ဆိုရှယ်မီဒီယာပေါ်မှာ လတ်တလော လူပြောများနေတဲ့ ကြက်ဥအခွံနွှာနည်း အသစ်

Twitter/RexChapman

သူများတွေအတွက် လွယ်ကူနေပေမယ့် ကိုယ့်အတွက်ကျမှ ခက်ခဲနေတဲ့ အဖြစ်အပျက်မျိုးကို လူတိုင်း ကြုံဖူးမှာပါ။ ပုံမှန်လုပ်နေကျလူတွေအတွက် အခက်အခဲ မရှိပေမယ့် ကိုယ်လုပ်တော့မှ အခက်တွေ့ပြီး ဒုက္ခရောက်နေချိန်မှာ ” ဒါလေးတောင် မလုပ်တတ်ဘူးလား” ဆိုပြီး အပြောခံရရင် ဘယ်သူမဆို နည်းနည်းတော့ စိတ်ကသိကအောက် ဖြစ်မှာပါ။

ဥပမာ- ကြပ်ဥပြုတ်အခွံနွှာတဲ့ ကိစ္စမှာဆိုပါစို့။  လူတော်တော်များများဟာ ကြက်ဥပြုတ်အခွံနွှာရင် အခွံကိုနည်းနည်းချင်းဆီ ခွာလေ့ရှိပါတယ်။ အချိန်လည်း ပိုကြာပြီး တစ်ခါတစ်လေ အခွံမစင်သလို ၊ ကြက်ဥအလုံးကလည်း ပဲ့ရွဲ့ပြီး ပုံပျက်ပန်းပျက် ဖြစ်တာမျိုးတွေည်း ရှိပါတယ်။ အောက်မှာ ဖော်ပြပေးထားတဲ့ ဗီဒီယိုကတော့ သင့်ကို ပိုလွယ်ကူအောင် လုပ်ပေးနိုင်မှာ အသေအချာပါပဲ။

 

ဒီဗီဒီယိုကိုတော့ Rex Chapman ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်က တင်ခဲ့တာလည်း ဖြစ်ပါတယ်။ တွစ်တာအသုံးပြု သူတွေကြား လတ်တလော အထူးရေပန်းစားနေပြီး ဗီဒီယိုထဲက ကြက်ဥအခွံနွှာနည်းကို လက်တွေ့စမ်းသပ်ကြည့်သူတွေ အများအပြားလည်း ရှိခဲ့ပါတယ်။

READ
မင်္ဂလာပွဲမှာ ကောင်းချီးပေးနေတုန်း ကံဆိုးခဲ့တဲ့ သတို့သားအရံရဲ့ ဖြစ်ရပ်

ဗီဒီယိုမှာ မြင်တွေ့ရတဲ့အတိုင်း ကြက်ဥပြုတ်ကို ရေအနည်းငယ်ဖြည့်ထားတဲ့ ခွက်ထဲမှာ ခလှောက်လိုက်ရုံနဲ့ အခွံက သူ့အလိုလို ကျွတ်သွားပြီး ပုံစံမပျက် စားသုံးနိုင်မှာ ဖြစ်ပါတယ်။

ထူးထူးဆန်းဆန်းနည်းနဲ့ ကြက်ဥအခွံနွှာခဲ့တဲ့ နောက်ထပ်ဗီဒီယိုဖိုင် တစ်ခုပါ။  ဒီနည်းလမ်းလည်းတော်တော် မိုက်ပါတယ်။  ကြက်ဥပြုတ်ရဲ့ ထိပ်နှစ်ဖက်ဆီမှာ အပေါက်ဖောက်ထားပြီး တစ်ဖက်ဖက်ရဲ့ အပေါက်ကို လေနဲ့ မှုတ်ထုတ်လိုက်တာနဲ့ အထဲက  ကြက်ဥဟာ သူ့အလိုလို ထွက်လာမှာပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

 

SHARE