Instagram Post တစ်ခုအတွက် Cristiano Ronaldo ရတဲ့ ၀င်ငွေပမာဏ

ဘောလုံးသမား Cristiano Ronaldo ကတော့ ဘောလုံးလောကမှာဆိုရင် မသိသူမရှိပါဘူး။Ballon d’Or ဆုကို (၄)ကြိမ်တိုင်တိုင်ဆွတ်ခူးခဲ့သူဖြစ်လို Forbes ရဲ့ အချမ်းသာဆုံးစာရင်းမှာလည်းပါဝင်ခဲ့သူပါ။ Real Madrid မှာ ဆိုရင် သူ့ရဲ့ တစ်ပတ်စာ လစာ(ငှားရမ်းခ)ဟာဆိုရင်ပေါင်(£365,000) ရှိတယ်လို့ သိရပါတယ်။

Cristiano Ronaldo ဟာ သူ့ရဲ့ဘောလုံးခြေစွမ်းတစ်ခုတည်းကနေ ၀င်ငွေေ တွအများကြီးရရှိတာာမဟုတ်ပါဘူး။Followers (၁၁၆)သန်းပိုင်ဆိုင် ထားတဲ့ Ronaldo ဟာ သူ့ရဲ့ Instagram post တစ်ခုကနေ ရတဲ့ ၀င်ငွေပမာဏ ကို သိရင် ပိုပြီးအံ့သြရပါလိမ့်မယ်။HopperHQ ရဲ့ လေ့လာမှုအရ Ronaldo ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေ Brand (သို့)ကုန်ပစ္စည်းတစ်ခုကို ကြော်ြ ငာပေးရုံနဲ့ဝင်ငွေ ( £308,000) ရရှိတယ်လို့ သိရပါတယ်။

Cristiano Ronaldo Nike
သူတင်မဟုတ်ပါဘူး။တခြား ကမ္ဘာကျော်ဆယ်လီဖြစ်တဲ့ Selena Gomez ဆိုရင်လည်း Post တစ်ခုတည်းနဲ့တင်ဝင်ငွေ (£424,000) ရရှိပါတယ်။ Kim Kardashian ဆိုရင် (£385,000)ဖြစ်ပြီး သူတို့ရဲ့ Post တစ်ခုစာဝင်ငွေဟာ Ronaldo ထက်ပိုများပါတယ်။အမေရိကန်ဘတ်စ်ကတ်ဘောကစားသမား Lebron James ကတော့ Ronaldo  ရဲ့နောက် ဒုတိယနေရာမှာရှိပြီး ရတဲ့ ငွေပမာဏကတော့ ( £92,457 )ပါ။

 

READ
(၄-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Football Leaks: The Dirty Business of Football စာအုပ်ထဲက ဖော်ြ ပချင်အရ Saudi telecoms ကုမ္ပဏီ Mobily က Ronaldo  နဲ့ပတ်သက်တဲ့ အခွင့်အရေးကို ကိုင်တွယ်တဲ့ Multisports & Image Management နဲ့ ညှိနှိုင်းခဲ့ပါတယ်။လေးနာရီခွဲလောက် ငှားရမ်းတဲ့ အဲ့ဒီ Service မှာတော့ ဓါတ်ပုံ ရိုက်တာ၊လက်မှတ်ထိုးတဲ့ တီရှပ် ငါးထည်၊သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ကြော်ြ ငာနှစ်ခုတင်ပေးဖို့ တို့ ပါဝင် ပါတယ်။ကြော်ငြာကို အရှေ့အလယ်ပိုင်းနဲ့ မြောက် အာဖရိက တို့မှာပဲ အသုံးပြုခွင့်ပေးခဲ့ပါတယ်။အဲ့ဒီ Service အတွက် Ronaldo နဲ့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ကုမ္ပဏီကို ( £920,000) ပေးခဲ့ရပါတယ်။

READ
(၃၀-၃-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source sportbible

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE