Netflix ရဲ့ လူကြည့်အများဆုံး Limited Series ဖြစ်လာတဲ့ The Queen’s Gambit

instagram/the.queensgambitnetflix

ယနေ့အချိန်ထိ Netflix ရဲ့ အကြီးကျယ်ဆုံး scripted limited series ဟာ အိမ်ထောင်စုပေါင်း ၆၂သန်းက အားပေးကြည့်ရှုခဲ့ကြတဲ့ The Queen’s Gambit ရုပ်ရှင်စီးရီးပဲဖြစ်ပါတယ်။ စီးရီးထဲမှာတော့ စစ်တုရင်ကစားသမားအကျော်အမော် Beth Harmon အဖြစ် Anya Taylor-Joy က ပါဝင်သရုပ်ဆောင်ထားပါတယ်။

The Queen Gambit ကို အောက်တိုဘာ ၂၃ရက်မှာ စတင်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ၄င်းဟာ Walter Tevis ရဲ့ ဝတ္ထုအပေါ် အခြေခံရိုက်ကူးထားတာပါ။ Scott Frank ဇာတ်ညွှန်းရေး ရိုက်ကူးကာ Allan Scott (Don’t Look Now) နဲ့ ပူးတွဲဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ စစ်တုရင်ပါရမီရှင် မိဘမဲ့ကလေးတစ်ယောက်ရဲ့ဘဝကိုပုံဖော်ထားပါတယ်။ စစ်အေးခေတ်ကာလကို အခြေခံထားတာဖြစ်ပြီး စစ်တုရင်ကစားနည်းကို စွဲလန်းလွန်းတဲ့ ပါရမီရှင် Harmon ရဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး စစ်တုရင်ကစားသမားဖြစ်ဖို့ အိပ်မက်ကို ရိုက်ကူးထားတာပါ။

Episode ပေါင်း (၇) ခုရှိတဲ့ The Queen Gambit ဟာ နိုင်ငံပေါင်း (၉၂)နိုင်ငံရဲ့ လူကြည့်အများဆုံး top10 ထဲပါဝင်နေပြီး အင်္ဂလန်၊ အာဂျင်တီးနား၊ အစ္စရေးနဲ့ တောင်အာဖရိကတို့ အပါအ၀င် နိုင်ငံပေါင်း (၆၃) နိုင်ငံမှာတော့ နံပတ်(၁)နေရာမှာရှိနေတာပါ။ The Queen Gambit ဒရာမာကြောင့် စစ်တုရင်ကစားနည်းကို လူတွေက ပိုမိုစိတ်ဝင်စားလာကြပါတယ်။ Google မှာလည်း စစ်တုရင်ကစားနည်းရှာဖွေမှုတွေဟာ နှစ်ဆတိုးလာသလို စစ်တုရင်ကစားကွက်ဘုတ်ပြားတွေဟာလည်း ebay မှာ ၂၅၀ ရာခိုင်နှုန်းအရောင်းတက်လာပါတယ်။ ဒါ့အပြင် Chess.com မှာလည်း ကစားသူလူသစ်အရေအတွက်ဟာ ငါးဆခန့်တိုးလာကြောင်း သိရပါတယ်။

Netflix VP Original Series မှ Peter Friedlander ဆိုသူကတော့  ဒါရိုက်တာ Scott ဟာ ဇာတ်ညွှန်းရော ရိုက်ကူးရေးပိုင်းကိုပါ အစွမ်းပြသွားခဲ့တာဖြစ်ပြီး ဒရာမာကို အသေးစိတ်ရုပ်လုံးပေါ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုသွားပါတယ်။ Scoot ဟာ ရုပ်ရှင်အဖွဲ့သားတွေဆီကလည်း အကူအညီအများကြီးရခဲ့ပါတယ်။ အဝတ်အစားဒီဇိုင်နာ Gabriele Binder ကလည်း Harmon ရဲ့ အဝတ်အစားတွေကို စစ်တုရင်ကွက်ဆန်ဆန် အဖြူ၊အနက်၊ အညိုရောင်တွေနဲ့ ထူးထူးခြားခြားဖြစ်အောင် ဒီဇိုင်းဖန်တီးခဲ့ပါတယ်။ ဒါ့ပြင် တေးရေးဆရာ၊ ဒယ်ဒီတာ၊ ထုတ်လုပ်ရေးဒီဇိုင်နာတွေ၊ ရိုက်ကူးရေးပညာရှင်စတဲ့ အဖွဲ့သားတွေဟာ အားလုံးပူးပေါင်းပြီး ဒရာမာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ပံ့ပိုးပေးခဲ့ကြောင်းလည်း သိရပါတယ်။

READ
ထူးထူးခြားခြား မော်ဒယ်ဘ၀ကို ပိုင်ဆိုင်ထားသူများ

ShweMom

SHARE