(၉၁၁)ကို ဖုန်းဆက်ပြီး ဆေးရုံကားခေါ်တာ ရဲကားရောက်လာပြီး အဖမ်းခံခဲ့ရတဲ့အဖြစ်

YouTube/ABC 30 Action News

ဝက်ရူးပြန်တယ်ဆိုတာ တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ ရောဂါတစ်ခုပါ။ ဖြစ်ဖြစ်ချင်း ကုသဖို့အချိန်မမှီရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။ ဝက်ရူးပြန်ပြန်ချင်း ဆေးရုံကားအချိန်မှီမရောက်တာပဲဖြစ်ဖြစ်၊ နီးစပ်ရာဆေးရုံဆေးခန်းကို အချိန်မှီမရောက်ရင်ပဲဖြစ်ဖြစ် အသက်ပါဆုံးရှုံးနိုင်ပါတယ်။ ဒါပေမယ့် Lourdes Ponce လို့ အမည်ရတဲ့ မိခင်တစ်ယောက်ကတော့ သူမရဲ့သား ဝက်ရူးပြန်နေတာ သိသိချင်းဆေးရုံကားကို ဖုန်းဆက်ခေါ်ခဲ့သော်လည်း ဆေးရုံကားအစား ရဲကားရောက်လာပြီး သူမသားဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Unilad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

YouTube/ABC 30 Action News

ဖြစ်စဉ်ကတော့ Lourdes တို့ သားအမိသုံးယောက် California ပြည်နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ သွားစားရင်းက ဇာတ်လမ်းစတာပါ။ Lourdes ဟာ အိမ်သာသွားတဲ့ သူမသားဖြစ်သူကို အိမ်သာတံခားပေါက်ဝမှာ အကြာကြီး မတ်တပ်ရပ်စောင့်နေရင်းနဲ့ အိမ်သာထဲကနေ အသံတွေကြားနေရပါတယ်။ အဲဒီအချိန်မှာ Lourdes သိလိုက်တာက သူ့သား ဝက်ရူးပြန်နေပြီဆိုတာပါပဲ။ ဒါကိုသိသိချင်း Lourdes ဟာ သမီးဖြစ်သူကို 911 အရေးပေါ်ဌာနကို အကြောင်းကြားပြီး ဆေးရုံကားခေါ်ခိုင်းပါတယ်။

READ
ဆေးရုံကိုဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်တဲ့ အမျိုးသားကို ထောင်ဒဏ်ချမှတ်

ခဏလဲကြောတော့ ဆေးရုံကားအစား ရဲကားကြီးရောက်လာပါတယ်။ ရဲတွေဟာ ရောက်ရောက်ချင်း ကားပေါ်ကာဆင်းပြီးတာနဲ့ တစ်ပြိုင်နက် Lourdes ရဲ့ သားဖြစ်သူကို လက်ထိပ်ခတ်လိုက်ပြီး သူတို့နဲ့ အတူတူလိုက်ခဲ့ဖို့ ပြောခဲ့ပါတယ်။ Lourdes ဟာ သူမသားက ဘာမှ မလုပ်ကြောင်း၊ အခုကလဲ ဝက်ရူးပြန်နေတာဖြစ်လို့ ဆေးရုံကာားလွှတ်ဖို့ အရေးပေါ်ဌာနကို ဖုန်းဆက်ခဲ့ကြောင်း ရဲတွေကို ရှင်းပြပါတယ်။ အဲဒီအချိန်မှာပဲ Lourdes ရဲ့သားဖြစ်သူဟာ ကြောက်လန့်ပြီး အန်ချလိုက်ပါတယ်။ နောက်ဆုံး ရဲတွေဟာ Lourdes ရှင်းပြတာကို လက်မခံပဲ သားဖြစ်သူကို လက်ထိပ်ခတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

YouTube/ABC 30 Action News

“ကျွန်မလဲ မစဉ်းစားတတ်အောင်ပါပဲ။ သားလေးကို ဖမ်းခေါ်သွားချင်းချင်း ကျွန်မလဲ အိမ်ပြန်ပြေးပြီး သားက ဝက်ရူးပြန်ရောဂါရှိကြောင်း ဆေးထောက်ခံစာတွေယူပြီး ရဲစခန်းလိုက်သွားမှ ဆေးရုံကို လိုက်ပို့ပေးတယ်။ နောက်တစ်နေ့ဆေးရုံကို ရဲတွေရောက်လာပြီး သားလေးကို မဖမ်းဆီးကြောင်း မှတ်တမ်းတစ်ခုလာပေးတယ်။ သားကတော့ အခုထိဆေးရုံမှာပဲ။ ဘယ်တော့မှ ဆင်းရမလဲ မသိသေးဘူး” လို့ Lourdes က ABC 30 Action News သတင်းဌာနကို ပြောပြခဲ့ပါတယ်။

READ
အိမ်နီးနားချင်းရဲ့ ဆယ်ကျော်သက်ဇနီးနဲ့ ဖောက်ပြန်ပြီး ကိုယ်ဝန်ရကာမှ တွင်းထဲကိုတွန်းချခဲ့သူ
YouTube/ABC 30 Action News

Pyi Hein Kyaw

SHARE