုပ်သံက ရုပ်ရှင်(သို့)စီးရီးအဖြစ် ရိုက်ကူးသွားဖို့ စီစဉ်နေတယ်လို့လည်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

KYM

SHARE