မွေးရပ်မြေကို ပျံသန်းရတဲ့ ခရီးစဉ်မှာ ပရိသတ်တွေကို သီချင်းဆိုဖျော်ဖြေခဲ့တဲ့ လေယာဉ်မှုး

ပေါ်တိုရီကိုနိုင်ငံသား လေယာဉ်မှုးတစ်ဦးဟာ ၁၀နှစ်အတွင်း သူ့မွေးရပ်မြေကို ပထမဆုံးမောင်းနှင်ပျံသန်းရတဲ့ ခရီးစဉ်အတွက် အချိန်အတော်ကြာ စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့ပါတယ်။ အတ္တလန်တိတ်သမုဒ္ဒရာကို မဖြတ်ခင်မှာပဲ လေယာဉ်မှုး Willie Moraleဟာ သူ့လေယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည်တွေကို သူ့ရဲ့ပွဲဦးထွက် ဆဲလ်ဆာတေးဂီတအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်နဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

DailyMail

ဆယ်စုနှစ်တစ်ခုကြာ တခြားနိုင်ငံများကို လေယာဉ်မောင်းနှင်ပျံသန်းခဲ့ရတဲ့ Willie Moraleဟာ နောက်ဆုံးမှာတော့ ပေါ်တိုရီကိုနိုင်ငံ Ft. Lauderdaleမြို့ကနေ San Juanမြို့ကိုပျံသန်းတဲ့ Spirit လေကြောင်းလိုင်းရဲ့ Flight 301ကို မောင်းနှင်ဖို့တာဝန်ကျတဲ့ သတင်းကိုရရှိခဲ့ပါတယ်။

Facebook
Facebook
Facebook

Spiritလေကြောင်းလိုင်းမှာ အလုပ်ဝင်တာ (၆)လ (၇)လဝန်းကျင်သာရှိသေးတဲ့ Moraleဟာ စိတ်လှုပ်ရှားပျော်ရွှင်လွန်းတာကြောင့် ကောင်းကောင်းအိပ်မပျော်ခဲ့ဘူးလို့ လေယာဉ်ပေါ်မှာ ကြော်ငြာခဲ့ပါတယ်။
သူ့ရဲ့လေကြောင်းကပ္ပတိန်ကတော့ သူ့ကိုတစ်ခုပဲ ညွှန်ကြားခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ “defying gravity” လို့အမည်ရတဲ့ ပထမဆုံးအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ကို ဆိုပြဖို့ပဲဖြစ်ပါတယ်။
ဆဲလ်ဆာဂီတလေယာဉ်မှုး Wille Moraleဟာ ညွှန်ကြားချက်အတိုင်း အကောင်းဆုံးသီဆိုဖျော်ဖြေခဲ့ပြီး သူ့ရဲ့လက်တန်းဂီတဖျော်ဖြေပွဲလေးမှာ သူတို့ကျွန်းစုနိုင်ငံရဲ့ပြင်ပရောက်ရှိနေထိုင်နေကြတဲ့ ပေါ်တိုရီကိုနိုင်ငံသားတွေကို ရည်ညွှန်းထားတဲ့ “The dream of a Puerto Rican”ဆိုတဲ့ သီချင်းလေးကိုထပ်ဖျော်ဖြေခဲ့ပါသေးတယ်။

READ
လက်ထပ်ခွင့်တောင်းတာ ငြင်းဆန်လို့ တပည့်ဆရာဝန်မလေးကို ခေါင်းဖြတ်ခဲ့တဲ့ ဆရာဝန်
Facebook

စိတ်လှုပ်ရှားနေတဲ့ Morales က “ကျွန်တော့်ရဲ့နိုင်ငံကို ပြန်ချင်ခဲ့ပေမယ့် ကျွန်တော်ဆန္ဒရှိတိုင်း လိုက်လုပ်လို့မရတဲ့ ကိစ္စတွေကြောင့် ပြန်ဖို့ အတော်ကိုခက်ခဲခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
“အိမ်ကိုလွမ်းတဲ့စိတ်က အရမ်းကြီးတယ်။ ပေါ်တိုရီကိုသားတိုင်း သိမှာပါ။ ကျွန်တော်တို့ အိမ်နဲ့တူတဲ့နေရာ၊ မိခင်မြေနဲ့တူတဲ့နေရာ ဘယ်မှာမှမရှိပါဘူး”

Facebook
Facebook

ဇွန်လ၁ရက်နေ့က ဖြန့်ချီခဲ့တဲ့သူ့ရဲ့ တေးအယ်လ်ဘမ်မှာ တေးသီချင်း၁၂ပုဒ်ပါဝင်ပြီး ကာရစ်ဘီယန်ကျွန်းတွေက ဆဲလ်ဆာဂီတကျော်အမော်တွေဖြစ်တဲ့ Gilberto Santa Rosa နဲ့ Victor Manuelle တို့ရဲ့ တေးသီချင်းတွေကို တီးခတ်ဖန်တီးပေးသူတွေနဲ့ သူ့အခေတ်အခါတုန်းက လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ Celia Cruz နဲ့ Hector Lavoeတို့ပါဝင်ခဲ့တဲ့ The Fiana All Stars တေးဂီတအဖွဲ့နဲ့ လက်တွဲခဲ့တဲ့တေးရေးဆရာတွေလည်း ပါဝင်ရေးသားပေးခဲ့ကြပါတယ်။
သူ့ရဲ့ဖျော်ဖြေမှုဟာ လူအများကြားနာမည်ကြီး ပျံ့နှံ့သွားခဲ့ပြီး Moraleရဲ့ Facebookအကောင့်မှာလည်း follower ကန့်သတ်ချက်ကျော်တဲ့အထိ ပရိသတ်တွေ တဟုန်ထိုးတက်လာခဲ့ပါတယ်။ သူ့ပရိသတ်အသစ်တွေအတွက် fan pageပါ ဖွင့်ရတဲ့အထိဖြစ်သွားခဲ့ပါတယ်။

READ
20 ခန့်ရှိတဲ့ ဓားစာခံတွေကို သုတ်သင်သည့် IS တို့၏ ဗွီဒီယိုတစ်ခု ထွက်ပေါ်လာပြန်

Sam

Source: DailyMail

SHARE