ရုပ်သံအစီအစီအစဉ်တွေမှာ အမျိုးသမီးအနုပညာရှင်တွေ seat belt သေချာမပတ်တာဒါကြောင့်ပါ

koreaboo

တောင်ကိုရီးယား ရုပ်သံအစီအစဉ်တွေကို ကြည့်ရှုကြတဲ့ ပရိသတ်တွေကတော့ အဲဒီအစီအစဉ်တွေမှာ အမျိုးသမီးအနုပညာရှင်တွေ ကားစီးတဲ့အခါ seatbelt ကိုသေချာမပတ်ထားပဲ လက်မောင်းဒါမှမဟုတ် ဗိုက်နေရာမှာ ပတ်ထားတတ်ပါတယ်။ ဒီလိုမျိုး seatbelt သေချာမပတ်ရတဲ့ အကြောင်းကတော့ သူတို့ရဲ့ ခန္ဓာကိုယ်က ကင်မရာချိန်ထားတဲ့ နေရာနဲ့ အရမ်းနီးကပ်နေတာကြောင့်ပါ။

koreaboo

seatbelt ကို ရင်ဘတ်ပေါ်ကနေ သေချာသိုင်းပြီးပတ်လိုက်ရင်တော့ ရင်သားပုံစံပေါ်သွားမှာကြောင့်ဖြစ်ပါတယ်။ လူတွေက ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ ရိုင်းစိုင်းတဲ့ ကွန်းမန့်တွေပေးတာကို ရှောင်ရှားဖို့အတွက် ရုပ်သံလွှင့်အစီအစဉ်တွေမှာ seatbeltတွေကို အခုလိုမျိုး ဝတ်ကြတာဖြစ်ပါတယ်။ ရုပ်သံလွှင့်ကော်မတီကတော့ ဒီလိုအပြုအမူမျိုးဟာ ယာဉ်စီးကမ်းချိုးဖောက်တာပဲလို့ ဖေါ်ပြခဲ့ပါတယ်။

koreaboo

ဒါပေမဲ့လည်း အမျိုးသမီးအနုပညာရှင်တွေကတော့ လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ ကွန်းမန့်တွေရမှာကြောက်တာကြောင့် ရုပ်သံအစီအစဉ်ရိုက်တဲ့အခါ seatbelt တွေကို လက်မောင်းနဲ့ ဝမ်းဗိုက်နေရာတွေမှာ ပတ်ပြီး ဝတ်နေဆဲဖြစ်ပါတယ်။

READ
ချစ်စရာဗီဒီယိုဖိုင်လေးတွေနဲ့ အသဲယားအောင် လုပ်လိုက်တဲ့ သွန်းဆက်
koreaboo

Source: Koreaboo

SHARE