ကမ္ဘာ့ချမ်းသာကြွယ်ဝဆုံး အိမ်မွေးတိရိစ္ဆာန်များ

Shwemomပရိသတ်ကြီးအတွက်ဒီတခါဖော်ပြပေးချင်တဲ့အကြောင်းအရာကတော့အခုလိုသိပ္ပံခေတ်ထဲမှာကံတရားဆိုတာကိုယုံကြည်ဖို့ခက်ခဲနေသူတွေဒါမှမဟုတ်ကံဆိုတာကိုယ်တိုင်လုပ်မှဖြစ်တယ်ဆိုတဲ့အချက်တွေနဲ့ သွေဖည်တယ်လို့ပြောလို့ရသလိုလူအပါအ၀င်သက်ရှိသတ္တ၀ါတွေအတွက်ချွင်းချက်တစ်ခုလိုဖြစ်နေတဲ့အကြောင်းအရာလေးကိုပြောပြချင်ပါတယ်။ဒါကတော့ကမ္ဘာ့အချမ်းသာဆုံးအိမ်မွေးတိရစ္ဆာန်တွေအကြောင်းပဲဖြစ်ပါတယ်။သူတို့ရဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးလူတွေအနေနဲ့မနာလိုစိတ်မထားကြပေမယ့်လည်းကမ္ဘာပေါ်မှာဒုက္ခရောက်နေတဲ့၊ဒုက္ခရောက်နေဆဲလူတွေထက်ပိုပြီးဂရုစိုက်ခံရတဲ့ သူတို့ကံတရားကတော့ ထူးခြားဆန်းကြယ်တယ်လို့ဆိုရမှာပါ။

Gunther IV

ဂျာမနီမြို့စားကတော်တစ်ဦးဖြစ်တဲ့  Karlotta Libensteinဟာ၁၉၉၁ခုနှစ်ကကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။သူမရဲ့ပိုင် ဆိုင်မှုအားလုံးဖြစ်တဲ့ ဒေါ်လာ သန်း ၈၀ကို Gunther III အမည်ရှိသူမရဲ့ ခွေးလေးကိုစောင့်ရှောက်ဖို့ သူမယုံကြည်ရ သူတွေထံမှာလွှဲပြောင်းပေးခဲ့ပါတယ်။ခွေးကိုစောင့်ရှောက်ဖို့ ယုံကြည်အပ်နှံခံရသူတွေက ဒီငွေတွေကို ရင်းနှီးမြှုပ်နှံ မှုပြုလုပ်ခဲ့ရာ ဒေါ်လာ၃၇၅သန်းပြန်လည်ရရှိခဲ့ပါတယ်။အခု အဲဒီပိုင်ဆိုင်မှုတွေကို Gunther IIIရဲ့မျိုးဆက်ဖြစ် တဲ့ ခွေးလေး Gunther IVကအမွေဆက်ခံထားပါတယ်။ခွေးလေး  Gunther IVဟာ တော်တော်အလိုလိုက်ခံထား ရတာဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးအိမ်မွေးတိရစ္ဆာန်စာရင်းဝင်ဖြစ်သလို အီတလီနဲ့ ဘဟားမားနိုင်ငံမှာလည်း Villa( ရှေးခေတ် ရောမလူကုံထံအသိုင်းအ၀ိုင်းတွေပိုင်ဆိုင်တတ်တဲ့အိမ်)တွေပိုင်ဆိုင်ထားပါတယ်။ဒါ့အပြင် ၂၀၀၀ ခုနှစ် တုန်းကလည်း ဒေါ်လာ ၇ဒသမ၅သန်းတန်တဲ့ မီယာမီကမ်းခြေက မက်ဒေါနားရဲ့ခွေးလှောင်အိမ်တစ်ခုကို ၀ယ်ခဲ့ပါသေး တယ်။

READ
ဆံပင်ကောင်းလွန်းလို့ လေးလသမီးအရွယ်မှာပင် Ponytail ထားလို့ရနေတဲ့ ကလေးမလေး

 

Grumpy Cat

ဒီကြောင်လေးကတော့အင်တာနက်အသုံးပြုသူတွေကြားမှာ ရေပန်းစား နှစ်သက်ခံရတဲ့ကြောင်လေးဖြစ်ပါတယ်။အမြဲတမ်းစိတ်ဓာတ်ကျနေတဲ့ပုံစံနဲ့မျက်မှောင်ကြုံ့နေပြီးကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ကော်ဖီထုတ်လုပ်သလိုခရစ်မတ်ရုပ်ရှင်တွေလည်းရိုက်ကူးထုတ်လုပ်တဲ့လုပ်ငန်းလည်းပိုင်ဆိုင်ထားပါတယ်။အင်စတာဂရမ်မှာ followers တစ်သန်းနီးပါးရှိပြီးသူ့ရဲ့ကြွယ်ဝ ချမ်းသာမှုကတော့ ဒေါ်လာတစ်သန်းကနေစတင်ခဲ့ပြီးအခုဆိုရင် ဒေါ်လာသန်း၁၀၀တောင်ပိုင်ဆိုင်နေပါပြီ။သူမရဲ့သခင်ရဲ့နောက်ပိုင်းပြောပြချက်တွေအရ ဒါဟာချဲ့ကားလွန်းတယ်လို့ဆိုကြပေမယ့် တကယ်တမ်း Grumpy Catလေးရဲ့ပိုင် ဆိုင်မှုကိုရှင်း ရှင်းလင်းလင်းမသိရပါဘူး။

Toby Rimes

Poodleခွေအမျိုးအစား Tobyလေးရဲ့သခင်ကတော့  နယူးယောက်မိသားစုတစ်စုကနေ ကျန်နေခဲ့တဲ့ Ella Wendelဆိုသူ ပဲဖြစ်ပါတယ်။လူကုံထံအသိုင်းအ၀ိုင်းမှာနေရတဲ့Tobyလေးဟာအိပ်ရင် လေးတိုင်စင်ပါတဲ့သူ့အတွက်သီးသန့်အကောင်းစားကုတင်နဲ့အိပ်ရသလို နယူးယောက်ရဲ့ လူကုံထံ ရိပ်သာဖြစ်တဲ့ Manhattan’s Fifth Avenueမှာနေပါတယ်။ သူညစာစားရင်လည်းချည်ကတ္ထီပါစားပွဲခင်း၊လက်သုတ်ပုဝါတို့နဲ့ပြင်ဆင်ထားတဲ့ ကြေးဝါစားပွဲနဲ့စားရတာပါ။သူ့ရဲ့သခင်ဖြစ်သူ Wendel ဟာ ဒေါ်လာ သန်း ၄၀ ပိုင်ဆိုင်မှုကိုချန်ခဲ့ပြီး ၁၉၃၁ခုနှစ်ကကွယ်လွန်သွားခဲ့တာပါ။

Blackie

ကမ္ဘာ့မှတ်တမ်းတွေထဲကနောက်ထပ်ကမ္ဘာ့အချမ်းသာဆုံးအိမ်မွေးတိရစ္ဆာန်လေးကတော့Blackieအမည်ရှိ ကြောင်လေးပဲဖြစ်ပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ၁၃သန်းရှိပြီး သူ့ရဲ့သခင်ကတော့ ဗြိတိန်အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၁၉၈၈ခုနှစ်မှာကွယ်လွန်သွားတဲ့ Ben Reaဆိုသူဖြစ်ပါတယ်။ ခန့်မှန်းခြေစာရင်းတွေအရ အင်တာနက်စတားဖြစ်တဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်ကြောင်လေး Grumpy Catပြီးရင် နောက်ထပ်ချမ်းသာကြွယ်ဝတဲ့ကြောင်လေးအဖြစ် Blackieလေးကိုသတ်မှတ်ဖို့ ခွင့်ပြုခဲ့ကြပါတယ်။

READ
ဘာဂါဆိုင်က ၀န်ထမ်းတွေ ထိတ်လန့်သွားအောင် မျက်နှာပြောင်ခဲ့တဲ့ အမျိုးသား

Gigoo

ကမ္ဘာ့အချမ်းသာဆုံးအိမ်မွေးတိရစ္ဆာန်တွေထဲမှာတစ်ကောင်တည်းသောစာရင်းဝင်ကတော့Gigooအမည်ရှိကြက်မလေးဖြစ်ပါတယ်။ဗြိတိန်ရဲ့အကြီးဆုံးပုံနှိပ်ထုတ်ဝေတဲ့လုပ်ငန်းပိုင်ရှင် Miles Blackwellဆိုသူ ရဲ့ကြက်ကလေးဖြစ်ပါတယ်။Miles Blackwellဟာသူ့ရဲ့မိသားစုလုပ်ငန်းကို သူမသေခင်ရောင်းခဲ့ပြီး သူ့ဘ၀နေ၀င်ချိန် ရဲ့လက်ကျန်သက်တမ်းမှာ သိုးနဲ့ ကြက်တွေကိုမွေးမြူစောင့်ရှောက်ပြီးနေထိုင်သွားခဲ့တာပါ။Blackwell ၂၀၀၁ခုနှစ်မှာ ကွယ်လွန်တဲ့အခါ ချို့တဲ့ပြီး ဆင်းရဲနွမ်းပါးသူတွေအတွက်ထောက်ပံ့ရေးအသင်းအဖွဲ့တွေကို သူ့ရဲ့ပိုင်ဆိုင်မှုတွေလှူဒါန်းခဲ့ပြီး ကျန်ရှိတဲ့ ပေါင် ၁၀ သန်း (လက်ရှိအမေရိကန်ဒေါ်လာပေါက်ဈေးအရ ဒေါ်လာ၁၅သန်းဝန်းကျင်ရှိသည်)ကိုသူချစ်မြတ်နိုးရတဲ့ကြက်မလေး Gigooအတွက်ထားခဲ့ပါတယ်။

Chunmun

နောက်ထပ်ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်ကတော့ ပေါင်သန်း၄၀နဲ့ချင်ပန်ဇီမျိုးနွယ် မျောက်ကလေးChunmunဖြစ်ပါတယ်။Chunmunရဲ့သခင်ဖြစ်သူဟာမင်းမျိုးမင်းနွယ် ဖြစ်ပြီး Patricia O’Neillဆိုသူဖြစ်ပါတယ်။Chunmunကိုသား တစ်ယောက်လို ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ပြီး အိမ်မှာသေချာစီမံချက်ပြုတ်ထားတဲ့အစားအစာတွေ ပဲကျွေးပါ တယ်။ဒါ့အပြင် ၂၀၁၀ခုနှစ်က Chunmunအတွက် မင်္ဂလာပွဲလည်းကျင်းပပေးခဲ့ပါသေးတယ်။

ChoChoThan(Shwemom)

ref:time.com

SHARE