ဆင်တွေဝန်းရံနေတဲ့ဖန်လုံအိမ်လေးထဲနားခိုနိုင်မယ့် ထိုင်းနိုင်ငံကသဘာဝဟိုတယ်လေး

The Anantara Golden Triangle Elephant Camp & Resort

ထိုင်းနိုင်ငံကတော့ လုံးဝအသက်ရှုမှားနိုင်လောက်တဲ့ သဘာဝရှုခင်းတွေရယ်၊ သစ်တောကြီးတွေရယ်၊ နေလို့ကောင်းတဲ့ ရာသီဥတုတွေရယ်ကြောင့် နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ ထိုင်းနိုင်ငံရဲ့ နေရာတော်တော်များများဟာ သစ်တောတွေနဲ့ ဖုံးလွှမ်းနေတာဖြစ်လို့ အရမ်းကို နေရထိုင်ရတာ သာယာပြီး သဘာဝတရားကြီးက ဖန်ဆင်းပေးထားတဲ့ မရိုးနိုင်တဲ့ ရှုခင်းတွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။ ဒီလိုနေရာမှာ နောက်ထပ်နိဗ္ဗာန်ဘုံလေးတစ်ခု ထပ်ပေါ်လာပါပြီ။

The Anantara Golden Triangle Elephant Camp & Resort

အဲဒ်ီနိဗ္ဗာန်ဘုံလေးရဲ့ နာမည်ကတော့ The Anantara Golden Triangle Elephant Camp & Resort ပဲဖြစ်ပါတယ်။ နေရာကတော့ တောအုပ်ရဲ့ အလယ်တည့်တည့်မှာ ရှိတာဖြစ်ပြီး ဘေးပတ်ပတ်လည်မှာလည်း စိမ်းစိုနေတဲ့ အပင်တွေက ဝိုင်းရံထားပါတယ်။ ဒါ့အပြင် ပတ်ပတ်လည်မှာလဲ ကယ်တင်ပြီးစနစ်တကျမွေးမြူထားတဲ့ ဆင်ကလေးတွေက ဟိုဟို သည်သည်အမြဲသွားလာနေတာကို သဘာဝဆန်ဆန် တွေ့ရမှာ ဖြစ်ပါတယ်။

READ
ချစ်စရာအိမ်လေးတစ်လုံးကို ကားပေါ်တင်ပြီး ခရီးထွက်နေကြတဲ့ ဇနီးမောင်နှံရဲ့ဘဝ
The Anantara Golden Triangle Elephant Camp & Resort

နေရမယ့်အခန်းလေးတွေကတော့ ပူစီဖောင်းပုံစံရှိပြီး Jungle Bubble လို့ ခေါ်ပါတယ်။ အဆိုပါအခန်းတွေကတော့ နည်းပညာမြင့် Polyester Fabric တွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အပြင်ကို တိုးလျှိုပေါက် မြင်နိုင်ပါတယ်။ အခန်းတစ်ခန်းကို ပျမ်းမျှ ၂၂ စတုရန်းပေ ကျယ်ဝန်းပြီ အခန်းထဲမှာ ခုတင်အကြီးတစ်လုံးလဲပါရှိပါတယ်။ အခန်းနဲ့ ဆက်လျက်မှာ ရေချိုးခန်းပါရှိပြီး အပြင်မှာလဲ လူထိုင်လို့ရတဲ့နေရာလေးတစ်ခုပါ လုပ်ပေးထားကြောင်းသိရပါတယ်။

The Anantara Golden Triangle Elephant Camp & Resort

ဒါ့အပြင်မနက်စာ ညစာကို ဘယ်မှသွားစရာမလိုပဲ ဝန်ထမ်းတွေက အခန်းထဲကို လာရောက်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ထမင်းစားရင်းနဲ့ ဆင်တွေရဲ့ ဘဝအစစ်အမှန်နဲ့ သဘာဝတရားကြီးကို ထမင်းစားရင်း အေးဆေးစွာ ခံစားနိုင်အောင်လို့ ဖြစ်ပါတယ်။ ဒီလိုမျိုးလုံးဝမမေ့နိုင်မယ့် အမှတ်တရကို ခံစားဖို့  တစ်ညကို နှစ်ယောက်ပေါင်း ဒေါ်လာ ၅၈၅ ပဲ ကုန်ကျမှာ ဖြစ်ပါတယ်။

READ
စင်္ကာပူမှာ လည်ပတ်စရာနေရာတွေ
The Anantara Golden Triangle Elephant Camp & Resort

Pyi Hein Kyaw

SHARE