ခရီးမလိုက်ပဲ အိမ်မှာနေပြီး အင်တာနက်သုံးချင်တဲ့ သားသမီးတွေကို ပညာပေးခဲ့တဲ့ မိဘနှစ်ဦး

Facebook/Cassie Langan

ဒီဘက်ခေတ်မှာ ကြီးပြင်းလာတဲ့ကလေးတွေဟာ ဘယ်နေရာရောက်ရောက် အင်တာနက်တို့၊ ဖုန်းတို့မရှိရင် မနေနိုင်ပါဘူး။ အဆိုးဆုံးက မိသားစုနဲ့အတူတူခရီးသွားရင်တောင် ဘယ်နေရာရောက်ရောက် ဖုန်းကို လက်ထဲက မချဘဲ ဂိမ်းပဲဆော့နေတဲ့ ကလေးမျိုး တွေ့ဖူးကြမှာပါ။ အခုလည်း မိဘတွေက အားလပ်ရက်ကမ်းခြေသွားဖို့ခေါ်တာ မလိုက်ဘဲနေခဲ့လို့ မိဘနှစ်ဦးဟာ အိမ်က အင်တာနက်စက်ကို သားသမီးတွေမသိအောင် ဖြုတ်ယူသွားကြောင်း Stuff သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

[email protected] Langan

Cassie Langan နဲ့ Chris Legan လို့ အမည်ရတဲ့ သြစတြေးရီးယားဇနီးမောင်နှံနှစ်ဦးဟာ ပိတ်ရက်မှာ ကမ်းဖြေကို မိသားစုခရီးလေးထွက်ဖို့ စီစဉ်ပြီး သားသမီးတွေကို အသိပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ သားသမီးတွေက ခရီးသွားတယ်ဆိုတာ အရမ်းပျင်းဖို့ကောင်းကြောင်း၊ ဘယ်မှ မသွားပဲ အိမ်မှာ အေးဆေးနေချင်ကြောင်း အစရှိသဖြင့် ကလန်ကဆန်ပြောခဲ့ကြပါတယ်။ နောက်ဆုံးတော့ မိဘနှစ်ပါးဟာ လက်လျှော့လိုက်ရပြီး သူတို့နှစ်ဦးပဲ ခရီးထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ကလေးတွေ မသိလိုက်တာက သူတို့မိဘနှစ်ဦးဟာ အိမ်မှာတပ်ထားတဲ့ အင်တာနက်စက်ကိုပါ ဖြုတ်သိမ်းသွားတာပါပဲ။

We asked our kids if they would like to go on a day trip to Warrnambool today and were met with the response 'that's so…

Posted by Cassie Langan on Sunday, January 12, 2020

“ကျွန်မတို့ ကလေးတွေကို ပိတ်ရက်လေးအပြင်သွားဖို့ခေါ်ပါတယ်။ မလိုက်ချင်တဲ့သူနဲ့၊ ခရီးသွားရမှာ ပျင်းတဲ့သူနဲ့၊ အိမ်မှာနေချင်တဲ့သူနဲ့ တစ်ယောက်တစ်မျိုးတွေချည်းပဲ။ နောက်ဆုံးတော့ လင်မယားနှစ်ယောက်ပဲထွက်လာခဲ့တယ်။ ဒါပေမယ့် အိမ်က အင်တာနက်စက်ပါ ဖြုတ်လာလိုက်တယ်” ဆိုပြီး သူမရဲ့ facebook အကောင့်မှာ တင်ခဲ့ပါတယ်။ အိမ်မှာတော့ ကလေးတွေ အင်တာနက်မရှိပဲ ဘာလုပ်နေကြမလဲ မသိ 😛

READ
သက်ကျားအိုသန်းကြွယ်သူဌေး ခင်ပွန်းသည်ကို ကွာရှင်းလိုက်ပြီဖြစ်တဲ့ ထိုင်းအပြာမင်းသမီး

Pyi Hein Kyaw

SHARE