ကုမ္ပဏီဝန်ထမ်းတွေအတွက် အင်္ဂါနေ့ဟာ အဆိုးဝါးဆုံးရက်ဖြစ်ကြောင်း သိရ

[email protected]

အမေရိကန်နိုင်ငံရှိ O&G Crunchy Granola သိပ္ပံပညာရှင်အဖွဲ့အစည်းတစ်ခုရဲ့ လေ့လာတွေ့ရှိချက်အရ ရက်သတ္တပတ်မှာ အပတ်စဉ်အင်္ဂါနေ့တိုင်းဟာ ဝန်ထမ်းတွေအတွက် အဆိုးဝါးဆုံးရက်တစ်ရက်ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

Pixabay-mohamed_hassan

ဒီလိုသိနိုင်ဖို့အတွက် O&G Crunchy Granola အဖွဲ့ “Lonergan Research” လို့ အမည်ပေးခဲ့ပြီး လူပေါင်း ၁၀၄၃ ယောက်နဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြောင်း Better Homes သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့လူတွေက သြစတြေီးရီးယားလူမျိုး အသက် ၁၈နှစ်နဲ့ အထက်လူတွေ ဖြစ်ပါတယ်။ အဲဒီလူတွေထဲကမှ သုံးပုံနှစ်ပုံဟာ အင်္ဂါနေ့မနက်တိုင်းကို မုန်းတီးကြောင်း သိရှိခဲ့ရပါတယ်။ ဒါ့အပြင် လူ ၅ ယောက်မှာ ၁ ယောက် နှုန်းကတော့ အင်္ဂါနေ့တိုင်း အလုပ်မှာ စိတ်ဖိစီးမှုအများဆုံးနဲ့ အမှားအများဆုံး လုပ်မိလေ့ရှိကြောင်း ပြောပြခဲ့ပါတယ်။

READ
စိတ်ညစ်ရင်၊စိတ်ဓါတ်ကျရင် နားထောင်သင့်တဲ့ သီချင်းများ..
Pixabay-PublicDomainPictures

ဒါ့အပြင် အင်္ဂါနေ့မနက်တိုင်းမှာ အလုပ်နောက်မကျအောင် နှိုးစက်ကို အသုံးအများဆုံးဖြစ်ကြောင်း သိရပါတယ်။  ANZ Bank နဲ့ iiNet တို့လို ကုမ္ပဏီအကြီးစားတွေမှာလည်း အင်္ဂါနေ့တိုင်းဟာ နှစ်တိုင်း ခွင့်ယူမှုအများဆုံးနေ့ဖြစ်နေခဲ့ပါတယ်။စစ်တမ်းအရတော့ အပတ်စဉ်အင်္ဂါနေ့တိုင်းဟာ ဝန်ထမ်းတော်တော်များများအတွက် တကယ့်ကို အိပ်မက်ဆိုးကြီးတစ်ခုဖြစ်ကြောင်း လေ့လာတွေ့ရှိချက်အရ သိခဲ့ရပါတယ်။

Pyi Hein Kyaw

SHARE