အများသုံးအိမ်သာတံခါးတွေမှာ ဘာလို့အောက်ခြေလွတ်ထားလဲ သိကြလား

Pixabay-myjanitors

အများသုံးအိမ်သာတွေသွားတဲ့အခါတိုင်း တံခါးအောက်ခြေက ၃ပုံ ၁ပုံက အမြဲလွတ်နေတာကို တော်တော်များများတွေ့ဖူးကြမှာပါ။ အဲဒီလို အလွတ်ထားကြတာကို တော်တော်များများက ဘာလို့ အလွတ်ကြီးထားထားတာလဲလို့ စဉ်းစားမရဖြစ်ဖူးကြမှာပါ။ အဲဒီလို အများသုံးအိမ်သာတွေမှာ အောက်ခြေတံခါးကို ဘာလို့အလွတ်ကြီးထားထားသလဲဆိုတာကို Bright Side သတင်းဌာနက ဖတ်ဖူးတဲ့သတင်းတစ်ပုဒ်ကို မှီမြ်းပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

Freepik/RD

၁။ သန့်ရှင်းရေးလုပ်ဖို့ လွယ်ကူခြင်း

ဒီလို အများသုံးအိမ်သာဆိုတာ သန့်ရှင်းရေး ခဏခဏလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလို သန့်ရှင်းရေးလုပ်ရင် တံခါးအပြည့်ကြီးပိတ်ထားတဲ့အခါ တံခါးကို မကြာခဏပိတ်လိုက် ဖွင့်လိုက်လုပ်နေရတာ အလုပ်ရှုပ်ပါတယ်။ ဒါ့ကြောင့် ကြမ်းတိုက်တံကို တံခါးအောက်ခြေလွတ်နေတဲ့နေရာထဲ အလွယ်တကူထည့်ကာ သန့်ရှင်းရေးကို အမြန်ပြီးစီးအောင် လုပ်ဆောင်နိုင်ပါတယ်။

၂။ အိမ်သာတတ်ရင်း တစ်ခုခုဖြစ်ပြီး မေ့လဲသွားရင် အလွယ်တကူတွေ့နိုင်ခြင်း

အိမ်သာတံခါးအောက်က အောက်ခြေလွတ်ထားတာကြောင့် အိမ်သာဝင်နေရင်း အကြောင်းတစ်ခုခုကြောင့် မေ့လဲနေရင် အောက်ကနေ အလွယ်တကူမြင်တွေ့ပြီး ကယ်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ တံခါးအပြည့်နဲ့ဆိုရင်တော့ အထဲမှာ ဘာဖြစ်လို့ဖြစ်မှန်းမသိနဲ့ အခက်တွေ့စေမှာ ဖြစ်ပါတယ်။

READ
သင့်ဘာကြောင့် ဆင်းရဲနေသေးတာလဲ ...? (ဆင်းရဲခြင်းရဲ့ အကြောင်းအရင်းများ)
Freepik/CBC

၃။ လူရှိ၊ မရှိ အလွယ်တကူကြည့်နိုင်ခြင်း

အိမ်သားတံခါးအပြည့်နဲ့ဆိုရင် လူရှိမှန်းမရှိမှန်း အလွယ်တကူမသိနိုင်ပါဘူး။ တံခါးခေါက်ကြည့်ရုံနဲ့လဲ အထဲကလူက ကြားခြင်မှ ကြားနိုင်တာပါ။ တစ်ခါတလေကိုယ်တံခါးခေါက်တာ အထဲကလူကမကြားမိ၊ ကိုယ်ကလည်း လူမရှိဘူးအထင်နဲ့ တံခါးဆွဲဖွင့်၊ ဂျက်ကလည်းအထဲကလူက ချဖို့မေ့နေရင်တော့ မျက်နှာပူစရာတွေ ဖြစ်ကုန်မှာပါ။

၎။ တံခါးဂျက်ကျနေရင် အလွယ်တကူထွက်နိုင်ခြင်း

ကံမကောင်းစွာနဲ့ ကိုယ်အိမ်သာဝင်ပြီးပြန်ထွက်မယ့်အချိန် အိမ်သာတံခါးဂျက်က လော့ခ်ကျနေရင် အောက်ကနေအသာလေးလျိုထွက်လို့ ရပါတယ်။ တံခါးအပြည့်ကြီးနဲ့ဆိုရင်တော့ အားနဲ့တိုက်ဖွင့် ဒါမှမဟုတ်အရေးပေါ်ကို ဖုန်းဆက်မှပဲ ရပါမယ်။

၅။ အိမ်သာသုံးစက္ကူကို အလွယ်တကူတောင်းနိုင်ခြင်း

အိမ်သာဝင်နေရင်းနဲ့ အိမ်သာသုံးစက္ကူကုန်သွားပါက အပြင်က တစ်ယောက်ယောက်ဆီကို အိမ်သာသုံးစက္ကူလှမ်းတောင်တဲ့အချိန်ကြရင် တံခါးအောက်ခြေလွတ်နေပါက အလွယ်တကူ လှမ်းတောင်းလို့ ရပါတယ်။

Pyi Hein Kyaw

SHARE