
ပြီးခဲ့တဲ့ တစ်ပတ်က ဆိုရှယ်မီဒီယာမှာ အိမ်ပေါ်ကို ဥက္ကာခဲပျံကျလာလို့ အဆိုပါ ဥက္ကာခဲပျံကို ရောင်းပြီး သူဌေးဖြစ်သွားတဲ့ အင်ဒိုနီးရှားက အမျိုးသားတစ်ယောက်ကိုတော့ တော်တော်များများ မှတ်မိကြမှာပါ။ အဆိုပါသတင်းကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက Shwemom မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အခုအချိန်မှာတော့ အဆိုပါ အမျိုးသားဟာ အများထင်နေသလို အမေရိကန်ဒေါ်လာ ၁.၇ သန်း ရရှိခဲ့တာ မဟုတ်ပဲ အမေရိကန်ဒေါ်လာ ၁၄,၀၀၀ ခန့်သာ ရရှိခဲ့တာဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့တယ်လို့ Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
Tiba tiba batu hitam jatuh dari langit
Bikin kagettttt……..
Tp apa pun itu mudah2an pertanda baik buat keluarga kami….Posted by Josua Hutagalung on Saturday, August 1, 2020
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားပြည်နယ်ရှိ Kolan မြို့မှ Josua Hutagalung လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ရဲ့ နေအိမ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ ညပိုင်းက ဥက္ကာခဲပျံတစ်ခု ကျရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါ ဥက္ကာခဲကို အမေရိကန်နိုင်ငံရှိ ဥက္ကခဲ သုတေသန ပညာရှင်တစ်ဦဖြစ်တဲ့ Jay Piatek က အမေရိကန်ဒေါ်လာ ၁.၇ သန်းပေးပြီး ဝယ်ယူခဲ့ကာ Arizona Sate University ရှိ ပြတိုက်မှာ သိမ်းဆည်းခဲ့ပါတယ်။ အခုအချိန်မှာ Josua ဖက်ကနေ တရားဝင်ပြောကြားခဲ့တာကတော့ သူဟာ Jay Piatek ဆီကို အဆိုပါ ဥက္ကာခဲပျံရောင်းချတယ်ဆိုတာ သူမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
“အဲဒီဥက္ကာခဲကို ကျွန်တော်ဆီက လာဝယ်သွားတဲ့လူက Bali က အမေရိကန်လူမျိုးတစ်ယောက်ပါ။ အဲဒီဥက္ကာခဲအတွက် အမေရိကန်ဒေါ်လာ ၁၄,၀၀၀ ရယ်၊ အိမ်ခေါင်မိုးပြင်ဖို့စရိတ် အမေရိကန်ဒေါ်လာ ၉၀၀ သာပေးပြီး ဝယ်ယူသွားခဲ့တာပါ။
ကျွန်တော့်လို လူမျိုးအတွက် အဲဒီလောက်ပိုက်ဆံက တော်တော်ကြီးကို များပြားပါတယ်။ ဒါ့ကြောင့် ကျွန်တော်ရောင်းလိုက်တာပါ။ အခုပြန်ကြားရတဲ့ သတင်းက အဲဒီဥက္ကာခဲပျံကို ဥက္ကာခဲ သုတေသန ပညာရှင် Jay Piatek လို့ အမည်ရတဲ့လူက အမေရိကန်ဒေါ်လာ ၁.၇ သန်းနဲ့ ဝယ်တယ်လို့ သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။ အဲဒီပိုက်ဆံက ကျွန်တော်ရတာ မဟုတ်သလို Jay Piatek ဆီကိုလည်း တိုက်ရိုက်ကျွန်တော်ရောင်းတာ မဟုတ်ပါဘူး။ ကျွန်တော်ထင်တာကတော့ ကျွန်တော်အလိမ်ခံလိုက်ရပြီလို့ ထင်ပါတယ်”လို့ Josua က Next Shark သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw