မထင်မှတ်ဘဲ ဟာသဆန်ဆန် တလွဲဖြစ်ခဲ့ရတဲ့ Wildlife Photographty ဓာတ်ပုံများ

[email protected] Andrés [email protected] Oertel

ဆိုရှယ်မီဒီယာ သုံးဖူးတဲ့လူတော်တော်များများ Wildlife Photography ဓာတ်ပုံတော်တော်များများကို မြင်ဖူးကြမှာပါ။ Wildlife Photography ဆိုတာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သွားလာနေထိုင်စားသောက်မှုပုံစံတွေကို အမိုက်စားရိုက်ထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။ ဒီလို Wildlife Photography ဓာတ်ပုံကောင်းကောင်းတစ်ပုံရဖို့ အချိန်တော်တော်ကြာအောင် စောင့်ပြီး ကိုယ်လိုချင်တဲ့ ပုံစံအနေအထားရမှာ လျှပ်တစ်ပြက်ရိုက်ရတာ ဖြစ်ပါတယ်။ အခုပြောချင်တဲ့ Wildlife Photography ကတော့ အမှတ်မထင်လွဲခဲ့ရတဲ့ Wildlife Photography ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ အောက်မှာ တစ်ပုံချင်းစီ ကြည့်လိုက်ကြရအောင်။

အနေအထားကတော့ သူ့ကိုရိုက်ပြီးရင်ပဲ ဆွဲထိုးတောမယ့် ဒီဇိုင်းလေးနဲ့

Mark Oertel

ဒေါ်လာထောင်ပေါင်းများစွာအကုန်အကျခံပြီး ငါးမန်းဖြူရဲ့ပုံကို လိုချင်လို့ ရေအောက်ဆင်းမိပါတယ်။ လျှပ်တစ်ပြက်ငါးမန်းဖြူကို မြင်တော့ ရိုက်လိုက်တာ ဒီလိုပုံစံဖြစ်သွားရော

Kevin Lamb

လုံးဝအမိုက်စား Wildlife Photography ဖြစ်လွန်းနေပါတယ်။ မသိရင် ငါးကလေးကို ကမ္ဘာကြီးတစ်ပတ်လိုက်ပြတော့မယ့် ဒီဇိုင်းနဲ့

READ
အဘွားအိုနဲ့ အချစ်တော် Shiba Inu ခွေးလေးတို့ရဲ့ ကြည်နူးဖွယ်ရာ ပုံရိပ်ကလေးများ
Michelle Sobek

နေ့တိုင်း စားပြီးသား ပုတ်သင်ညိုတွေ၊မြွေတွေကို အိမ်တံခါးအရှေ့လာလာချထားတတ်တဲ့ ကိုယ်တော်လေး

Justin Singleton

ရေအောက်ရောက်တုန်းလေး ဓာတ်ပုံရိုက်မိပါတယ်။ ကင်မရာရှေ့ဘလိုင်းကြီးလာလာကြည့်နေတဲ့ ငါးကလေး

Martina Andrés

တောတွင်း Camp တစ်ခုမှာ ကားထဲအိပ်နေတုန်း ညသန်းခေါင်ကြီး အသံကြားလို့ ကြည့်လိုက်တော့…

Carly Muench

သမင်အနောက်ကလိုက်နေတာ ကျားမဟုတ်ဘူး။ ကျားဆရာကြောင်ကွ

Madi Hagen

ရုတ်တရက်ကြည့်လိုက်ရင် တစ်ရှုးကြီးညိနေသလိုလိုနဲ့ တကယ်တော့ သူကမစင်စွန့်နေတာကိုး

Michelle Schwartz

တစ်ခ့တစ်ခါမစင်စွန့်ရင် တောင်ပို့ကြီးတစ်ခုစာလောက်ရှိတယ်

Mike Redding

ဒီလောက်နှေးနှေးလေးသွားနေတာတောင် Focus ပြတ်အောင် မရိုက်နိုင်ဘူး။ တော်တော်အသုံးမကျတဲ့လူလို့ ခရုလေးတွေးနေမှာ

Deanne Poschwatta

Pyi Hein Kyaw

SHARE