Wallpaper ထားလိုက်တာနဲ့ ဖုန်းထဲပျက်ပြီး တိုင်ပတ်သွားစေနိုင်တဲ့ ဓာတ်ပုံတစ်ပုံအကြောင်း

Flickr- Gaurav Agrawal @ San Diego [email protected]

ဖုန်းတစ်လုံးရဲ့ အထဲက Data တွေနဲ့ Information တွေကို လုံးဝပြန်ရှာလို့မရအောင် ပျက်စီးသွားစေနိုင်တဲ့ အဓိကအကြောင်းအရင်းက ဖုန်း software ညိတာနဲ့ Factory format ချလိုက်တဲ့ အခါမျိုးပါ။ ဓာတ်ပုံတစ်ပုံကို Wallpaper ထားလိုက်တာနဲ့ ဖုန်းထဲက Datat တွေအကုန်ပျက်သွားစေတယ်ဆိုတာ တစ်ခါမှ မကြားခဲ့ဖူးပါဘူး။ ဒါပေမယ့် အခုကြားဖူးရတော့မှာပါ။ အဲဒီလို ဖုန်းတစ်လုံးကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ ဓာတ်ပုံကတော့ အောက်က ဓာတ်ပုံပဲ ဖြစ်ပါတယ်။

Prolific sunset at St Mary Lake, Glacier National Park

ဓာတ်ပုံကတော့ ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း တော်တော်လှပတဲ့ နေဝင်ရှုခင်းတစ်ခုပါပဲ။ အဆိုပါဓာတ်ပုံကို San Digo မြို့မှာ နေတဲ့ Gaurav Agrawal လို့ အမည်ရတဲ့ ဓာတ်ပုံဆရာတစ်ယောက်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ရိုက်ကူးခဲ့တဲ့ နေရာကတော့ အမေရိကန်နိုင်ငံ၊ Montana ပြည်နယ်၊ Glacier National Park အတွင်းရှိ St Mary Lake အနားမှာဖြစ်ပါတယ်။ Gaurav ကတော့ အဆိုပါဓာတ်ပုံကို သြဂုတ်လ ၂၀၁၉ ခုနှစ်မှာ “Magical Evening”ဆိုတဲ့ ခေါင်းစဉ်နဲ့ Flickr မှာ တင်ခဲ့ပါတယ်။

ဒီလိုနဲ့ Gaurav လဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ်။ ဒီလိုနဲ့တစ်ရက်မှာတော့ Gaurav တစ်ယောက် Flickr ထဲဝင်ပြီး သူ့ဓာတ်ပုံလေးတွေကို ပြန်ကြည့်တဲ့အချိန် “Magical Evening” ဓာတ်ပုံအောက်မှာ comment တော်တော်များများ တွေ့ခဲ့ရပါတယ်။ comment တွေမှာတော့ အဆိုဓာတ်ပုံကို Wallpaper ထားလိုက်တာနဲ့ Andriod ဖုန်း(Google Pixels ဖုန်းတွေနဲ့ Samsung ဖုန်းအများစု) တွေဟာ အထဲက Data တွေ ပျက်သွားကြပြီး ဖုန်းကလည်း ပိတ်လိုက်ဖွင့်လိုက်တွေ သူ့အလိုလို ဖြစ်နေခဲ့ကြောင်း သိရပါတယ်။

Twitter/gaurav_agrawal

“ ကျွန်တော့် ဓာတ်ပုံထဲမှာ တစ်ခြားဘာမှ မထည့်ထားပါဘူး။ ဓာတ်ပုံပြင်တုန်းကလည်း Lightroom နဲ့ extra-wide HDR color space ကို အရောင်လှအောင် နည်းနည်းတင်ခဲ့တာပဲ ရှိတာပါ။ အဲဒီလိုဖြစ်လို့ ကျွန်တော် နားလည်တက်ကျွမ်းတဲ့ လူတစ်ချို့ကို မေးကြည့်ပြီးပါပြီ။ အဓိကကတော့ Color မနိုင်လို့ပါပဲ။ အထူးသဖြင့် Version10 သုံးနေတဲ့ Andriod ဖုန်းတွေမှာ အဖြစ်များပါတယ်။ ပြီးတော့ သေချာကြည့်ရင် ဒီပုံထဲမှာ အရောင်အစုံအလင်ပါတယ်။ ဒီလိုကာလာအရမ်းစုံသွားတဲ့အချိန်မှာ Andriod ဖုန်းတော်တော်များများမှာသုံးထားတဲ့ Version 10 က ဒီလောက်အထိ ဖုန်း display မှာပေါ်အောင် color ကို လိုက်မညှိပေးနိုင်ပါဘူး။ အဲဒီအချိန်မှာ ဖုန်းကကြောင်ပြီး အထဲက Data တွေ ပျက်ကုန်တာပါ” လို့ Gaurav က BBC သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

READ
သေတဲ့အထိ အစားမလျှော့နိုင်ဘူးလို့ဆိုလာတဲ့ ပေါင် ၇၀၀ လူသား

Pyi Hein Kyaw

SHARE