ပြောင်းဖူးပေါက်ပေါက်ရောင်းပြီး လေယာဉ်တည်ဆောက်ခဲ့တဲ့ ပါကစ္စတန်က အညတရတီထွင်သူ

ပါကစ္စတန်နိုင်ငံက ပြောင်းဖူးပေါက်ပေါက်ရောင်းတဲ့ အမျိုးသားတစ်ဦးဟာ ဂုန်နီအိတ်တွေ၊ လန်ချားဘီးတွေနဲ့ ကိုယ်ပိုင် လေယာဉ်ပျံတစ်စင်းကို တီထွင်ခဲ့ပါတယ်။

မူဟာမက် ဖေးရက်ဇ်ဟာ ပြောင်းဖူးပေါက်ပေါက်ရောင်းတဲ့အပြင် လုံခြုံရေး အစောင့်လည်းလုပ်ပြီး အဲ့ဒီ့တွေက ရသမျှ အားလုံးကို သူ့ရဲ့ ငယ်ဘ၀ အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် စုဆောင်းခဲ့ပါတယ်။

AFP

မစ္စတာ ဖေးရက်ဇ်က အာရစ်ဖ်ဝါလာဆိုတဲ့ ရွာမှာ နေထိုင်နေပါတယ်။ သူက လေယာဉ်တည်ဆောက်ဖို့အတွက် ရုပ်သံ အပိုင်းတွေကို အဓိကထားပြီး ကြည့်တယ်၊ အွန်လိုင်ကနေ ပုံစံပြာတွေရှာတယ်။

လေယာဉ် အင်ဂျင်အတွက် လမ်းဖြတ်စက်က အင်ဂျင်ကို သုံးတယ်၊ အတောင်တွေကို ဂုန်နီအိတ်တွေနဲ့ ဆောက်တယ်၊ လေယာဉ် ဘီးအတွက်တော့ သုံးဘီးလန်ချားက ဘီးတွေကို ယူပါတယ်။

ဖေးရက်ဇ်ဟာ အံသြမှင်သက်ဖွယ် အလုပ်ဟာ နိုင်ငံ့ လေတပ်ရဲ့ သက်ဆိုင်ရာကိုယ်စားလှယ်တွေကို စိတ်ဝင်တစားဖြစ်စေခဲ့ပြီး တစ်ခါမက သူ့ဆီ လာရောက် လေ့လာတဲ့ အထိဖြစ်စေခဲ့ပါတယ်။ အာဏာပိုင်တွေက သူ့ရဲ့ ပြောင်မြောက်တဲ့ အလုပ်ကို ချီးကျူးတဲ့အနေနဲ့ တရားဝင် ထောက်ခံချက် လက်မှတ်တောင် ထုတ်ပေးခဲ့ကြပါတယ်။

EPA

ပထမဆုံးပျံသန်းတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ပြောကြားရာမှာလည်း လေပေါ်ကို တကယ်ရောက်နေခဲ့တယ်၊ ဘာကိုမှ ခံစားလို့ မရနိုင်အောင်ပဲဆိုပြီး ဖေးရက်ဇ်က ပြောပြပါတယ်။ သူရဲ့ ထူးခြားပြောင်မြောက်တဲ့ တီထွင်ကြံဆမှုကို အများသူငါ လေ့လာနိုင်အောင် ပန်ဂျက်ဘ် စီရင်စုနယ်ထဲက တဘာရွာရှိ ၄င်း သုံးခန်းတွဲ အိမ်မှာ ရပ်နားပြသထားကြောင်း သိရပါတယ်။

လက်ရှိ အသက် ၃၂ နှစ်အရွယ် ဖေးရက်ဇ်ဟာ ငယ်ဘ၀ထဲက လေတပ်ထဲဝင်ချင်တဲ့ အိပ်မက်တွေ ရှိခဲ့တယ်။ ဒါပေမယ့် ကျောင်းနေအရွယ်မှာပဲ ဖခင်ဖြစ်သူ ဆုံးပါးသွားတာကြောင့် အထက်တန်းကို ၇ တန်းလောက်နဲ့ ထွက်ခဲ့ရပြီး ကျန်တဲ့ မောင်နှမ အငယ် ငါးယောက်နဲ့အတူ ကျပန်းအလုပ်တွေလုပ်ရင်း မိခင်ကို ရှာဖွေကျွေးမွေးခဲ့ရသူဖြစ်ပါတယ်။

READ
သူခိုးကို လမ်းတွေပိတ်ပြီး တညီတညွတ်တည်းဝိုင်းဖမ်းခဲ့ကြတဲ့ ရပ်ကွက်သားများ
EPA

လေယာဉ်တည်ဆောက်ဖို့ စေ့ဆော်မှုတွေကို National Geographic Channel က တင်ဆက်တဲ့ လေယာဉ်ပျက် ထောက်လှမ်းစစ်ဆေးတဲ့ အပိုင်းတွေကိုကြည့်ပြီး ရရှိခဲ့ပါတယ်။ အဲ့ဒီကမှ ကန်အာ၊ လေထုဖိအား၊ လိမ်အားနဲ့ မောင်းနှင်အားတို့ကိုလည်း လေ့လာမှတ်သားခဲ့ပါတယ်။

EPA
EPA

လေယာဉ်ပုံကြမ်းတွေအတွက်တော့ မြို့ထဲက သက်သာတဲ့ အင်တာနက်ဆိုင်ကနေ ရယူခဲ့ပါတယ်။ စိတ်က အလွန်ထက်သန်နေတော့ မိသားစုပိုင် မြေကို ဖဲ့ရောင်းတယ်၊ အသေးစား ချေးငွေးလုပ်ငန်းဆီက ရူပီး ၅၀၀၀၀ ကိုချေးယူတယ်။ အခုထိလည်း ဆက်နေရတုန်းလို့ သိရပါတယ်။

စစချင်း ဂုန်နီအိတ်တွေကို လက်ကားဝယ်ယူတယ်၊ ဒီကြားတဲ့ လေယာဉ်ပန်ကာတည်ဆောက်ဖို့ သူလိုအပ်တာတွေကို ရှာဖွေ ပြသပေးနိုင်မယ့် တတ်သိတဲ့  ၀ပ်လျှော့ဆရာကိုလည်း ရှာရသေးတယ်။ လေယာဉ်တည်ဆောက်တာဟာ အလွန်ပြစ်မှုကြီးတဲ့ ကိစ္စလည်းဖြစ်နေပါတယ်။

တချို့သော ပစ္စည်းတွေဟာ အစားထိုးရတယ်၊ ဒီဇိုင်းကလည်း ပြင်ရတယ်၊ ၀ါယာရင်းတွေလည်း ပြန်ကိုင်ရတယ်။ ဒီလိုတွေနဲ့ ရှုပ်နေတဲ့အထဲ တစ်ချိန်လုံး နစ်မြှုပ်ထားလို့ အစွဲအလမ်းကြီးသွားမှာကိုလည်း မိသားစု အနေနဲ့ စိတ်ပူခဲ့ကြရပါတယ်။

လုပ်နေတာတွေကို ရပ်ပြီး မိသားစုနဲ့ အလုပ်အပေါ်ကို အာရုံစိုက်ဖို့ ပြောမြဲ ပြောလည်း ရူးသွပ်မှုက ကျော်လွန်းနေတော့ တစ်လုံးမှ နားမ၀င်ဘူးလို့ ၄င်းရဲ့ မိခင်ဖြစ်သူ မမ်တက်ဇ် ဘီဘီက ပြန်ပြောင်း ပြောပြပါတယ်။

(၂) နှစ်ထက်မက အချိန်ပေးပြီးတဲ့နောက် ဒီနှစ် ဖေဖော်ဝါရီလမှာ ဖေးရက်ဇ်ဟာ အသင့်ဖြစ်နေခဲ့တယ်။ ပထမဆုံးပျံသန်းဖို့ရာ လေယာဉ်ပြေးလမ်းအတွက် လမ်းကျဉ်းကျဉ်းလေးတစ်ခုကို သူငယ်ချင်းတွေက ၀ိုင်းကူဖောက်ပေးခဲ့ကြတယ်။

ပျံသန်းမှုနဲ့ ပတ်သက်ပြီး ဘေးက ဆိုင်ကယ်နဲ့တောက်လျှောက်လိုက်ခဲ့တဲ့ မျက်မြင်ဖြစ်သူ အမ်မီအာ ဟူစိန်ရဲ့ ပြောပြပုံအရတော့ လေယာဉ်ဟာ တစ်နာရီ ၁၂၀ ကီလိုမီတာနှုန်းအထိ ရောက်သွားခဲ့ကြောင်း၊ မြေပြင်ကနေ နှစ်ပေ နှစ်ပေခွဲ ကြားအမြင့်မှာ ရှိနေကြောင်း၊ မြေပြင်ပေါ် မဆင်းခင် နှစ် ကီလိုမီတာကနေ သုံးကီလိုမီတာလောက် ပျံသန်းခဲ့ကြောင်း ၄င်း မျက်မြင်က AFP သတင်းဌာနကို ပြောပြခဲ့ပါတယ်။

READ
ကျောင်းသားအယောက်စီတိုင်းအတွက် အထူးလက်ဆောင်ပြင်ဆင်ပေးတဲ့ ဆရာမ
AFP

ပထမအကြိမ် ပျံသန်းမှုက  ဖေးရက်ဇ်အတွက် ၄င်းရဲ့ အားထုတ်မှုကို လှောင်ပြောင်ကြတဲ့ ရွာထဲက တခြားသူတွေရှေ့ ထပ်ကြိုးစားဖို့ သတ္တိတွေရှိလာစေခဲ့တယ်။ ဒါကြောင့် မတ်လ ၂၃ ရက်နေ့ ပါကစ္စတန်ပြည်ထောင်စုနေ့ကို ရွေးချယ်ခဲ့ပါတယ်။

နိုင်ငံတော် အလံတွေကို ဝှေ့ရမ်းရင်း ရာနဲ့ချီတဲ့ လူအုပ်ကြီးဟာ ဖေးရက်ဇ်ရဲ့ လေယာဉ်သေးသေးလေးကို ၀န်းရံထားကြတယ်လို့ ရဲတွေက ပြန်လည်ပြောပြပါတယ်။ ဒါပေမယ့် စက်တောင် မနှိုးလိုက်ရဘူး ရဲတွေ ရောက်လာခဲ့ပြီး သူကို ချုပ်ခဲ့ကြပါတယ်။

နောက်တော့ တရားရုံးက ဒဏ်ငွေ ရူပီး ၃၀၀၀ ဆောင်စေပြီး လွှတ်ပေးလိုက်ပါတယ်။ ဒေသခံ ရဲစခန်းကို AFP က သွားရောက်မေးမြန်းရာမှာ မစ္စတာ ဖေးရက်ဇ်ရဲ့ လေယာဉ်ဟာ အန္တရာယ်မရှိတဲ့တိုင် ၄င်းကို ဖမ်းခဲ့ကြောင်း အရာရှိတွေက ပြောပါတယ်။

AFP

လေယာဉ်ကိုလည်း ဖေးရက်ဇ်ဆီ ပြန်အပ်ခဲ့ပါပြီ၊ သူ့အနေနဲ့ လွတ်လပ်စွာပျံသန်းနိုင်ဖို့အတွက် ပျံသန်းခွင့် လိုင်စင် (သို့) ပါမစ်တော့ ရှိထားသင့်တယ်လို့ အရာရှိ ဇာဖာ အစ်ကဘဲက ရှင်းပြပါတယ်။ လောလောဆယ်မှာတော့ ဖေးရက်ဇ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေပြီး သူရဲကောင်းတစ်ယောက်အဖြစ်၊ လေးစားဖွယ်ကောင်းသူအဖြစ် သမုတ်နေကျပါတယ်။

ပါကစ္စတန် လေတပ်ရဲ့ သက်ဆိုင်ရာတွေကလည်း နှစ်ကြိမ်တိုင်တိုင် လေယာဉ်ကို လာရောက်ကြည့်ရှုခဲ့ပြီး၊ သူ့ရဲ့ ဆန္ဒပြင်းပြမှုနဲ့ လက်မှုကျွမ်းကျင်မှုတို့ကို ချီးမြောက်တဲ့ အနေနဲ့ တရားဝင် ထောက်ခံချက် လက်မှတ်ကို ပေးအပ်ခဲ့ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Ref: Dailymail

Matthew (ShweMOM)
SHARE