ဂျပန် ဘူတာရုံတွေဆီက စိတ်ဝင်စားစရာ အမှတ်အသားနဲ့ လှေကားထစ်တွေအကြောင်း

twitter/a0s4u0k2a1

ဂျပန်နိုင်ငံကို ပထမဆုံးအကြိမ် အလည်သွားကြမယ့် လူတွေအဖို့တော့ တွေ့သမျှ အရာတိုင်းဟာ အထူးအဆန်းတွေချည်း ဖြစ်နေမှာပါ။ အခုဖော်ပြပေးမယ့်အကြောင်းအရာကတော့ ဂျပန်နိုင်ငံက ရထားဘူတာရုံတွေမှာ တွေ့ရတတ်တဲ့ လှေကားထစ်တွေပဲ ဖြစ်ပါတယ်။ Soranews24 သတင်းစာမျက်နှာကနေ ကောက်နုတ်ထားပါတယ်။

ဂျပန်ရဲ့ အထင်ကရ ဘူတာရုံကြီးတွေမှာ အနီနဲ့ အ၀ါလိုင်းတိုတွေကို အမှတ်အသားပြုထားတဲ့ လှေကားထစ်တွေကို တွေ့နိုင်ပါတယ်။ တွစ်တာအသုံးပြုသူ @a0s4u0k2a1 အရ လှေကားထစ်တွေပေါ်က အနီ၊ အ၀ါအမှတ်အသားတွေရဲ့ အဓိပ္ပါယ်ဟာ အခုလို ဖြစ်ပါတယ်။

 

 

“ဒါကတော့ ဂျပန် ရထားဘူတာရုံတွေမှာ တွေ့ရမယ့် အနီနဲ့ အ၀ါအမှတ်အသားတွေပါ။ အမြင်အာရုံချို့တဲ့သူတွေအဖို့ ကျေးဇူးတင်စရာကောင်းတဲ့ အမှတ်အသားတွေပေါ့။ ကျွန်တော်က မျက်လုံးစွေတဲ့အပြင် မျက်လုံးအမြင်လည်း ၀ါးပါတယ်။ လှေကားလက်ရန်းတွေ ရှိနေရင်တောင် ကျွန်တော့်အတွက် လှေကားတွေက မြင်ရတာ တွန့်လိမ်နေပါတယ်။ ဒါကြောင့် လှေကားတစ်ခုကို ကျွန်တော့်ဘာသာ အတက်အဆင်းလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။..”

READ
အောင်မြင်သူတွေ ဘာကြောင့်ဝတ်စုံတစ်မျိုးထဲကိုပဲ စွဲစွဲမြဲမြဲဝတ်တာလဲ?

“…ဒါပေမယ့် ဒီလို အနီနဲ့ အ၀ါအမှတ်အသားတွေပါရင်တော့ ကျွန်တော်တစ်ယောက်တည်းလည်း လှေကားအဆင်းအတက် လုပ်ရတာ အဆင်ပြေတယ်။ ဘေးကင်းတာပေါ့ဗျာ။ ဒါကြောင့် ဒီအမှတ်အသားတွေရဲ့ အဓိပ္ပါယ်ကို တခြားလူတွေကိုလည်း သိစေချင်ပါတယ်…”

မျက်လုံးအမြင်စွေစောင်းပြီး အမြင်ေ၀၀ါးသူတွေအဖို့ လှေကားထစ်တွေ အတက်အဆင်းပြုလုပ်တဲ့အခါ ဒုက္ခရောက်ကြပါတယ်။ အတက်မှာ သိပ်မဆိုးလှပေမယ့်လည်း အဆင်းမှာတော့ လှေကားတွေက သူတို့အမြင်မှာ လိမ်လိမ်ကောက်ကောက်တွေဖြစ်နေတဲ့အတွက် လှေကားထစ်တွေပေါ် ခြေမချရဲကြပါဘူး။ ဒါကြောင့် အမြင်အာရုံချို့ယွင်းသူတွေအဖို့ ဘေးနားကိုင်ဖို့ လှေကားလက်ရန်းတွေ ရှိနေရင်တောင် အောက်ဆင်းဖို့ဟာ ချီတုံချတုံဖြစ်နေကြရတာ ဖြစ်ပါတယ်။ ဒီတွစ်တာပို့စ်လေးဟာ ဂျပန်လူမျိုးတွေကြားထဲမှာတော့ ပြန့်နှံ့လျက်ရှိပြီး ဒီအမှတ်အသားတွေနောက်ကွယ်က အိုင်ဒီယာထုတ်လုပ်သူတွေကို ချီးမွမ်းလျက် ရှိနေကြတယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE